Ads (728x90)



၂၀၁၆ အူရီဒူး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဦးဆောင်လျှက် ရှိသည့် ရတနာပုံ အသင်းသည် ယခုတစ်ပတ် ပွဲစဉ် ၆ တွင်လည်း အိမ်ကွင်း၌ ဒါဘီပြိုင်ဘက် ဇေယျာရွှေမြေကို ဂိုးပြတ် အနိုင်ကစားကာ ဇယားထိပ် ပြိုင်ဘက် ဟံသာဝတီ၏ သရေပွဲကို အခွင့်ကောင်းယူပြီ နှစ်မှတ်အကွာဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင် နိုင်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ရတနာပုံ အသင်းသည် တိုက်စစ်မှူး ကိသ်၊ ကွင်းလယ်လူ ရဲကိုဦးတို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သွင်းဂိုးများနှင့် ပထမပိုင်း
ယခုပွဲတွင် ရတနာပုံ အသင်း ရရှိခဲ့သည့် ဂိုးများ အားလုံးကို ပထမပိုင်းတွင် သွင်းယူခဲ့ခြင်း ဖြစ်ပြီး ပွဲချိန် ၃၃ မိနစ်နှင့် ၃၉ မိနစ်များတွင် သွင်းယူခဲ့ကြခြင်း ဖြစ်သည်။ ရတနာပုံ အနေဖြင့် ပွဲစချိန် ကတည်းက ခြေစွမ်း အသာစီးဖြင့် ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ဖန်တီးနိုင်ခဲ့သည်။ ဇေယျာရွှေမြေမှာမူ တိုက်စစ်မှူး ဗစ်တာ ပါဝင်နိုင်ခြင်း မရှိသောကြောင့် နိုင်ဦးလွင်ကို တိုက်စစ်တွင် အသုံးပြု ခဲ့သော်လည်း နိုင်ဦးလွင်မှာ ရတနာပုံ ခံစစ်မှူးများကို မကျော်နိုင်ခဲ့ သောကြောင့် တိုက်စစ်ပိုင်း အားနည်း ခဲ့ရသည်။ ရတနာပုံ တိုက်စစ်မှူး ကိသ် အနေဖြင့် ပွဲချိန် ၂၉ မိနစ်တွင် ပင်နယ်တီ တစ်လုံး ကန်ခွင့်ရခဲ့သော်လည်း ဝင်အောင် မသွင်းနိုင်ခဲ့ သောကြောင့် ရတနာပုံတို့ ဦးဆောင်ဂိုး စောစောစီးစီး ရမည့် အခွင့်အရေး တစ်ရပ်ကို လက်လွှတ် ခဲ့ရသည်။ ပွဲချိန် ၃၃ မိနစ်တွင်မူ ကိသ်က ရတနာပုံအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ကိသ်၏ ထိုဂိုးမှာ ဇေယျာရွှေမြေ နောက်ခံလူ ဝင်းဇင်ဦးနှင့် ထိပြီး ဝင်သွားခဲ့ခြင်းကြောင့် အငြင်းပွားဖွယ် ဖြစ်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ကိသ်၏ သွင်းဂိုးအဖြစ် သတ်မှတ် ပေးခဲ့သည်။ ပွဲချိန် ၃၉ မိနစ်တွင်မူ ရဲကိုဦးက ဧရိယာ အပြင်မှ ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းကာ ဒုတိယဂိုး ရယူပေးခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် ရတနာပုံကို ပွဲကို ဦးဆောင်နေခဲ့သည်။
ပြည်မိုးလည်း မကယ်နိုင်
ုဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း ရတနာပုံ အသင်းကသာ ခြေစွမ်းအသာဖြင့် ဖိကစားခဲ့ပြီး ဇေယျာရွှေမြေမှာ တန်ပြန်တိုက်စစ်မှသာ တစ်ချက်တစ်ချက် ပြန်လှန် ထိုးဖောက်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် နိုင်ဦးလွင်အစား ပြည်မိုးကို ပြောင်းလဲ ထည့်သွင်းကာ ဇေယျာရွှေမြေ အသင်း တိုက်စစ် မြှင့်ခဲ့သည်။ သို့သော် ပြည်မိုးမှာလည်း ရတနာပုံ ခံစစ်အတွဲ ဖြစ်သည့် ဝီလီယမ်နှင့် နေမျိုးအောင် တို့ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ရတနာပုံ အနေဖြင့် ထိုးဖောက်ခွင့် အများအပြား ရခဲ့သော်လည်း တိုက်စစ် ကစားသမားများ တစ်ဦးနှင့် တစ်ဦး လူပေးခြင်း မရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ ကန်သွင်း နေခဲ့သောကြောင့် ဂိုးထပ် မရတော့ပဲ ပွဲပြီးဆုံးခဲ့ ရသည်။
 
http://www.themnl.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...