ကြီးထွားလာသော သန္ဓေသားကို ထောက်ပံ့ပေးရန်အတွက် ၀မ်းဗိုက်ရှိကြွက်သားများဆွဲဆန့်ခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ ပေါင်းနဲ့ခြေသလုံးတလျှောက်နာကျင်ခြင်းခံစားရလေ့ရှိပါတယ်။
၎င်းနာကျင် မှုများသက်သာစေရန် -
- သက်သောင့်သက်သာအနေအထားတွင်နေပါ။ ရုတ်တရက်လှည့်ခြင်း၊ ရွေ့လျားခြင်းတို့ကို ရှောင်ရှားပါ။
- တင်းအားများလျော့ကျပြီး ကြွက်သားများ သက်သောင့်သက်သာဖြစ်စေရန်
နာကျင်မှုခံစားရတဲ့နေရာဘက် သို့ခန္ဓာကိုယ်ကို ကွေးညွတ်ပေးပါ။
- ရေနွေးဖြင့်ရေချိုးပါ။
- ရေများများသောက်ပါ။
- ကိုယ်ဝန်ဆောင် 3 ပတ်မတိုင်ခင်မှာ ဗိုက်အောင့်ဝေဒနာကို ခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
Dr. Htet Htet Aung
www.drmyanmar.co
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။