Ads (728x90)


-

-

-

-


._____________________________________________________.----------------------------------------------- ----------------------------------------------------------------------------------------- ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။
ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။
သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့ ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။
ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။
ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။
Kachin Daily News_____________________________________________________ Voice of James Mint
ယူကရိန်း ခရိုင်မြို့ကြီးတစ်ခုက အစိုးရရုံးတွေကို မော်စကိုက ခွဲထွက်ရေးသမားတွေက သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တက်သိမ်းပိုက်ဖို့ ကြိုးစားလာနေတယ်…….
အမေရိကားနဲ့ အီးယူကတော့ ရုရှအပေါ် အသစ် ထပ်တိုးလိုက်တဲ့ ဆန်ရှင်တွေဟာ ထပ်တိုးတယ်ဆိုပေမယ့် အရင်ရှိပြီးသား နာမည်ပျက်စာရင်းမှာ ထပ်တိုးရမယ့် ကိန်းဂဏန်းအများစုဟာ Hold လုပ်ခံထားရပြီး ဂဏန်း နည်းနည်းလေး ထပ်တိုးလာတာပါပဲ…….
ကမ္ဘာ့ရေနံ ထုတ်လုပ်မှု အများဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ ရုရှမှာ အမေရိကန်နဲ့ ဥရောပက ရေနံကုမ္ပဏီတွေရဲ့ ပရော်ဂျက်တွေ များများစားစား ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်……. ရုရှ သမ္မတ ဗလာဒီမာ ပူတင်ကြီးကတော့ သူ့နိုင်ငံထဲက အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်စဉ်းစားတော့မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်……
ရုရှကြီး ဘယ်လိုပဲ စည်းမဲ့ကမ်းမဲ့ ပြုမူနေပေမယ့်လည်း သူ့အကျိုးစီးပွားကို ထိခိုက်မှာစိုးတော့ အမေရိကန်ကြီးလည်း လေ က လွဲပြီး တအားကြီး မတင်းကြပ်ရဲတာကို သတိထားမိတယ်……….
ဒါကိုကြည့်ပီး သတိရမိတာ ဟိုတလောက ခွန်ဒီးယမ် ရေးထားတဲ့ KIA က ဗိုလ်ချုပ်ဂွမ်မော် အမေရိကား သွားနေတုန်း ကချင်ပြည်နယ်ကို သီးခြားနိုင်ငံထူထောင်လိုက်၊ အနောက်နိုင်ငံတွေက အကူအညီတောင်းလိုက်၊ လွန်ဆုံးတောင့်ခံရ ၂ လ ပဲ……. အနောက်အကူအညီတွေရရင် မြန်မာအစိုးရကို ကောင်းကောင်း ခံချလို့ရတယ်ဆိုပြီး စိတ်ကူးယဉ်ဇတ်လမ်း ရေးထားတာလေး ဖတ်လိုက်ရတယ်……..
တစ်ချိန်လုံး တရုတ်ရဲ့ ပံ့ပိုးမှုနဲ့ ရပ်တည်လာခဲ့တဲ့ KIA သာ အနောက်နိုင်ငံတွေ အားကိုးနဲ့ လွတ်လပ်ရေး ကြေငြာလိုက်ရင် တရုတ်ကြီးက ငြိမ်နေမယ်တော့ မဟုတ်လှဘူး……. သဘာဝ သယံဇာတပေါလို့ မျက်စိကျနေတဲ့အချိန် ခရိုင်းမီးယားကို ရုရှဝင်သိမ်းသလို ဖြစ်မလာဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး…….. အဲ့ဒိအချိန် အမေရိကန်ကို သွားအားကိုးနေရင် တရုတ်ကြီးက အမေရိကန် သူ့စီက ချေးထားတဲ့ ငွေချေးစာချုပ်တွေပြီး ချောင်းလေး ဟန့်လိုက်ရုံပဲ…..
အခု ခရိုင်းမီးယား၊ ယူကရိန်းမှာ ဖြစ်နေတဲ့ ကိစ္စတွေအပေါ် အမေရိကန်ကြီး ကိုယ်ကျိုးစီးပွားအတွက် ရူးချင်ယောင်ဆောင်သလို ရှောင်နေခဲ့ရင် ကချင်ပြည်နယ် သီးခြားလွတ်လပ်ရေး ရမယ် မရဘူး မသေခြာပေမယ့် မြန်မာပြည်မြေပုံရဲ့ ဦးခေါင်းပိုင်းက ပဲ့သွားမှာ အသေအခြာပါပဲ…….

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...