ရင်သားကြီးထွားစေရန် ခွဲစိတ်ကုသမှုအတွက် ပြုပြင်ဆဲကာလတွင် တာဝန်ကျအရာရှိနှင့် တွေ့ဆုံရမည့် ရက်ချိန်းကို ပယ်ဖျက်ခဲ့မှုအတွက် ဗြိတိသျှမော်ဒယ်တစ်ဦးသည် ရုံးတော်တွင် ရှင်းလင်းချက်ထုတ် ရမည်ဖြစ်သည်။
“ကျွန်မရဲ့ ရင်သားတွေနဲ့ ရုပ်ရည်သွင်ပြင်က ဥပဒေထက် ပိုအရေးကြီးပါတယ်။ ကျွန်မရဲ့ အသက်မွေး အလုပ်က ဒီအပေါ်မှာ မူတည်နေတာပါ”ဟု ဆိုဖီဒဲဇယ်က The Sun သတင်းစာကို ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ သူမသည် ရုံးတော်က ချမှတ်ခဲ့သော အလုပ်တာဝန်များကိုလည်း ကောင်းမွန်စွာ လိုက်နာသူ မဟုတ်ဘဲ ရဲအရာရှိတစ်ဦးအား တိုက်ခိုက်မှုဖြင့် ရရှိသောပြစ်ဒဏ်ဖြစ်သည့် လူမှုရေးအလုပ်ဖြစ်သော အမှိုက်ကောက်သည့်အလုပ်ကိုလည်း ပြီးဆုံးအောင်မလုပ်ခဲ့ပေ။
“ကျွန်မလုပ်နေကျ အလုပ်တွေ ထက်စာရင် ဒီအမှိုက်ကောက်တဲ့ အလုပ်က အချိန်လည်း အရမ်းကြာတယ်။ အရမ်းလည်းပင်ပန်းတယ်လေ”ဟု သူမက ဆိုသည်။
အသက်(၂၀)အရွယ်ရှိသောသူမသည် ၂၀၁၃ ခုနှစ်တွင် စီရင်ချက်ချမှတ်ခံခဲ့ရပြီး လူမှုရေးအလုပ် နာရီ (၄၀၀)လုပ်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
သူမသည် ထိုတာဝန်ကိုလည်း ဆက်မလုပ်ခဲ့သည်မှာ ခုနစ်လကြာမြင့်ပြီဖြစ်ပြီး နာရီ ၁၄၀ သာ ပြီးဆုံးအောင်လုပ်ဆောင်နိုင်ခဲ့သည်။
စာနယ်ဇင်းများက အသက်(၁၈)နှစ်အောက် မကြည့်ရသော ရုပ်ရှင်များကို ရိုက်ကူးသူ အပျော့စား ညစ်ညမ်းရုပ်ရှင်မင်းသမီး ဟုခေါ်ဆိုကြသော ဒဲဇယ်သည် ဇန်န၀ါရီလက ရင်သားခွဲစိတ်မှု ပြု လုပ်နေသောကြောင့် ရက်ချိန်းတစ်ခုကို ပျက်ကွက်မှုအတွက် ရုံးတော်သို့ သွားရောက်ရှင်းလင်း ရမည် ဖြစ် သည်။
သူမကထိုအချိန်တွင် သူမသည် ဘရပ်ဆဲမြို့သို့ သွားရောက်ကာ ရင်သားကြီးထွားစေရန် ခွဲစိတ်ခံနေ သည်ဟု လျှောက်လဲသော အခါတွင် ရုံးတော်က ခွင့်လွှတ်ခဲ့သည်။
New York Daily News သတင်းစာကမူ သူမအား ရင်သားအကြောင်းပြပြီး ပြစ်ဒဏ်မှ ကင်းလွတ်အောင် လုပ်သူဟု ပြောဆိုခဲ့သည်။
Mizzima


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။