Ads (728x90)



မ​ကွေးတိုင်း​ဒေသကြီး ငဖဲမြို့နယ်​ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးနှင့်အဖွဲ့မှဇွန်၉ရက်ကဘင်္ဂါလီလူမျိုး
လေးဦးကို တစ်ဦးလျှင် ကျပ် ၁၁သိန်းနှုန်းဖြင့် သယ်ဆောင်လာသူငါးဦးအား သယ်ဆောင်လာသည့် ယာဉ်နှစ်စီးနှင့်အတူဖမ်းဆီးရမိကြောင်းဂုတ်ကြီးရဲကင်းစခန်းမှသိရသည်​။

ဂုတ်ကြီးရဲကင်း စခန်းမှူး ရဲအုပ်ကျော်မျိုး ဦးစီးအဖွဲ့က မင်းဘူး - အမ်းကားလမ်း မိုင်တိုင်အမှတ် ၅၀/၃ မိုင်အနီး ဂုတ်ကြီးရဲကင်းစခန်း ရှေ့၌ စောင့်ဆိုင်းနေကြစဉ် ယာဉ်နှစ်စီးရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာသည်ကို တွေ့ရှိရ၍ စစ်ဆေးရန်တားဆီးရာရှေ့ယာဉ်သည် ရပ်တန့်ပေးခြင်း မရှိဘဲမောင်းနှင်ထွက်ပြေးသွားပြီး နောက်ယာဉ်ကိုရပ်တန့်နိုင်ခဲ့ရာယာဉ်ပေါ်တွင်သယ်
ဆောင်လာသော ဘင်္ဂါလီလူမျိုးလေးဦးကိုတွေ့ရှိဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းဂုတ်ကြီးရဲကင်းစခန်းမှသိရ
သည်​။


အဆိုပါယာဉ်ပေါ်မှဘင်္ဂါလီလူမျိုး အဒူကော်ရိန် ပါ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီး နှစ်ဦးကို တွေ့ရှိ ပြီး
ထွက်ပြေးမောင်းနှင်သွားသည့် ယာဉ်အမှတ် AA/4145 Super Lucent –CRESTA အဖြူရောင် ယာဉ်ကို ဖမ်းဆီးရမိနိုင်ရန် ပဒါန်းရဲကင်းစခန်းမှူးရဲအုပ်အောင်မြတ်သူထံ ဖုန်းဖြင့်ဆက်သွယ်ရာ ၎င်းပူးပေါင်းအဖွဲ့မှ စာတတ်ကူမောင်းတံဂိတ်တွင်စောင့်ဆိုင်းဖမ်းဆီးနိုင်ခဲ့သဖြင့်
အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းဇော်မင်းသန်း၊ ထူးထူးကို၊ ဌေးလှိုင်တို့မှာ ဘင်္ဂါလီများ သယ်ဆောင်လာသည့် AA/3039 AD ဗင်အဖြူရောင်ယာဉ်မှ ယာဉ်မောင်း စောဝင်းမြင့်၊ရဲအောင်တို့နှင့်တစ်ဖွဲ့တည်းဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီလူမျိုး အဒူကော်ရိန်ပါ လေးဦးတို့အား ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်နိုင် ရေး အတွက် ငဖဲမြို့နယ် လဝက ဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ၎င်းတို့အား အခကြေးငွေဖြင့်သယ် ဆောင်လာကြသော စောဝင်းမြင့်ပါ (၅)ဦးကိုလည်းငဖဲမြို့မ ရဲစခန်းမှ (ပ)၁၁၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း-မင်းစင်္ကြာ
စံတော်ချိန်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...