Ads (728x90)



DKBA က ကရင်ပြည်နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးဆောင်ပြီ--

ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင်
တို့ကို ရောင်းချခြင်းမပြုရ ဟူသော အချက်အပါအ၀င် စည်းကမ်းချက် ၄ရက် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ ထုတ် ပြန် ဟူ ၍ အမှတ် (၈
၁ ) အောက်တိုဘာ ၁၉ရက်နေ့ ၊၂၀၁၂ နေ့ ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာ
နယ် မျက်နှာ ဖုံးပေါ် တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းတွင်
• ဘားအံမြို့ မဲဘောင်ကျောင်းတိုက် အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ေ
ပါင်း ၉ခု အနက် အမှတ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှု မှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူး များ အပါအ၀င် လူပေါင်း ၁၀၀ကျော်တက်ရောက်ခဲ့ကြောင်း

• ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်

(၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင် များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း ၊ ပေါင်နှံခြင်း ၊ မပြုရန်

(၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင် နှင့် အိမ်ထောင်မပြုရန်

(၃) ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်မှာသာ အားပေးရန် ၊

(၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များ အတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်
တို့ဖြစ်သည်။

• ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊

• အောက်တိုဘာ ၁၄ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း

• ယင်းအစည်းအဝေးမတင်မီ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊

• ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များ အား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာန နှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

Credit to: Black Angle
----------------------------------------
သာသနာ့အလံတွေကိုကိုင်ထားတဲ့ တပ်ဖွဲ့ ဝင်တွေက
DKBA - Democratic Karen Buddhist Army ကပါ။
(မိမိဒေသကိုကာကွယ်တဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတခုက
သည်လို သာသနာ့အလံတွေကိုင်ပြီး ... ကာကွယ်စောင့် ရှောက်ဖို့ 
အခုလို ခိုင်ခိုင်မာမာရပ်တည်ခြင်းဟာ အင်မတန်ကို အားရစရာပဲ။

-----------
Chit Thu Sky

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...