ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲများကြောင့် အစာခြေစနစ်ကို နှောင့်နှေးစေပြီး စားချဉ်ပြန် ခြင်းနဲ့ ရင်ပူခြင်းကိုဖြစ်စေပါတယ်။
ရင်ပူတာကို သက်သာစေရန် -
1. အစာကို နည်းနည်းနဲ့ ခဏခဏစားပေးပါ။
2. အစားကို ဖြေးဖြေးချင်းစားပါ။
3. ပူနွေးသောအရည်များ (ဥပမာ- နွားနို့ပူပူ)သောက်ပါ။
4. အပူအစပ်နဲ့ အရက်သေစာများ ရှောင်ရှားပါ။
5. အစာစားပြီးပြီးချင်း လှဲမအိပ်ပါနှင့်။
6. အဆီများတဲ့ အစားအစာများနဲ့ အချိုစာများကို တပြိုင်နက်တည်းမစားပါနှင့်။
7. ဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သော ဆေးဝါးများမှီဝဲပါ။
Dr. Htet Htet Aung
www.drmyanmar.com
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။