Ads (728x90)


 
ရန်ကုန်- အောက်တိုဘာ ၂၄
ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း တရားမ၀င် သစ်ခုတ်လှဲ၍ စုပုံခြင်း၊ ပြည်ပသို့ သစ်ခိုးထုတ်ခြင်းများကြောင့် နယ်မြေရှင်းလင်း ဆောင်ရွက်ရာ ကျွဲနွားမှောင်ခို သမားများ ဖမ်းဆီး ရမိပြီး လက်နက်ငယ်၊ ကျည်နှင့် ဆက်စပ်ပစ္စည်းများ ၊ နွားများ၊ သစ်တင်ယာဉ်များ၊ သစ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
မံစီမြို့နယ် မံစီ၊ မိုးမိတ်၊ မဘိမ်းနယ်မြေအတွင်း နယ်မြေခံ စစ်ကြောင်းက ရှင်းလင်း ဆောင်ရွက်ရာ အောက်တိုဘာ ၂ ရက်မှ ၅ ရက်အထိ ယာဉ်မျိုးစုံ ၇ စီး၊ သစ်မျိုးစုံ ၃၃၄ တုံး၊ ဆီတိုင်ကီ အလွတ် ၁၂ လုံး၊ ကျွဲနွား မှောင်ခိုသမား ၁၂ ဦး၊ ကျွဲ ၉ ကောင်၊ နွား ၂၂ ကောင်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်တို့တွင် ကျွဲနွားမှောင်ခိုသမား ၁၉ ဦး၊ နွား ၅၆ ကောင် ကို ဖမ်းဆီးရမိပြီး သစ်ခိုးထုတ်သူများ ထားရှိခဲ့သော သစ်တင်ကရိန်း ၅ စီး၊ သစ်မျိုးစုံ တန် ၂၀၀ နှင့် သစ်ခိုးထုတ်မှုတွင် ပါဝင်ပက်သက်သည်ဟု ယူဆရသူ တစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် အလောင်းတစ်လောင်း၊ လက်နက်ငယ် ၁ လက်၊ ကျည်အတောင့် ၂၀၀၊ ကျည်ကတ် ၃ခု၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်ကာအကျီင်္ ၄ ထည်၊ ကျည်ကာဦးထုတ် ၄ လုံး၊ လမ်းလျှောက် စကားပြောစက် ၂လုံး၊ ကျွဲနွားမှောင်ခို ၃၁ ဦး၊ သစ်ခိုးထုတ်မှုတွင် ပါဝင်ပက်သက်သည်ဟု ယူဆရသူ တစ်ဦး၊ ကျွဲ ၉ ကောင်၊ နွား ၇၈ ကောင်၊ ယာဉ်မျိုးစုံ ၁၂ စီး၊ သစ်မျိုးစုံ ၂၂၆ ဒဿမ ၈တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ သတင်းရရှိသည်။
 
မြဝတီ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...