Ads (728x90)


ဆောင်းပါးရှင် ဦးလေးရဲ့ ယခုတစ်ပတ်လက်ရာလေးပါ။
တူတော်မောင်ဘောဆရာရေ . .
ဒီတစ်ပတ်တော့ ၀မ်းနည်းခြင်းတွေ ပြည့်နှက်နေတဲ့ ရက်သတ်္တပတ်လို့တောင် ဦးလေးဆိုချင်တယ်။ ဦးလေးတို့ရဲ့အားက စားမီဒီယာလောကမှာ အလင်းလက်ဆုံး ကြယ်ပွင့်ကြီးတွေရှိတယ်။ အဲဒီကြယ်ပွင့် တွေထဲက ဆရာဖေသိန်းဆိုတဲ့ ကြယ်တစ် စင်းက လွင့်ကြွေသွားပြီ။ ဒါဟာ ဦးလေး တို့အတွက်တော့ အစားထိုးလို့မရတဲ့ ဆုံးရှုံး မှုပဲ။ ဦးလေးတို့က ဆရာဖေသိန်းရဲ့စာတွေ နဲ့လူလားမြောက်ခဲ့ရတယ်။ သူ့စာတွေဖတ် ပြီး တောက်ကြွားခဲ့ရတယ်။ ပြောရမယ်ဆို သူ့ရဲ့စာတွေက ခွန်အားတစ်ရပ်ပဲ။ သူဆုံး သွားတော့ဝမ်းနည်းသလိုခံစားလိုက်ရတယ်။ ဘာပဲပြောပြော တူတော်မောင်ရေ ဒီတစ် ပတ်ကတော့ မျက်ရည်များနဲ့ရေးရပြီပေါ့။ သြော် . . .အနိစ်္စ၊ အနိစ်္စ။
တူတော်မောင်ဘောဆရာရေ
မပြောမပြီး မတီးမမြည်ဆိုသလိုပြော စရာရှိတာကိုတော့ နည်းနည်းလေးပြော ချင်တယ်ကွယ်။ ဟုတ်၊ မဟုတ်တော့မသေ ချာဘူး။ ဦးလေးကြားထားတာတစ်ခုရှိ တယ်။ အသင်းတစ်သင်းက စီနီယာကစား သမားအချို့ကို စာချုပ်ရှိလျှက်နဲ့စာချုပ်ဖျက် သိမ်းဖို့လုပ်နေတယ်နော့။ တူတော်မောင် ရော၊ အဲဒီသတင်းကိုကြားတယ်မဟုတ် လား။ အဲဒီသတင်းအမှန်ဆို လုံးဝမကောင်း ဘူးလို့ဦးလေးထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ ကစားသမားတွေဆီမှာ စာချုပ်တွေ ရှိနေတယ်။ ဒီလိုစာချုပ်တွေရှိရဲ့သားနဲ့လုပ် ချင်သလိုလုပ်နေကြတော့မှာလား။ ကဲပါ လေ။ ဒါတွေက အခုမဖြစ်သေးဘူး။ ဖြစ် လာမယ့်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဦး လေးအရမ်းသိချင်တယ်။ ၂၀၀၉ ခုနှစ်က တည်းက ဒီလိုကိစ်္စတွေဖြစ်လာတယ်။ အခု လည်းဖြစ်နေတယ်။ ဦးလေးကတော့ ဖြစ် နိုင်မယ်ဆိုရင် အဲဒီလိုသတင်းမျိုးမကြားချင် တော့ဘူး။
တူတော်မောင်ဘောဆရာရေ
ပြောလက်စနဲ့ပြောရဦးမယ်။ ကလပ် အသင်းတစ်သင်းက ချန်ပီယံဖြစ်တယ်။ အ ဖွဲ့ချုပ်ကလည်း ဆုကြေးတွေချီးမြှင့်တယ်။ ဒါပေမယ့် အခုချိန်ထိ ကစားသမားတွေက ဆုကြေးမရသေးဘူးတဲ့။ အဲဒါဟုတ်လား။ တူတော်မောင်သိရင် ပြောပြစမ်းပါဦး။ ဦး လေးသိချင်လို့ပါ။ တစ်ခါတလေတော့ လည်း ဦးလေးစဉ်းစားကြည့်မိတယ်။ ချန် ပီယံဖြစ်လို့ရတဲ့ဆုကြေးက အသင်းနဲ့ပဲဆိုင် တယ်လို့ဦးလေးထင်တယ်။ စာချုပ်ထဲမှာ ဆုဖလားရရင် ဆုကြေးဘယ်လောက်သတ် မှတ်ပြီးသား၊ ဦးလေးတို့ဆီမှာတော့ ပြောင်း ပြန်ဖြစ်နေတယ်။ ဆုကြေးရပြန်တော့လည်း မခွဲပေးသေးတယ်လို့ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒါမျိုးကို အစဉ်အလာတစ် ခုလို ယူမလာသင့်ဘူး။ ကစားသမားတွေ နားလည်အောင်လည်း ပြောပြရမယ်။ ပြီး တော့ရှိပါသေးတယ်။ ဘာတဲ့။ လက်ရွေး စင်အသင်းမှာ အရွေးခံရလို့ နိုင်ငံခြားပါသွား တဲ့အခါ ကလပ်အသင်းဆီမုန့်ဖိုးတောင်း တယ်တဲ့။ အဲဒါဟုတ်လား၊ တူတော်မောင်။ အဲဒါအမှန်ဆိုလည်း လုံးဝမဖြစ်သင့်ဘူး။ အ ခုဦးလေးတို့သွားနေတာက ပရို။ ပရိုဆို ပရို လိုကျင့်ရမှာပေါ့။ မဟုတ်ဘူးလား တူတော် မောင်။ အခုလည်း ဦးလေးကြားတာတစ်ခု က လူငယ်ကစားသမားလေးက နိုင်ငံခြား သွားမှာမို့ အသုံးစရိတ်ကိုရပိုင်ခွင့်လိုလာ တောင်းတယ်တဲ့။ သြော် . . . ဒါတွေက မ ဖြစ်သင့်တဲ့ကိစ်္စပေပဲ။ ဟုတ်တယ်မလား၊ တူတော်မောင်။ ဟိုးရှေးရှေးတုန်းကတော့ အပျော်တမ်းမို့ ခွင့်လွှတ်လို့ရတယ်။ အခုပရို ဖြစ်နေပြီလေ။ ဒီလိုမျိုးကအစပြုပြင်ရမှာလို့ ဦးလေးမြင်တယ်။ နိုင်ငံခြားက သတင်း တွေကိုဖတ်တိုင်း ဒီလိုကိစ်္စမျိုးမတွေ့ရဘူး။ အဲ . . ဒါပေမယ့် လက်ရွေးစင်ပြိုင်ပွဲအတွက် ၀င်ကစားပေးရင် ဒဏ်ရာရပြီဆို ကလပ် အသင်းနဲ့လက်ရွေးစင်အသင်းကွိုင်တက်ပြီ ပဲ။ ဒီမှာတော့ အဲဒီလိုအသံတွေမကြားရဘူး။ မကြားရဘူးဆို ပရိုလိဂ်ရည်ရွယ်တာကိုက လက်ရွေးစင်ကောင်းစားဖို့ပဲတဲ့။
တူတော်မောင်ဘောဆရာရေ
လစာ၊ ဆုကြေး ဒီသတင်းတွေကြား ပြီး လူကစိတ်ပျက်သွားတယ်။ ဒါတောင် ပြောချင်လို့ယားနေတဲ့သတင်းတွေရှိသေး တယ်။ နောက်ကြုံမှပဲ တူတော်မောင်ကို ရင်ဖွင့်တော့မယ်။ ဒါနဲ့ တူတော်မောင်ရေ တို့မြန်မာအသင်းက ကိုရီးယားသွားလေ့ ကျင့်တာလား၊ အသင်းတာဝန်ရှိသူတွေ ဓါတ်ပုံအရိုက်ခံနေကြတာလား။ အသင်းနဲ့ ပတ်သက်လို့ ထူးထူးခြားခြားဘာမှမသိရ ပေမယ့် ဓါတ်ပုံတွေကတော့ အရမ်းလန်း တယ်နော့။ အားကျစရာကောင်းလိုက်တာ တူတော်မောင်ရေ။ ဦးလေးလည်း အဲဒီလို ကံမျိုးတစ်ခါလောက်တော့ရချင်တယ်ကွယ်။
 
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...