Ads (728x90)


မိန်းကလေး များ သတိပြုပါ။ ထိရောက်တဲ့ ကာမ ဆက်ဆံမှု(အတွင်းသားထဲထိမရောက်) မပြုသော်လည်း ကိုယ်ဝန် ရနိုင်သေးတယ်ဆိုတာ သင်သိပါသလား..?

လိင်မဆံပဲနဲ့ ကိုယ်ဝန် ရတတ်တာဟာ အဖြစ်နည်းပေမယ့် အမျိုးသား ရဲ့ သုတ်ရေ ဟာ ဘယ်အတိုင်းတာမှာ အဆုံးသတ်သွားလဲဆိုတဲ့ အခြေအနေပေါ်မူတည်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သုတ်ပိုး တွေဟာ ခန္ဓာကိုယ် ပြင်ပမှာလည်း ရှင်သန်နေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ရှင်သန်နိုင်ခဲဆိုတာကတော့ ပတ်ဝန်းကျင် ရဲ့ အပူချိန် နဲ့ စိုထိုင်းမှုအခြေနေတွေပေါ် မူတည်ပါတယ်။

သုတ်ရည် ဟာ အိပ်ယာခင်း ပေါ်ကျသွားရင်တော့ ပြဿနာ မရှိပါဘူး ဒါပေမယ့် သင့်ရဲ့ ပေါင်ခြံကြား၊ အသားအမျှောင်းကြားရောက်နေရင်တော့ သုတ်ပိုး က ကြာကြာအသက်ရှင်နိုင်ပါတယ်။ အဲဒီနေရာတွေမှာဆိုရင် သေချာဆေးကြောမသုတ်သင်ရင် ငါးရက်ခန့်ထိ အသက်ရှင်နိုင်ပါတယ်။

ဒီလိုအခြေနေတွေကြောင့် သင်ဟာ ရာသီ လာနေချိန်မှာတောင် ကိုယ်ဝန် ရဖို့အနေအထား ရှိနေပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက ရာသီ လာချိန် လိင်ဆက်ဆံ တဲ့အခါ ကိုယ်ဝန် မရနိုင်ဘူးဆိုတဲ့ အတွေးအခေါ်ကို လက်မခံပါဘူး၊ သုတ်ပိုးအတွက် ပူနွေးစိုထိုင်းမှုဟာ အသက်ရှင် ဖို့ အကောင်းဆုံးအထောက်အပံ့ဖြစ်လို့ ရာသီ လာချိန်မှာ အကာကွယ်မဲ့ လိင်ဆက်ဆံ ရင် ကိုယ်ဝန် ရနိုင်ချေရှိပါတယ်။

ဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့် ဖြစ်နိုင်သေးတယ်ဆိုတဲ့ အကြောင်းကရှိနေတာကြောင့် ကိုယ်ဝန် မရချင်သူတွေအတွက် အထဲမရောက်ပါဘူးဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်သလို လိင်ဆက်ဆံ မယ်ဆိုရင် ကွန်ဒုံး၊ တားဆေး စတာတွေနဲ့ ကာကွယ် ပြီးမှသာ ဘေးကင်းလုံခြုံစွာ ချစ်တင်းနှောဖို့ အသိပေးလိုက်ပါတယ်နော်။

မူရင်းပြန်လည်ကူယူဖော်ပြရာနေရာ => ဒီနေရာမှ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...