Ads (728x90)

 
-
-
 
-
 
-
 
-
 


အမျိုးစောင့်ဥပဒေကို ကန့်ကွက်ကြတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဟာ အမျိုးသမီးတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် လိုလားသူတွေ မဟုတ်ကြပါဘူး။

အမျိုးသမီးများ အကြမ်းဖက်ခံရတဲ့အခါ ဥပဒေကြောင်းအရဖြစ်စေ၊ ငွေကြေး အရဖြစ်စေ၊ စိတ်ဓာတ်ခွန်အား ဖြစ်စေ အကူအညီပေးတာမျိုး မရှိကြပါဘူး။
မူဆလင်နှင့်ညားသည့် အမျိုးသမီးများ အစ္စလာမ်ဘာသာထဲ မဖြစ်မနေ ဝင်ရတဲ့အခါ၊ ဆွမ်းတော်တင်လို့လက်ပုတ်အောင်အရိုက်ခံရတဲ့အခါ၊ ဥပုသ်စောင့်မိလို့ ဗိုက်ပျက်ကျအောင် နှိပ်စက်ခံရတဲ့အခါ၊ ဘုရားပန်းတင်လို့ အသတ်ခံရတဲ့အခါမျိုးမှာ ဘာတစ်ခုမှ အကူအညီမပေးခဲ့ကြပါဘူး။
လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အိမ်ရှင်မအခွင့်အရေးလုံးဝမရဘဲ စစ်သုံ့ပန်းတွေလို မျက်ရည်ကို ဒူးဖြင့် သုပ်နေရရှာတဲ့ မူဆလင်မယား တိုင်းရင်းသူမတွေအပေါ် လုံးဝစာနာမှုမရှိကြတဲ့ မကန့်ကွက် ဒေါ်ကန့်ကွက်တွေ ပဲဖြစ်ပါတယ်။

မစားရတဲ့အမဲ သဲနှင့်ပက်ကြတဲ့ မကန့်လန့် ဒေါ်ကန့်လန့်တွေပဲ ဖြစ်ပါတယ်။
“ဘာသာရေးဆိုပေမဲ့ လူ့အခွင့်အရေးနဲ့ မဆိုင်ဘူးလို့ ခွဲခြားထားလို့ မရပါဘူး။” “လွှတ်တော်အတွင်း တင်သွင်း ဆွေးနွေးခြင်းကို စောင့်ကြည့် သင့တယ်” ဆိုတဲ့ ဒေါ်းဒွဲဘူစကားဟာ အမျှတဆုံး အမှန်ကန်ဆုံးပါ။

အဖွဲ့အစည်း(၉၇) ဆိုပြီးလည်း အထင်ကြီးစရာမရှိပါဘူး ။ နှစ်ယောက် တစ်ပိုင်းနှင့် ဖွဲ့ထားတဲ့ မြေအောက်အဖွဲ့ အစည်းတွေက များပါတယ်။
ကုလားကာ အမျိုးသမီးအဖွဲ့တွေဖြစ်ပြီး စပွန်ဆာကောင်းလို့ ညောင်းအောင် အာပြနေကြသူတွေက များပါတယ်။

(၉၇)ဖွဲ့အင်အားပေါင်းလို့မှ ရှမ်းပြည်တောင်ပိုင်းအမျိုးစောင့် ဥပဒေထောက်ခံသူ တိုင်းရင်းသူတွေရဲ့ အစွန်းထွက် လောက်တောင် မရှိကြပါဘူး။

လားရှိုးမှ မဇာဇာ
ကလေးမြို့မှ မဝါဝါမြင့်
မန္တလေးမှ မနန်းခိုင်နွေဦး
ရန်ကုန်မြို့မှ မခင်မျိုးဦး
ဒီမိန်းကလေး လေးယောက်နဲ့တင်(၉၇)ဖွဲ့ကို အလဲထိုးလို့ရပါတယ်ဗျာ။
အလုံမြို့မှ မစုစုလတ်ကို ချန်ထားသေးတယ်နော်။ လက်နက်ကြီးနဲ့ ထုတယ် အပြောခံရမှာစိုးလို့ပါ။

သတ္တိရှိရင် စည်းခြင်းထိုးပါ။
ဒီဘက်က မိန်းကလေးစွမ်းဆောင်ရှင်လေးယောက်ထဲနဲ့တိုက်မယ်။ အဲဒီက(၉၇)ဖွဲ့လုံးပေးတယ်။
ဘယ့်နှယ်လဲ……?
သဘောတူရင် ကွင်းရွေးလိုက်။
အဝေးကနေ အော်မနေနဲ့။
ကြားလား…………?

“အမျိုးစောင့်ဥပဒေရေးဆွဲခြင်း အရပ်ဘက်လူမှုအဖွဲ့အစည်း (၉၀)ကျော် ကန့်ကွက်”

အစိုးရဝန်ကြီးဌာနအချို့ ပူးပေါင်းကာ ကော်မရှင်များဖွဲ့စည်းပြီး အမျိုးစောင့်ဥပဒေ ရေးဆွဲနေခြင်းကို အရပ်ဘက် လူမှုအဖွဲ့အစည်း (၉၀)ကျော်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း အဆိုပါအဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်ချက် အရသိရသည်။

အမျိုးစောင့်ဥပဒေပြဌာန်းရေးအတွက် ဥပဒေကြမ်းလေးခုကို ရေးဆွဲနေခြင်း ကို ကန့်ကွက်ကြောင်း အမျိုးသမီး အဖွဲ့အစည်းနှင့် အရပ်ဘက်လူ့အဖွဲ့ အစည်း (၉၇)ခုက မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ပူးတွဲ ထုတ်ပြန်ခြင်းဖြစ်သည်။

အမျိုးစောင့်ဥပဒေကို ပြဌာန်းခြင်းသည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီး များနှင့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်သော အခြားဘာသာဝင်နှင့် တိုင်းရင်းသူ တိုင်းရင်းသားများအကြား တိုက်ရိုက် ခွဲခြားဆက်ဆံသည့် သဘောကိုဆောင်သည့်အပြင် အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ကို အမျိုးသမီးများအပေါ်သာ လုံးဝပုံချလိုက်ခြင်းဖြစ်ကြောင်း ထည့်သွင်းထားသည်။ ထို့အပြင် အမျိုး ဘာသာ သာသနာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် အကြောင်းပြ၍ မြန်မာဗုဒ္ဓဘာသာဝင် အမျိုး သမီးများ၏ ကိုယ်ပိုင်စဉ်းစား ချင့်ချိန်နိုင်းစွမ်းရှိသော ဆင်ခြင်တုန်းတရားရှိမှုကို လေးစားအသိမှတ်ပြုခြင်း မရှိသည်သာမက အမျိုးသမီးတို့အပေါ် မိမိတို့၏ ဘဝနှင့်တိုက်ရိုက်သက် ဆိုင်သော အရေးကိစ္စများတွင် မိမိတို့ ဘာသာ လွတ်လပ်စွာကိုယ်တိုင် ဆုံးဖြတ်နိုင်သည့် အခွင့်အရေးတို့ကို ကန့်သက်ပိတ်ပင် တားမြစ်ချုပ်ချယ်လို သည့်သဘောကို သက်ရောက်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဥပဒေကို ပြဌာန်းပါက အမျိုးသမီးထုအခွင့်အရေး ဖိနှိပ်ခံရ မည်ဖြစ်ပြီး နိုင်ငံသားအခွင့်အရေးနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်မှုကို ထိခိုက်လာနိုင်ကြောင်း ဖန်တီးအိမ်အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က ပြောကြားသည်။
“နိုင်ငံတကာရဲ့အလည်မှာ တရားမျှတမှုမရှိနိုင်ဘဲ မျက်နှာပျက်စရာဖြစ်လာ မယ့် အမျိုးစောင့် ဥပဒေတစ်ခုလို့ သုံးသပ်ပါတယ်” ဟု ၄င်းကဆိုသည်။

အဆိုပါဥပဒေတွင် အမျိုးသမီးထုကို ဖိနှိပ်ခြင်း ပါဝင်လာပါက ကန့်ကွက် သင့်ပြီး လွှတ်တော်အတွင်း ထည့်သွင်း ဆွေးနွေးခြင်း ကို စောင့်ကြည့် သင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

“အခု ရေးဆွဲနေဆဲဆိုတော့ အထဲမှာ ဘာတွေပါမလဲဆိုတာ ပြောလို့ မရသေးဘူး။ ဘာသာရေးဆိုပေမယ့် လူ့အခွင့်အရေးနဲ့မဆိုင်ဘူးလို့ ခွဲခြားထားလို့မရပါဘူး” ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သူ မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူက “ဘုန်းကြီးတို့တင် ထားတဲ့ဥပဒေက သူများတွေကို ထိခိုက်တာမျိုးလည်း မပါဘူး။ လွတ်လပ်စွာ ယူခွင့်ရှိတယ်၊ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ် အမြင်တွေမလွဲပါနဲ့” ဟု ပြန်လည်မိန့်ကြားသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင် ရာ ဥပဒေ၊ လက်ထပ် ထိန်းမြားခြင်းဆိုင်ရာဥပဒေ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေများ ကို ပြဌာန်းပေးရေး သုံးသပ်စဉ်းစားပေးရန် ပြည်ထောင်စု နာယကထံ သဝဏ်လွှာပေးပို့ခဲ့သည်။

by ၀ီရသူ
(8 photos)
 
 -----------------------------------------------------------------------------------

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...