ဗွေးတုတ်ကုန်းရွာတောင်ပိုင်း ဂွတို Yangon Yarzar ထန်းတော
“ဟေ့ကောင်တွေ ဟေ့ကောင်တွေ မပြေးနဲ့ သူကြီးကလိုက်တယ် ဒိုင်းညောင့်”
အသံသေးအသံကြောင် သီချင်းသံကြောင့် ချက်ကြီး Aüñg Kÿáw Sôë Npg ထန်းရေအိုးထဲ စိုက်နေတဲ့ ခေါင်းကို ဘယ်လက်နဲ့ မနည်းမပြီး မှေးနေတဲ့ မျက်စီကို ညာလက်နဲ့ဖြဲလို့ ကြည့်လိုက်တော့ ရွာသူဌေး ဒေါ်မဲလုံးရဲ့သား ဇင်ဘို Freddie Raymond…..
“ဟေ့ကောင် ဇင်ဘို …. မင်းဘာသီချင်းဆိုတာလဲ …. ငါ့ဘာသာ သူကြီးလိုက်လိုက် မလိုက်လိုက် မင်းအပူဘာပါလဲ”
ချက်ကြီးကျော်စိုး စကားကို ဇင်ဘို ဂရုမစိုက်ဟန်ဖြင့် “သူကြီးကလိုက်တယ် ဒိုင်းညောင့်” ဆိုပြီး ၃ ခေါက်လောက် ထပ်ရွတ်တယ်
ဇင်ဘိုဆိုတာကလည်း ခေသူမှ မဟုတ်တာ …. ရွာစော်လူမိုက် ချက်ကြီးကျော်စိုး နေရာကို အချိန်မရွေး ၀င်လုဖို့ ကြိုးစားနေသူ ….. နောက်ပြီး သူကြီး သမီး အငယ်မ ဂီဂီကို ကြိုက်မရှက် ငိုက်မရှက် ပိုးနေသူ …. ဒီတော့ကာ မနေ့က ချက်ကြီးကျော်စိုး သူကြီးအိမ်ကနေ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာကို သိတော့ ၀မ်းသာအားရနဲ့ကို သီချင်းဆိုပစ်လိုက်တာ ….
ဘေးနားက ၀ိုင်းတွေကတော့ ပွဲဖြစ်ပြီဟ ဆိုပြီး ပြီတီတီ ရုပ်တွေနဲ့ ၀ိုင်းတွေကို အနောက်ဆုတ် ထန်းရေတကျိုက် ပဲလှော်တစ်ကိုက်နဲ့ ရုပ်ရှင်ကို အထူးတန်းက ကြည့်ရသလို အိုက်တင်တွေနဲ့…..
ထန်းတောပိုင်ရှင် ဂွတိုရာဇာက “မင်းတို့ ရန်မဖြစ်ကြနဲ့နော် မင်းတို့ ရန်မဖြစ်ကြနဲ့နော် ငါ သူကြီးကို တိုင်မှာ” လို့ တကြော်ကြော်အော်ရင်း သူ့ထန်းရေအိုးတွေ ကွဲမှာစိုးလို့ အူယားဖားယား လိုက်သိမ်းနေချိန် …
ချက်ကြီး ထတယ် …. မရဘူး … ယိုင်ထိုးနေတော့ ဘေးနားက သူ့သောက်ဖော်စားဖက် Ye Naung က ချက်ကြီး လက်မောင်းကို ထိန်းကိုင်ရင်း ဇင်ဘို့ကို လှမ်းပြောတယ်။
“ဟေ့ကောင် ဇင်ဘို …..ချက်ကြီး မူးနေပြီကွ … နောက်နေ့မှ ချမယ် ”
ဘယ်ရမလဲ ဇင်ဘိုကို ဒီလိုစမ်းလို့ ……. ချက်ကြီးကျော်စိုး ဒေါင်ချာစိုင်းအောင် မူးနေမှန်းသိလို့ကို စိန်ခေါ်တာ …. ချက်ကြီး အမူးပြေသွားရင် မလွယ်ရေးချ မလွယ် …. ဒီကောင်ချက်ကြီးက အသတ်အပုတ်က ကျွမ်းဆိုတော့ သာမန်အချိန်ဆို နိုင်ဖို့မလွယ်။
ဇင်ဘို ဒီလိုနည်းနဲ့ ဘယ်အလွတ်ပေးမလဲ ... ချက်ကြီးကို စိန်ခေါ်ဖို့ ပါးစပ်ပြင်နေတုန်း ....
“ဟေ့ ဘာဖြစ်နေကြတာလဲ … ငါ ထန်းရေ သောက်ချင်တယ်။ အကောင်းဆုံး ထန်းရေနဲ့ အကောင်းဆုံး အမြည်းတွေပေးစမ်း”
ဒီအသံ … ဒီအသံ … အားလုံးသိတဲ့ ဒီအသံ
မီးကိုရေနဲ့ ငြိမ်းလိုက်သလို ထန်းတော တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ ညောင်နာနာ အသံစူးစူး ကြားရာကို တချို့က မရဲတရဲ လှည့်ကြည့်တယ် …..တချို့က ခေါင်းလေးတွေငုံ့ရင်း …. တချို့က “ဂွတိုရာဇာရေ နောက်မှ ရှင်းတော့မယ်” ဆိုပြီး ခပ်ရို့ရို့နဲ့ ထန်းတော အပြင်ကို ထွက်ရင်း အပြင်ရောက်တာနဲ့ သုတ်ခြေတင် ပြေးကြရော ….
ကြည့်လော့ မိတ်ဆွေ … ရှု့လော အဆွေ
မရပ်က ကလန်ကလား …. ရေမချိုးတာကြာတဲ့အသားအရေတွေက မဲညစ်ညစ် …. အပေါ်အင်္ကျီက အပွ၊ ရှမ်းဘောင်းဘီကို ဒူးကနေဖြတ် ၀တ်ထားတယ်။ အာလောင်အာလောင် အော်ရင်း လက်တစ်ဖက်က လေးဂွကိုင်ပြီး ခြေနှစ်ချောင်းကို အသားကုန်ဖြဲ ..... ခြေလှမ်းကျဲကြီးတွေနဲ့ ထန်းရေဆိုင်ထဲ ၀င်ချလာတာက သူကြီးသမီး အငယ်မ ဂီဂီ Hnin Theingi Hlaing Npg
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။