Ads (728x90)


 
၂၀၀၈ အခြေခံဥပဒေသည် တစ်နိုင်ငံလုံးထောက်ခံမဲ ၉၉.၇ ရာခိုင်နှုန်းဖြင့် အတည်ပြုပေါ်ထွက်လာခဲ့ သည်။ ထိုအခြေခံဥပဒေကို အမှီပြု၍ လွှတ်တော် ၃ ရပ်ပေါ်ထွက်လာသည်။ လွှတ်တော်ကိုယ်စား လှယ်များ ရှိလာသည်။ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါ ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြင် မည်/ အသစ် ရေးဆွဲမည် ဟူသော အသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။ 
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉ စ ကို ပြင်ဆင်သင့်ကြောင်း သူရ ဦးရွှေမန်းက ပြောဆို လိုက်ပါတယ်။ 
အခြေခံဥပဒေရှိ ၅၉ (စ) ကို ပြင်ဆင်နိုင်ရေးကို အဓိကထား၍ အခြေခံဥပဒေကို ပြန်ပြင် ရေး/ အသစ်ရေး ဆွဲရေး နည်းလမ်း ၂ မျိုးကို ပြည်သူလူထု၏ ဆန္ဒမဲဖြင့် နည်းလမ်းတစ်ခုကို ရွေးချယ် နိုင်ဖို့ ပြည်သူလူထုကို အသုံးချရန် ပြုလုပ်လာခြင်းများရှိလာခဲ့သည်။ 
၂၀၀၈ အခြေခံဥပဒေသည် ပြီးပြည့်စုံသော် ဥပဒေတစ်ခုဟု မဆိုနိုင်။ နိုင်ငံတကာရှိ အခြေခံဥပဒေများ ကိုလေ့လာကြည့်လျှင်လည်း ဘယ်နိုင်ငံကမှ ပြီးပြည့်စုံသော အခြေခံဥပဒေကို ပြဋ္ဌာန်းထားနိုင်ခြင်း မရှိ သေး။ သူတို့၏ ဥပဒေများသည်လည်း လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ၏ အခြေခံဥပဒကို ပြင်ဆင်ဖို့ ကြိုးပမ်းချက်သည်လည်း သဘာဝကျသည်။ လိုအပ်တာကိုပြင် ဆင်ဖြည့် စွက်ဖို့ လိုသည်မှာ အမှန်ဖြစ်သည်။ သို့သော် ထိုအခြေခံဥပဒေကို မိမိတို့ သဘောမကျသည့် အချက်၊ မိမိတို့သာ ပြင်ဆင်ပြောင်းလဲလိုသည့်ဆန္ဒကို ပြည်သူတစ်ရပ်လုံးက ပြင်ဆင်ချင်သယောင်၊ အသစ် ရေးဆွဲ ချင်သယောင် ပြုလုပ်၍ ပြည်သူကိုဆွဲထည့်ခြင်းသည် မဖြစ်သင့် ဟုထင်သည်။ 
ပြည်သူလူထုသည် စားဝတ်နေရေးအဆင်ပြေဖို့၊ ကျန်းမာရေးကောင်းဖို့၊ မိသားစုချောင်လည်ဖို့ စသည်တို့ အတွက် ကြိုးစားရုန်းကန်နေရချိန်တွင် ထိုအခြေခံဥပဒေကို မည်သူကမျှ မဖတ်အား၊ မဖတ်နိုင်။ အခြေခံ ဥပဒေပါ အချက်များသည် မည်သည်က ပြင်ရမည်၊ မည်သည်က ဖြည့်စွက်ရမည်၊ ပြောင်းလဲရမည်ကို အိမ်ထောင်စု ၁၀ စုမှာ အခြေခံဥပဒေစာအုပ် ၁ အုပ်မရှိသည့် ပြည်သူလူထုအတွက် မသိနားမလည်နိုင်ပေ။ ထို့ကြောင့် ပြည်သူလူထုအတွက် အခြေခံဥပဒေ ပြင်ရမည်/ အသစ်ရေးဆွဲရမည်ကို ဆုံးဖြတ်ချက်ချဖို့မှာ ခဲယဉ်းသည်။ အမှားအယွင်းများရှိနိုင်သည်။ 
ဤသို့ဆိုသော် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် မည်သူမှာ တာဝန်ရှိသနည်း။ အဓိကတာဝန်ရှိသူ များမှာ ပြည်သူကိုကိုယ်စားပြုသော ပြည်သူကခန့်အပ်ထားသည် လွှတ်တော်ကိုယ်စားလှယ်များ သာ ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ သည် ပြည်သူကိုကိုယ်စားပြုသော၊ ပြည်သူ့ အကျိုးကို ဆောင်ရွက် ရသော သူများဖြစ်သည့်အလျောက် ခက်ခဲနက်နဲသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ကို တာဝန်ယူ ခေါင်းခံ သင့်သူများသာ ဖြစ်သည်။အခြေခံဥပဒေ ပြင်ရေးအတွက် သူ့အိုးနှင့်သူဆန် သင့်တင့်နေခြင်းကို လူများစု ဆန္ဒဖြစ် သယောင် လှည့်စားအသုံးမချဘဲ မိမိတို့ ပြည်သူ့ကိုယ်စားလှယ် များကိုတိုင် ကြိုးစားခြင်းသာ မှန်ကန်နိုင်မည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်တိုင် ပြည်သူ့အကျိုးအတွက် အခြေခံ ဥပဒေရှိ လိုအပ်ချက်များကို ပြင်ဆင်နိုင် ရန် ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်းနိုင်ရေး၊ ဆွေးနွေး ဆုံးဖြတ်နိုင်ရေး ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ 
ယခုအခါ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အဖွဲ့ဝင် ၁၀၉ ဦးပါသော အဖွဲ့ဖွဲ့ စည်းပေး၍ ထိုအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ အတွက် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရမည့် ကိစ္စသည် လွှတ်တော် ကသာ ဦးစီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ ပြင်ဆင်လိုသည့် လူများအနေဖြင့်လည်း အခြေခံဥပဒေပြင်ဆင်ရေးသည် အမှန်တကယ် လိုအပ်သော ကိစ္စတစ်ခုဖြစ်သည် ဟူသော ဆုံးဖြတ်ချက်မျိုးကို ချမှတ်ပြီးလျှင် နောက်တချိန်သမိုင်းတွင် တာဝန်ယူမှုရှိရမည့် လူများလည်းဖြစ်သည်။ မိမိတို့ လိုအင်ဆန္ဒအတွက် စားဝတ်နေရေးကြား ရုန်းကန်နေ ရသော အခြေခံဥပဒေကို မဖတ်အား၊ နားမလည်ကြသည့် ပြည်သူတွေကို ဆွဲထည့်၍ ခုတုံးလုပ်နေခြင်း သည် မလုပ်သင့်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောပြလိုပါသည်။ 

Ref ; http://www.oppositeyes.info

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...