Ads (728x90)


 ကရင့်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မန်းငြိမ်းမောင်။(ဝဲ)။ ဓာတ်ပုံ အောင်ရဲမောင်မောင်/ဗွီအိုအေ (မြန်မာပိုင်း)
ပြည်တွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားသူ စောမြင့်လွင်နှင့် ပါဝင်ပတ်သက် သူ ခုနစ်ဦးကို ဆက်လက် စစ်ဆေးခဲ့ရာ အခြားကွင်းဆက် အချို့နှင့် ပါဝင်သူအချို့ကို ထပ်မံ ဖမ်းဆီးပြီး ဖော်ထုတ် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်း ၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် Daily Eleven သို့ ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ "လတ်တလော ဖမ်းဆီးရထားတဲ့ သူတွေကို အခြားကွင်းဆက်တွေ ဖော်ထုတ်နိုင်ဖို့ ဆက်လက် စစ်ဆေးနေတယ်။ ထပ်မံ စစ်ဆေးချက်အရ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်သူ အချို့ကိုလည်း ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ အမြန်ဆုံး ဆက်လက် ဖော်ထုတ်နိုင်ဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု ရဲမှူးကြီး ကိုကိုအောင်က ဆိုသည်။
ယင်းကဲ့သို့ ပြည်တွင်း၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားအောင် ပြုလုပ်ရခြင်းမှာ ပြည်ပရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်မှု အဟန့်အတားဖြစ်စေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရ သိရသည်။

ထို့အပြင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို အဓိက ကြိုတင်စီမံခန့်ခွဲခဲ့သူ၊ ကိုယ်တိုင် ဗုံးထောင်ခဲ့သူ KNU စီးပွားရေးအဖွဲ့မှ တာဝန်ခံ နေတိုးဆိုသူကို အမြန်ဆုံး ဖမ်းဆီးရမိရန် KNU မှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ဇော်ဝင်းနှင့် Daily Eleven တို့ သီးသန့်တွေ့ဆုံစဉ် ရဲချုပ်မှ ပြောကြားခဲ့သည်။
နေတိုးဆိုသူမှ KNU တွင် ငါးနှစ် တာဝန်ထမ်းဆောင်ပြီး ၂၀၀၈ ခုနှစ်တွင် ထွက်ခဲ့သူ စောမြင့်လွင်ကို ငွေကျပ်ငါးသိန်းနှင့် ရွှေလုပ်ကွက် တစ်ကွက် ပေးမည်ဟုဆိုကာ လုပ်ဆောင် စေခိုင်းခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ဗုံးပေါက်ကွဲမှု ခုနစ်ကြိမ်၊ ဖော်ထုတ် သိမ်းဆည်းရမိမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့သူ သုံးဦး သေဆုံးခဲ့၍ အမေရိကန်နိုင်ငံသူတစ်ဦး အပါအ၀င် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဖြစ်စဉ်များကို ကွင်းဆက် ဖော်ထုတ်ရာတွင် အင်တာပို ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
 Ref ; http://www.oppositeyes.info
    

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...