Ads (728x90)

Photo: ### ကိုအောင်လ နှင့် ထိုတည ###

           Studio နာမည်ကိုတော့ ထည့်မပြောပါရစေနဲ့တော့။ တော်ကြာ သူတို့ စီးပွားရေးကို တုတ်နဲ့ထိုးရပါ့မလားဆိုပြီး တရားတဘောင်စွဲနေလို့ နေရင်းထိုင်ရင်းနဲ့ ပြေးပေါက်မှားနေမှာစိုးလို့ပါ။ကျွန်တော်နဲ့ပတ်သတ်တဲ့Studio
တခုလို့ပဲ သဘောပေါက်လိုက်ကြပါ။ အဲ့ဒီတုန်းက အဆိုတော်အောင်လ
Band(NC-13) ကနေ မထွက်ရသေးဘူး။ အဲ့ဒီညမှာ Vocal သွင်းဖို့အတွက် Night Dutyယူကြတယ်။ ညစောစောပိုင်းတုန်းက အားလုံးအေးဆေးပဲ။ Band Memberတွေ ဗိုက်ဆာတယ်ပြောပြီး စားစရာထွက်ဝယ်ကြတယ်။ အောင်လရယ်ကျွန်တော်ရယ်
ပဲကျန်နေခဲ့ကြတယ်။ အရှိန်ရနေတာနဲ့ အသံဆက်သွင်းနေကြတာပေါ့။ အဲ့မှာ စလာတော့မယ်.........။
          အောင်လဆိုနေရင်းနဲ့ တခုခုတဲ့ရိုက်တဲ့၊ ပုတ်တဲ့ အသံလေးတွေကြား
လာတယ်။ သူက Vocal room ထဲက ကျွန်တော်က control roomထဲမှာ။ကျွန်တော်ကိုယ်တိုင်ပဲ အသံဖမ်းပေးနေရင်း ကြား
လာတာ။ အသံဖမ်းအင်ဂျင်နီယာဆိုတာ သူများမကြား
တာကြားတဲ့လူတွေ နားအရမ်းပါးကြတယ်ဆိုတာ သိကြမှာပါ။ စက်တွေကိုရပ်
လိုက်ပြီး အောင်လ ကိုပြောရတော့တာပေါ့။

     "ဟေ့ကောင်ဘာလို့ ပေါင်ပုတ်ပြီးဆိုနေတာလဲ???ခုထိ Tempo မနိုင်ရင်မဆိုနဲ့ကွာ"လို့ဆူတော့တာပေါ့။
 အောင်လ ကလည်းကျတော့်အိမ်မှာပဲနေတုန်းဆိုတော့ ပြောမနာ၊ဆိုမနာပဲလေ..

     "ကိုကမ္ဘာ ကျတော်ပေါင်မပုတ်ပါဘူး"..
      သူကအေးဆေးဆိုတယ်သာပြောတယ်။ ဒီဘက် Control Room မှာတော့ ပြဿနာကပြနေပြီ။
သူပြောတာကို မယုံတာနဲ့
သု့ အခန်းထဲသွားပြီး သူဝတ်ထားတဲ့ လက်ကောက်တွေ၊ နာရီတွေသွားတောင်းတာပေါ့။
အဲ့ဒါတွေကလည်း သီချင်းဆိုရင် mood ဝင်လာလို့ လူကလှုပ်ရင် အသံပါလာတတ်ရောလေ။ အခန်းထဲကပြန်
အထွက်မှာ အနောက်ဘက်ကမှန်ချပ်ကြီးကို လက်နဲ့တောက်လိုက်တဲ့အသံ
ကြားလိုက်တယ်။ ချက်ချင်းပဲ "အောင်လ..အောင်လ..ထွက်ထွက်..ဒီထဲမနေနဲ့..ငါသိနေပြီ..လာလာ"
ဆိုပြီး သူ့ကိုခေါ်ထုတ်လာတယ်။ မီးတွေအားလုံးဖွင့်
Drum Room ထဲကိုလိုက်ရှာတာပေါ့။ အသံဖမ်းအင်ဂျင်နီယာ တယောက်တလေများ ရှိနေလို့ လားဆိုပြီး
လိုက်ရှာကြည့်တော့လည်း တယောက်မှမတွေ့ဘူး။ အပြင်ကပြန်လာတဲ့ Band လူတွေ ကိုပြောပြရတော့တာပဲ။ 

     "ငါတို့ အသံတွေကြားနေရတယ်..တခုခုဖြစ်နေပြီ"  လို့ ပြောလိုက်တော့..သူတို့ကလည်း
        "ဒါဆိုခဏနားကွာ"..
ဆိုပြီးရပ်ထားကြတယ်။ တော်တော်ကြာတော့မှပြန်စတာပေါ့။ အောင်လကို vocal ခန်းထဲပြန်သွားခိုင်းပြီး
Recordခလုပ်နှိပ်ပြီးပြီးချင်းမှာတင်
MIC ကိုလက်နဲ့လာတောက်တဲ့အသံ..
          "ထောင်"...
ဆိုပြီးကြားရပြန်ရော..။

အဲ့ဒီမှာကျတော်တို့ NC13 က(တေးရေး,,BASS သမား)ကိုအောင်ကိုမြင့်က

"အောင်လ,ရာ
မကြောက်ပါနဲ့ မင်းဆိုတာကြိုက်လို့  အားပေးနေတာပါ"

လို့မှန်ခန်းနားကပ်ပြီးပြောလိုက်
တာ ပြောပြီးပြီးချင်း ကိုအောင်ကိုမြင့်ဘေးနားမှာရှိနေတဲ့ တံခါးကြီးကို အတွင်းကနေ လက်သီးနဲ့
တအားထိုးချလိုက်တဲ့အသြံ့ကီး..ဒုန်း...ခနဲ  ထွက်လာတော့ ကျုပ်တို့ ပဲအလျော့ပေး
လိုက်ရတယ်။ Duty လည်း ဖျက်လိုက်ကြရတယ်။ ပထမ၂ ယောက်ထဲရှိနေတုန်းကတိုးတိုးကနေကျယ်
လာတယ်။ ခုလူ၆ယောက်ရှိလာရော တံခါးကို လက်သီးနဲ့ထိုးပြလာတယ်။ မလိုလားတာတွေ
ဖြစ်မှာစိုးလို့ Duty ကိုရပ်လိုက်ကြတယ်..(အောင်လ ခမျာလည်း တော်တော်လေးကို အသံတုန်နေပြီ.လေ:))...)

သူတပါးစီးပွားရေးမို့ STUDIO NAME မပြောတော့ဘူးနော်........

 ကိုယ်တွေ့ ဖြစ်ရပ်မှန်း အကြောင်းအရာအား တဆင့်ပြန်လည်ဝေမျှပေးသူ ကို Pe Kabar Nyein Chan(ဖေကမ္ဘာငြိမ်းချမ်း) အား Admin များ အားလုံးမှ အထူးကျေးဇူးတင်ပါသည်။

Credit - Ywartawshin
ADMIN - Htut Htet

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...