Ads (728x90)


သဘာဝကပေးသော အရင်း အမြစ်များကိုမှန်ကန်စွာ အသုံး မချနိုင်ခဲ့ခြင်း၏ အကျိုးဆက်များ ကို ကျွန်တော်တို့ ခံစားနေခဲ့ပြီဖြစ် ပါ သည်။ မိမိတို့နိုင်ငံသည် သယံ ဇာတကြွယ်ဝသော နိုင်ငံ၊ ရွှေနိုင်ငံ ဟု ကြွေးကြော်ခဲ့ကြသော်လည်း လက်တွေ့တွင်တော့ ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆို သည့်အတိုင်း ခေတ်အဆက်ဆက် မှားယွင်းသော စနစ်ဆိုးဉာဉ်ဆိုး၊ အဂတိလိုက်စားအကျင့်ပျက်ခြ စားမှုများကြောင့် အောက်ခြေ သာမန်လူတန်းစားပြည်သူများ ဘဝက ဆိုဖွယ်ရာ၊ရေးကုန်နိုင်ဖွယ် ရာမရှိတော့။ ကျွန်တော်တို့၏ အနာဂတ်ဖြစ်သော မျိုးဆက်သစ် လူသားအရင်းအမြစ်များအကျိုးမဲ့ စွာ ပြုန်းတီးနေရခြင်းကို ကာ ကွယ်ဖို့ သင့်ပါသည်။
မြို့ရွာတွေမှာ၊ လမ်းတွေမှာ လက်ဖက်ရည်ဆိုင်ထက် အရက် ဘီယာဆိုင်များက အရေအတွက် တိုးပွားလာခဲ့သည်။ ဆေးလိပ်၊ ကွမ်းယာနှင့် မူးယစ်စေတတ် သော အရာဝတ္ထုများက ကျောင်း သားလူငယ်ထုနှင့် လက်တစ်ကမ်းမှာ။ ကျောင်းတက်ရမည့် အရွယ်တွင် အနှိပ်ခန်း၊ ကေတီဗီတို့တွင် အလုပ်လုပ်နေကြသူများက ဘဝပေးအခြေအနေအရဆိုသော်ငြားမိမိနိုင်ငံသူအမျိုးကောင်း သမီးပျိုလေးများပင်မဟုတ်လား။ ပညာရေးစနစ်ကို အပြစ်တင်ဝေဖန်ကြသလို ဝိသမလောဘသမားများ၏ ဘယ်သူသေသေ ငတေမာပြီးရော အကျင့်စရိုက်ဆိုးများကို အမုန်းခံ၍ ဝေဖန်ပြောကြားမည့်လူက သိပ်မရှိ။

အကျင့်စာရိတ္တကောင်းမွန် သူတို့၏ ဇာတ်လမ်းများကို တစ် ခါတစ်ရံ လူမှုကွန်ရက်သတင်း များတွင် ကြားသိနိုင်သည်။ လက် တွေ့နယ်ပယ်တွင် အများစုက အူမတောင့်ရန် အရေးကြီးပြီး သီလမစောင့်နိုင်သူများက ပိုများ နေသည်မှာ မငြင်းနိုင်ပါ။ နေရာ တစ်နေရာရရေးအတွက် အရေး အကြီးဆုံးဖြစ်သည်ကို ဘတ်စ် ကားပေါ်တွင် နေ့စဉ်လေ့လာသုံး သပ်နိုင်၏။ အခြေခံစိတ်ဓာတ် များပြင်ဆင်ပေးနိုင်ရန် ငယ်စဉ် ကျောင်းသား ဘဝကတည်းက သင်ကြားရမည်။ မိမိတို့ မိရိုး ဖလာဘာသာတရား အဆုံးအမ များတွင် ယဉ်ကျေးလိမ္မာ ၃၈ ဖြာ တရားတော်များပါဝင်ပြီးဖြစ် သည်။ လောကနီတိတွင် ဆုံးမပြီး ဖြစ်သည်။ လက်ရှိကလေးသူငယ် များအဖို့ ကျောင်းကန်ဘုရားရိပ်၊ တရားရိပ်ထက် ကျောင်းဆင်း လျှင် ကျူရှင်အရိပ်တွင်သာ ပိုမို ကျင်လည်နေကြရသည်။ အပန်း ဖြေစရာရုပ်သံလိုင်းများကလည်း ကိုရီးယားဇာတ်လမ်းတွဲလွတ် သောလိုင်းက ခပ်ရှားရှား။ ကိုရီး ယားလူမျိုးတို့ အလုပ်ကြိုးစားကြ ပုံ၊ နိုင်ငံကိုတည်ထောင်ကြပုံတို့ ကို သင်ခန်းစာမယူနိုင်၊ ချစ်ကွဲ ညားသရုပ်ဖော်အဖွဲ့အနွဲ့၊ မိန်း ကလေးက အရက်သောက်သည့် ပုံစံ၊ အတိုအပြတ်ဖက်ရှင်တို့ကို သာ အတုယူကြကုန်သည်။

လက်တွေ့ဘဝကို ပင်ပန်း စွာ ရုန်းကန်နေကြရသည်က ပညာအခြေခံနည်းပါးသူအောက်ခြေလူတန်းစားတင်မက ပညာတတ်အသိုင်းအဝိုင်း လူလတ်တန်းစားတို့ပင်ပါဝင်သည်။ အထက်တန်းလွှာဟု သမုတ်ကြသူ ငွေကိုရေလိုသုံးနိုင်ကြသူများ အတွက် သိန်းဂဏန်း၊ သန်းဂဏန်းသည် ဆိုဖွယ်ရာမရှိသော်လည်း၊ မလွယ်သူများအဖို့ကတော့ တစ်နေ့ထောင်ဂဏန်းဝင်ငွေသည်ပင် စားဖို့အနိုင်နိုင်၊ အပိုသုံးစွဲဖို့၊ ဆေးဝါးကုသဖို့ မလွယ်ရေးချမလွယ်။ ပညာတတ်လူတန်းစားတို့၏ ပုံမှန်ဝင်ငွေက နိုင်ငံတကာ စံနှုန်းနှင့်ယှဉ်လျှင် သူများနိုင်ငံ၏ အလုပ်ကြမ်းသမားလစာသာသာ။ အကျိုးဆက်က အဂတိလိုက်စား ခြစားသည့်ပြဿနာ မိမိ မိသားစုလောက်ငဖို့အတွက် ကမ္ဘာမီးလောင်သားကောင်ချနင်းသည့်ဇာတ်လမ်းများက မထူးဆန်းတော့။ တင်းတိမ်ရောင့်ရဲတတ်သော၊ ဖော်ရွေပျူငှာသော၊ ကူညီဖေးမတတ်သော မြန်မာ့ စိတ် ဓာတ်အလှတရားသည် မှုန်ဝါး ကွယ်ပျောက်လာသည်မှာ အဆန်းမဟုတ်တော့။

ရိုးသားကြိုးစား၍ အောက် ခြေမှတက်လာသူတို့ မရှိမဟုတ် ရှိပါသည်။ ခေတ်အခြေအနေ၊ စိတ် ဓာတ်အခြေအနေတို့ ပြောင်းလဲ လာသော လူနေမှုစနစ်တွင် ရိုး သားကြိုးစားမှုတို့သည် အရောင် စွန်းလာကြသည်။ အသုံးချခံဖြစ် လာကြသည်။ ငွေရဖို့အတွက် အလွယ်လမ်းကိုလိုက်လာကြ သောကြောင့် လူရိုးကိုသင်္ချိုင်းမှာ ပင် တွေ့လာနိုင်တော့သည်။

ကျေးလက်တောရွာများ တွင် အလုပ်လုပ်နိုင်သူ အရွယ် ကောင်းသမီးတို့ နည်းပါးလာ သည်က ပုံပြင်မဟုတ်၊ လူပွဲစား အေးဂျင့်တို့၏ ဆွယ်တရား ကြောင့် နိုင်ငံရပ်ခြားတိုင်းတစ်ပါး သို့ စားဝတ်နေရေးအတွက် အောက်လမ်း၊ အထက်လမ်းစုံ လင်စွာ ထွက်တော်မူကြရသည်။ မိဝေးဖဝေးမိသားစုနှင့် တကွဲ တပြားနေထိုင်ကြရပြီး အဆင်ပြေသလားဆိုတော့လည်း သက်ဆိုင်ရာနိုင်ငံ၏ မတရားဖိနှိပ်ဖမ်းဆီးမှုများကြောင့် ပြည်တော်ပြန်ဖို့ အရေးစိတ်မအေးနိုင်ဘဲ မျက်နှာငယ်ငယ်နှင့် တွေးပူနေကြရသူ အရေအတွက်ကအိမ်နီးချင်းနိုင်ငံတို့တွင် သန်းနှင့်ချီရှိသည်။

အမိမဲ့သားရေနည်းငါးမဖြစ် ရလေအောင် မိခင်နိုင်ငံ၏ လုံ လောက်သောအကာအကွယ်ပေး မှုကိုလည်း သူတို့မှာ မမျှော်လင့် ရဲကြ။ အိမ်အကူအလုပ် တစ်လ သိန်းဂဏန်းဝင်ငွေအတွက် ဘွဲ့ရ ပညာတတ်များပင် ဝင်ရောက် တန်းစီနေကြသည်ဆိုသည်က မည်မျှ ဝမ်းနည်းဖို့ ကောင်းပါသနည်း။ လတ်တလောကြားရသည့် စင်ကာပူမှ တိုင်းတစ်ပါးအိမ်ရှင်၏လူမဆန်စွာညှဉ်းပန်း နှိပ်စက်မှုသတင်းက မကြားဝံ့စရာ၊ ခံပြင်းဖို့ ကောင်းစရာ။

နိုင်ငံတော်သည် အများ တန်းတူယှဉ်နိုင်ဖို့ အချိန်ကြာမြင့်စွာ ကြိုးစားရပါဦးမည်။ ဘယ် အစိုးရတက်တက်၊ ဘယ်သူ သမ္မတတက်လုပ်လုပ် အခြေခံ လူတန်းစားတို့၏ဘဝ နေ့ချင်းညချင်းမနှေးခေတ်မီ သူဌေးဖြစ်မလာနိုင်သေးပါ။ အခြေခံစိတ်ဓာတ်လေးများကိုပြင်နိုင်ဖို့ လိုပါသည်။ ခေတ်ဆိုး၊ စနစ်ဆိုးဟူသည် နာဂစ်တိုက်သလိုပင်လမ်းကြောင်းတစ်လျှောက်တွေ့သမျှ ကြီးကြီးငယ်ငယ်ဖြတ်သန်းတိုက်ခတ်သွားသည်သာ ဖြစ်သည်။ နည်းနည်းခံရသည်နှင့် များများခံရသည်သာကွာမည်။ မည်သူမဆို ကြုံတွေ့ခဲ့ရပြီး ဖြစ်သလို ထို အခက်အခဲလှိုင်းလုံးများကို စာရိတ္တကျောက်ဆောင်လို ခိုင်ခိုင် မြဲမြဲမယိုင်မလဲဘဲ ကြံ့ကြံ့ခံနိုင်မှ သာ ခေတ်ဆိုး၊ စနစ်ဆိုးအတွင်း အများမိုးခါးရေသောက်သလို မသောက်ဘဲ ဂုဏ်သိက္ခာရှိရှိကျန် နေရစ်မည်ဖြစ်ပါသည်။ တစ်ဦး ချင်းစီ၏ တာဝန်ယူနိုင်မှု၊ တာဝန် ခံနိုင်မှုဟူသည့် အခြေခံလူ့ကျင့် ဝတ်ကို စောင့်ထိန်းနိုင်ရန် အရေး ကြီးပါသည်။ သို့တည်းမဟုတ် မိမိတို့၏ တန်ဖိုးရှိသော စိတ်ဓာတ်လေးများမပြင်ဆင်နိုင် သရွေ့တော့ အဆိုးသံသရာက ရှည်နေဦးမည်ဖြစ်ပေသတည်း။

7day

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...