Ads (728x90)


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဆန့် ကျင်လှုပ်ရှားမှုတွေကို ရှောင်ရှားနိုင်ဖို့ အတွက် တရုတ်ပြည်သူ တွေဟာ ယခုလမှာတင် ခွေးတွေကို သတ်ဖြတ်၊စားသုံးနေကြပြီဖြစ်ပါတယ်။ နှစ်စဉ်အောက်တိုဘာလမှာ ကျင်းပမြဲဖြစ်တဲ့ ခွေးသားစားပွဲတော်ကို ဒီနှစ်မှာတော့ စောစီးစွာကျင်းပနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Yulin မြို့ က ဒေသခံတစ်ချို့ ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကုန်မှာ စတင်စုဝေးခဲ့ကြပြီး နှစ်တစ်နှစ်ရဲ့ အရှည်လျားဆုံးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ ခွေးသားနဲ့ လိုင်ချီးတို့ စားသုံးတဲ့ပွဲတော်ကို ကျင်းပ  နေပါပြီ။


လွန်ခဲ့တဲ့နှစ်တွေတုန်းက ခွေးသားစားပွဲတော်ဟာ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပစ်မှတ်ထား ဆန့်  ကျင်မှုကို ကြုံတွေ့ ခဲ့ရပါတယ်။ အွန်လိုင်းအသနားခံစာတွေနဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ခွေးသားစားပွဲတော်ရဲ့ ဓာတ်ပုံတွေ၊စာတွေကို ဖော်ပြခဲ့ရာမှာ လူထုရဲ့ အာရုံစိုက်မှုကို လှုံ့ ဆော်နိုင်ခဲ့ပြီး ခွေးတွေကို ရောင်းချတဲ့ သားသတ်ရုံတွေနဲ့ ဈေးတွေရဲ့ အပြင်မှာ ရုတ်တရက်ဆန္ဒပြခဲ့ကြပါတယ်။

Yulin ထုံးတမ်းစဉ်လာအရ အီကွေတာကနေ နေအဝေးဆုံးအကွာအဝေးရောက်ရှိတဲ့နွေအချိန်ကာလမှာ ခွေးသား၊ လိုင်ချီးနဲ့ အရက်တို့ စားသောက်ခြင်းက လူတွေက ဆောင်းတွင်းမှာ အသက်ရှည်ကျန်းမာစေတယ် လို့  ဆိုပါတယ်။


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီပွဲတော်ဟာ လူထုရဲ့ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ခွေးတွေဟာ ရောဂါပိုးကင်းမကင်းစစ်ဆေးခြင်းမရှိသလို၊ နိုင်ငံအနှံ့ က  လမ်းဘေးခွေးတွေအပြင် ခွေးပိုင်ရှင်တွေဆီက ခိုးယူထားတဲ့ ခွေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ခွေးတွေကို အများအားဖြင့် အဆိပ်ဓာတုဆေးကျွေး သတ်ဖြတ်ကြပြီး ဒါဟာ လူသားတွေပေါ်မှာလည်း အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ဒီလို ခွေးသားစားပွဲတော်မျိုး နိုင်ငံမှာ တရားဝင်ရှိတယ်ဆိုတာကို ငြင်းဆိုထားပြီး တစ်ချို့  တစ်ချို့ သော အချက်အပြုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်စုရဲ့ အလေ့အထ သာဖြစ်တယ်လို့  ပြောဆိုထားပါတယ်။

Trend Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...