Ads (728x90)


--------------------------------------------------------------

ရန်ကုန် မေ ၇။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် နဲ့ အော်ရီဒူး ဆက်သွယ်ရေး ကုမဏီ တို့ ပူးပေါင်း ကျင်းပသော MFF Ooredoo Cup 2014 ပြိုင်ပွဲ ဒုတိယ အဆင့် ရှုံးထွက် ပွဲစဉ် အဖြစ် ဟံသာဝတီ ယူနိုက်တက် အသင်း နှင့် မောရဝတီ အသင်း တို့ ပဒုမ္မာကွင်းတွင်ညနေ ၃း ၃၀ နာရီ အချိန်က ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ယနေ့ ပွဲစဉ်သည် ရှုံးထွက် ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်း စလုံး အမာခံ ကစားသမားများ ဖြင့် ပွဲထွက်လာခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန် စွာ ကစားခဲ့ကြပါသည်။ဟံသာဝတီ အသင်း အနေဖြင့် ယနေ့ ပွဲစဉ်အတွက် တက္ကသိုလ် အသင်း နှင့် ပွဲထွက် လူစါရင်း အား ခြောက်နေရာအထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ဂိုး ကိုကိုနိုင် ( အသင်းခေါင်းဆောင်) နောက်တန်း၊ မင်းနောင်ဦး၊ ထူးနေအောင်၊ အောင်မင်းညွန့်၊ အောင်ဖြိုးမြင့်၊ အလယ်တန်း သက်နောင်ထွေး၊ ဝေဖြိုးသူ၊ကျော်ဇေယျ၊ ဘမ်ဘာ၊အောင်အောင်ဦး၊အထောင်တိုက်စစ်မှုး အဖြစ် ချီကာ ကို နေရာချ ကာ ( ၄.၅.၁ ) ပုံစံခင်းကျင်း ခဲ့ပါသည်။

ထို့ကြောင့် အသင်းအနေဖြင့် ကွင်းလယ် ပိုင်း စိုးမိုး နိုင်ခဲ့ပြီး တိုက်စစ်လမ်းကြောင်း များ ဖြန့်ကျက်နိုင်ခဲသောကြောင့် ပွဲအစ ၆ မီနစ်မှာပင် အသင်း အတွက် ဦးဆောင်ဂိုး ကို ဘမ်ဘာမှ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါသည်။ထို့နေက် ဆက်လက် ဂိုးသွင်းယူနိုင်ရန် တိုက်စစ်မြှင့်ခဲ့သော်လည်း မောရဝတီ ဂိုးသမား ကာကွယ်မှုကောင်းခြင်း၊ အသင်း တိုက်စစ်မှုးများ ဂိုးပေါက်လွဲချော် ခဲ့ခြင်းတို့ကြောင့် နောက်ထပ်ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပထမ ပိုင်း ပြိးဆုံးခဲ့ပါသည်။

ထို့နောက် ဒုတိယ ပိုင်း ဆက်လက် ကစားခဲ့ရာ ချေပဂိုးရရှိရန် တုန့်ပြန်ကစားလာသော မောရဝတီ အသင်း ရုန်းအားကြောင့် အသင်းမှာ တိုက်စစ်အနည်းငယ် ကျဆင်း ခဲ့ရပါသည်။ သို့သော်လည်း ရရှိသော အခွင့်အရေးများ ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မည်ဆိုပါက ယခု ထက် ဂိုးပြတ်သွားဖွယ်ရှိပါသည်။ထို့သို့  ကစားနေရင်း ပွဲချိန်၇၈ မိနစ်အရောက်တွင်လူစားဝင် ကစားသမား အောင်မျိုးသူရ မှ မောရဝတီ ဂိုးစည်းအတွင်းဘေးတိုက် ကန်သွင်းယူရာတွင် ပြိုင်ဖက် နောက်တန်း သမား အောင်ဌေးဦး မှ ရှင်းထုတ်ရာတွင် ကိုယ်ဂိုး ကို သွင်းယူပေးခဲ့ပြီး ဟံသာဝတီ အသင်းမှာ ( ၂း ၀ ) ဂိုးဖြင့် မောရဝတီ အသင်းအား အနိုင်ရရှိခဲ့ပြီး တတိယ အဆင့် သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယနေ ပွဲစဉ်တွင် ရှုံးထွက် ပြိုင်ပွဲများ ထုံးစံ အတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပွဲကစာစးချိန်အတွင်း မကြာခဏ ဆိုသလို အနည်း ငယ် ပွတ်တိုက် တင်းမာမှု များ ပေါ်ပေါက်ခဲ့ပြိး လူစားဝင် ကစားသမား လွင်ကိုနိုင်မှာ အနီကဒ် ဖြင့် ထုတ်ပယ်ခံခဲ့ရပါသည်။ သို့သော်လည်း အသင်းမှာ နောက်တစ်ဆင့် သို့ တက်ရောက်နိုင်ခဲ့ပြီး အသင်း ၏ စုဖွဲ့မှု့၊ နားလည်မှုမှာ အကောင်းဆုံး အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

တတိယ အဆင့်တွင် မည်သည့်အသင်းနှင့် တွေ့ဆုံ ရင်ဆိုင်ရသည် ဖြစ်စေ ရှုံးထွက်ပြိုင်ပွဲ လေးကြီမ်တွင် သုံးကြိမ် ဆီမီး ဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့သော အသင်း ၏ အစဉ်အလာကောင်း အား ထိမ်းသိမ်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါသည်။

ယနေ့ပွဲလူစားလဲ ပါဝင်ကစားခဲ့သူများ
အောင်အောင်ဦး ( လွင်ကိုနိုင် ၅၅ မိနစ်)
သက်နောက်ထွေး ( ၆၉ မိနစ်)
ကျော်ဇေယျ ( မိနစ် ၈၀ )

Ref ; #Hantharwady Utd FC


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...