

_____________________________
20June 2014
ဝက်နားရွက်ပြာ ရောဂါကြောင့် ဝက်ကောင်ရေ သုံးထောင်ကျော် သေဆုံးရန်ကုန် ဝက်သား ဈေးကွက်သို့ တင်ပို့ရန် ဝက်မွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်သော တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် ဇွန်လအတွင်း ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားမှုကြောင့် ဇွန်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဝက်ကောင်ရေ သုံးထောင်ခန့် သေဆုံးကြောင်း ဥက္ကာမောင်ဝက် မွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးအောင်က The Voice သို့ ပြောကြားသည်။
ဥက္ကံမြို့တွင် ရောဂါကြောင့် သေဆုံးသော ဝက်များကိုမူ စားသုံးမှုအတွက် ရောင်းချရန် အချို့သော ဝက်ကုန်သည်များက ဝယ်ယူလျက်ရှိကြောင်း ဝက်မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။“ဝက်သေတွေကို မြုပ်ပစ်တာလည်း ရှိပေမယ့် အချို့ကုန်သည်တွေက ဈေးနိမ့်နဲ့ ဝယ်တယ်။ ဒါကို မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက် ဖော်ထုတ်စေချင်တယ်” ဟု ဥက္ကာမောင် ဝက်မွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောကြားသည်။ ဝက်နားရွက်ပြာရောဂါ ကူးစက်ခံရခြင်းမှာ ဈေးကွက်သို့ တင်ပို့ရာတွင် ဝက်ကုန်သည်များက စနစ်တကျ တင်ဆောင်မှု မရှိခြင်း၊ မွေးမြူသူများက တစ်ခြံနှင့် တစ်ခြံ ကူးသန်းသွားလာပြီး ဝက်ခြံများကို သန့်ရှင်းရေး ဆောင်ရွက်မှု အားနည်းခြင်း၊ ရောဂါကူးစက်ခံရသော ဝက်သားများကို စားသုံးခြင်းတို့ကြောင့် ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရှိရသည်။ တိုက်ကြီးမြို့ ဥက္ကံမြို့နယ်တို့တွင် ၂၀၁၁၊ ၂၀၁၂ ခုနှစ်က ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့သောကြောင့် ဝက်ကောင်ရေ ထောင်နှင့်ချီ သေဆုံးကြောင်း ယင်းဒေသခံ ဝက်မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။ (မင်းမင်းအောင်)

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။