Ads (728x90)


လမစေ့ဘဲကလေးမွေးခြင်းဆိုတာဟာ ကိုယ်ဝန်ပတ် 37 ပတ်မပြည့်ခင် ကလေးမွေးခြင်းကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ပတ် 38 - 40 အတွင်း မွေးဖွားတတ်ကြပါတယ်။ ဒီလို 37 ပတ် မတိုင်မီမွေးတဲ့ကလေးကို premature baby လို့ခေါ်ပါတယ်။ လမစေ့ဘဲမွေးတဲ့ ကလေးများဟာ အခြားသောကလေးများထက် ရောဂါ ကူးစက်ခံရခြေ ပိုများပြီး လမစေ့ဘဲမွေးခြင်းသည် ကမ္ဘာတ၀ှမ်းရှိ မွေးကင်းစကလေးငယ်များ သေဆုံးမှု၏နံပါတ်တစ် တရားခံဖြစ်ပါတယ်။


ဘယ်လိုမိခင်တွေမှာ လမစေ့ဘဲကလေးမွေးခြင်းဖြစ်နိုင်သလဲ
    ဘယ်လိုမိခင်ဟာလမစေ့ဘဲကလေးမွေးမယ်ဆိုတာကိုပုံသေသတ်မှတ်လို့မရပါဘူး။ များသောအားဖြင့်
-   မိသားစုမျိုးရိုးရှိသူများ
-   ပထမကလေးကိုလမစေ့ဘဲမွေးသူများနှင့် ကိုယ်ဝန်ပျက်ကျဖူးသူများ
-   အမွှာကိုယ်ဝန်ဆောင်ထားရသူများ
-   မျိုးပွားအင်္ဂါလမ်းကြောင်းပိုးဝင်ခြင်း
-   သားအိမ်လမ်းကြောင်းတွင်အလုံးအကြိတ်ရှိသူများ
-   သွေးထုံးရောဂါ၊နှလုံးရောဂါ၊ဆီးချိုသွေးချိုရောဂါ၊ သွေးခဲခြင်းနှင့်ဆိုင်သောရောဂါရှိသူများ
-   17 နှစ်အောက်အမျိုးသမီးနှင့် 35 နှစ်အထက်အမျိုးသမီးများ
-   သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းIUCD အသုံးပြုရင်းကိုယ်ဝန်ရသွားသောအမျိုးသမီးများ
-   သားအိမ်နှင့်သားအိမ်ခေါင်းပုံစံမမှန်သူများ
-   ပိန်လွန်းခြင်း၊ ၀လွန်းခြင်း
-   ကိုယ်ဝန်ဆောင်သောအကြိမ်စိပ်သူများ
-   ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်၊အရက်နှင့်မူးယစ်ဆေးသုံးစွဲသူများ
-   စိတ်ဖိစီးမှုများသူများ
-   ကိုယ်ဝန်ဆောင်စဉ်သင့်တင့်သောကျန်းမာရေးစောင့်ရှောက်မှုမခံယူထားသူများ
-   သွားဖုံးရောဂါရှိသူများ (သွားဖုံးမှာရှိတဲ့ ရောဂါပိုးမွှားတွေနဲ့ အဲဒီပိုးမွှားတွေကိုတိုက်ထုတ်ဖို့ ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ Proinflammatory Cytokines တွေက ကိုယ်ဝန်ကို ထိခိုက်စေပါတယ်။)

လမစေ့ဘဲမွေးဖွားခြင်းကိုလျော့ချနိုင်ရန်ဘာတွေလုပ်သင့်လဲ
-   ဆေးလိပ်ဖြတ်ပါ။
-   ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းထားပါ။
-   ကိုယ်ဝန်နှင့်ပတ်သက်သောကျန်းမာရေးဗဟုသုတများနှင့် သန္ဓေသားနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာပါ။
-   ကိုယ်ဝန်ဆောင်စဉ် အတောအတွင်းရောဂါပိုးကူးစက်ခံရပါကစောစီးစွာကုသမှုခံယူပါ။
-   ကလေးမွေးပြီးနောက် ၂ နှစ်လောက်နေမှ ကလေးထပ်ယူပါ။
-   ကိုယ်ဝန်ဆောင်မိခင်များအားဖေးမပါ။ယခုအခါမှာမိခင်အချို့သည် လမစေ့ဘဲမိမိမွေးလိုသောနေ့တွင် ခွဲမွေးခြင်းကိုပြုလုပ်လာကြပါတယ်။ ထိုသို့ပြုလုပ် ခြင်းကိုရှောင်ရှားပါ။


လမစေ့ဘဲမွေးတဲ့ကလေးတွေမှာနောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဘာတွေဖြစ်လာနိုင်သလဲ။
        ဦးနှောက်တွင်းသွေးယိုစီးခြင်း၊ အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများ ခံစားရခြင်း၊ အသားဝါခြင်း၊ အကြားအာရုံနှင့်အမြင်အာရုံချို့ယွင်းခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
        လမစေ့ဘဲမွေးလာတဲ့ ကလေးတွေမှာ အဆုတ်ဟာကောင်းစွာဖံွံ့ဖြိုးခြင်း မရှိသေးတာကြောင့် အသက်ရှုဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် နွေးထွေးအောင်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အစားအစာမျိုချရာမှာလည်း အခက်အခဲများရှိနိုင်ပါတယ်။


Dr. Htet Htet Aung
www.drmyanmar.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...