အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က လိင်တူချင်းလက်ထပ်တာကို ဆန့်ကျင်သူတွေ ဆန္ဒပြပွဲ ကျင်းပခဲ့ကြပါတယ်။
လိင်တူချင်းလက်ထပ်တာကို ဆန့်ကျင်တဲ့ အမေရိကန်အဖွဲ့အစည်းတွေနဲ့ တခြားရှေးရိုးစွဲအဖွဲ့အစည်းတွေ စုပေါင်းပြီး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ အမျိုးသားနဲ့ အမျိုးသမီးကြား လက်ထပ်တာကိုပဲ အားပေးတဲ့နိုင်ငံ ဖြစ်စေချင်တဲ့ စိတ်တူကိုယ်တူတွေ စုဝေးဖြစ်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောဆိုပါတယ်။
ဆန္ဒပြပွဲကိုတက်ရောက်လာတဲ့ ယခင် လွှတ်တော်အမတ်က ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အမျိုးသားနဲ့ အမျိုးသမီးလက်ထပ်ထိမ်းမြားခြင်းကသာ အကောင်းဆုံးလို့ ဆန္ဒပြပွဲ တက်ရောက်လာတဲ့ လူထုကို ပြောဆိုခဲ့ပါတယ်။
အမေရိကန်တနိုင်ငံလုံးမှာ ကောက်ခံတဲ့လူထုစစ်တမ်းတွေအရ လိင်တူချင်း လက်ထပ်တာကို ထောက်ခံအားပေးသူဦးရေ မြင့်တက်လာချိန်မှာ အခုလို ဆန္ဒပြပွဲ ကျင်းပတာ ဖြစ်ပါတယ်။
ပြည်နယ် ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် ၁၉ ခုက လိင်တူချင်းလက်ထပ်တာကို တရားဝင်ခွင့်ပြုထားပါတယ်။
DVB Burmese


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။