ကိုးတန်းကျောင်းသား ညီအငယ်ဆုံး ဝဏ္ဏဇော် နှင့် တကျောင်းတည်းသူငယ်ချင်း ဖူးဖူးတို့ လူငယ်ချင်းမေတ္တာမျှနေသည်ကို အိမ်က မိဘတွေ မသိမဟုတ်.သိသည်။ အရွယ်မရောက်ခင် အစွယ်ပေါက်သည်ကို မနှစ်သက်သော်လည်း လူကြီးမိဘများက အတင်းအဓမ္မကန့်ကွက်တားမြစ်ပြန်လှ
ထိုနေ့က အပ်ချုပ်စက်လာပေါင်သူမှာ သူ၏ကိုယ်ပိုင်မဟုတ်သော အပ်ချုပ်စက်ခေါင်းကိုလာပေါင်သွာ
ထိုအခါမှ ကင်းသမားများ အိမ်တွင်းသို့ အပြေးအလွှားဝင်ရောက်သွားချိန်တွ
သို့ရာတွင် ဖူးဖူးဈာပနသို့ ဘယ်ပုံဘယ်နည်းဖြင့် ဝဏ္ဏရောက်သွားခဲ့သည်မသိ။နောက်တရက
ဆေးရုံရောက်တော့ ဆရာဝန်၊ဆရာမတွေက ညီဖြစ်သူအား နှာခေါင်းပိုက်မှ တဆင့် ဟောလစ်သွင်းပေးသည်။ သွင်းပေးသော ဟောလစ်ရည်တွေဝင်တော့ ဝင်သွားသည်။ အခြားပိုက်တခုမှနေ၍ သွေးတွေထွက်လာသည်။ သတိမရတချက် ရတချက် ဖြစ်နေသည်။ အမေက ဗေဒင်သွားမေးသည်။ ဟုတ်လား မဟုတ်လား မသိပေမယ့် အမှောင့်ပယောဂ တစုံတရာ ရှိနေသည်ဟု သိရသည်။ ဖူးဖူးကွယ်လွန်ပြီး ခြောက်ရက်မြောက်နေ့၊ ညီဖြစ်သူ နေထိုင်မကောင်းဖြစ်ပြီး သုံးရက်မြောက်နေ့တွင် သတိပြန်လည်လာသည်။ အိမ်က မိဘညီအစ်ကိုမောင်နှမတွေကို တွေ့လိုသည်ဆိုသဖြင့် မိသားစုအားလုံးဆေးရုံလိုက်သွာြး
ဆေးရုံရောက်တော့ သူသွားတော့မယ်ဟု ဆိုသည်။ သိပ်မကြာ အသက်ပါ ပါသွားတော့သည်။နှလုံးရောဂါ အခံရှိသူအမေ ရုတ်တရက်လဲကျမလို ဖြစ်သွား၍ အဖေလှမ်းထိန်းလိုက်ရသည်။ ဆေးရုံနှင့် ညှိပြီး ဝဏ္ဏ၏ ကျန်ရစ်သော ခန္ဓာကိုယ်ကို အိမ်ပြန်သယ်ဖို့ စီစဉ်သည်။ ဆေးရုံမှ လက်လျှော့လိုက်သဖြင့် ဝဏ္ဏကို ပြန်ခေါ်လာတော့မည် သတင်းကာ အိမ်ပြန်ပြီး မီးစက်နှိုးထားသည်။ လူနာတင်ကားငှားပြီး ဒရစ်ပိုက်တန်းလန်းဖြင့် ဝဏ္ဏ၏ ကျန်ရစ်သော ရုပ်ခန္ဓာကို ပြန်သယ်လာခဲ့သည်။ အိမ်ရောက်ပြီး တနာရီခန့်ကြာမှ ဝဏ္ဏဆုံးပြီဟု ဆိုကာ ငိုကြရသည်။ ဝဏ္ဏ၏ ကျန်ရစ်သော ပစ္စည်းပစ္စယတွေကို အိမ်မှာထားရန်မသင့်ဟု လူကြီးသူမများပြောသဖြင့် ခြံထဲတွင် မီးရှို့ဖို့ စီမံရပြန်သည်။ အဝတ်ထည့်သည့် သေတ္တာ၊ အဝတ်အစား၊ လွယ်အိတ်၊ ကျောင်းသုံးပစ္စည်း၊ စာကြည့်စားပွဲ၊ကုလားထိုင်တွေက အစ ရိုးရာဓလေ့အရ မီးရှို့ရမည်ဖြစ်သည်။ စာကြည့်စားပွဲပေါ်က စာအုပ်တွေရှင်းနေရင်း ဝဏ္ဏ၏ ဒိုင်ယာရီစာအုပ်လေးကို အမှတ်မထင်တွေ့မိသဖြင့် ဘာရယ်မဟုတ် ယူကြည့်လိုက်မိရာ စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် နှင်းဆီပန်းခြောက်တပွင့်နှင့် အတူ ညီဖြစ်သူ၏ လက်ရေးဖြင့် ရေးသားထားသော စာကို တွေ့လိုက်ရသည်။ရေးသားထားသည်က
" ဖူးဖူးနေစရာ မရှိဘူး လို့ အိပ်မက်ထဲမှာလာ ပြောလို့ ဖူးဖူးကို နှင်းဆီပွင့်လေးနဲ့တူတူ ခေါ်လာခဲ့တယ် " ဟူ၍ ဖြစ်သည်။ ထိုနှင်းဆီပွင့်မှာ ဖူးဖူးဈာပနနေ့တွင် သပိတ်သွပ်တရားချိန်၌ ကွယ်လွန်သူအား တရားနာရန်ပင့်ဖိတ်သည့် အနေဖြင့် အသုံးပြုခဲ့သည့် နှင်းဆီပွင့် ဖြစ်သည်။
ညီဖြစ်သူ၏ဈာပန စီစဉ်ရာတွင် ဖူးဖူးအုတ်ဂူနှင့် ကပ်လျက်တွင် ဂူသွင်းမြှုပ်နှံပေးခဲ့သည်။ဖြစ်
စာအရေးအသားညံ့ဖျင်းမှုကို သည်းခံဖတ်ရှုပေးကြပါ။ကာယကံရှင်က
credit To-ကွင်းပိုင်ကြီး
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။