Ads (728x90)





 
-
 
-
 
-
 
-
 
-



နိုင်ဂျီးရီးယား က ခရစ်ယာန်ဘာသာဝင် အလယ်တန်း ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲသွားပြီး တစ်ခြား
အစ္စလာမ် အစွန်းရောက်အဖွဲ့တွေဆီရောင်းစားမယ်ဆိုပြီး ခြိမ်းခြောက်ေ
အာဖဂန်နစ္စတန်မှာ မိန်းကလေးတွေ စာသင်လို့ အက်ဆစ်ရည်နဲ့ အပက်ခံရတာ ကြားဖူးကြမှာပါ။ အခုတစ်ဖန် နိုင်ဂျီးရီးယားနိုင်ငံမှာလည်း မိန်းကလေး ၂၇၆ ယောက်ကို “အနောက်နိုင်ငံပညာရေး” လိုက်စားလို့ ဆိုပြီး Boko Haram လို့ ခေါ်တဲ့ အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းက ပြန်ပေးဆွဲသွားပြန်ပါပြီ။
AFP က လက်ခံရရှိတဲ့ ဗီဒီယိုတစ်ခုမှာ ၄င်းအဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးက အောက်ပါအတိုင်းပြောသွားခဲ့ပါတယ်။
“မိန်းကလေးတွေကို ငါပြန်ပေးဆွဲသွားတယ်။ သူတို့ကို ဈေးမှာ ရောင်းပစ်မယ်။ လူတွေကို ရောင်းတဲ့ ဈေးရှိတယ်။ အလာအရှင်မြတ်က ငါရောင်းသင့်တယ်လို့ ပြောတယ်။ ငါကို ရောင်းခိုင်းတယ်။ ငါရောင်းမယ်။ ငါအမျိုးသမီးတွေကို ရောင်းမယ်။”
Boko Haram (ဘိုကို ဟာရမ်) ဆိုတဲ့ အမည်ဟာ “အနောက်နိုင်ငံပညာရေးသည် အကုသိုလ်အလုပ်” လို့ အဓိပ္ပာယ်ရပါတယ်။ ဘိုကို ဟာရမ် အဖွဲ့ဟာ စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ရဲစခန်းနဲ့ အစိုးရအဆောက်အအုံများ စတဲ့နေရာအများအပြားကို တိုက်ခိုက်ထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ စက်တင်ဘာလက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုတည်းမှာတင် လူပေါင်း ၁၆၀ သေကြေခဲ့ရပါသေးတယ်။
နိုင်ဂျီးရီးယားနိုင်ငံဟာ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာဝင်တို့ ထက်ဝက်ဝန်းကျင်စီ နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး သန်းခေါင်စာရင်းနန့် ပတ်သက်လို့လည်း မကြာခဏ ပြဿနာ ဖြစ်တတ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ နိုင်ငံရဲ့မြောက်ဘက် ပြည်နယ် ၁၂ ပြည်နယ်ဟာ ရှာရီယာဥပဒေကို လိုက်နာကြပါတယ်။
KHA bringbackourgirls

Kyaw H Aung
Min Gyi...Yesterday
Source: http://www.cnn.com/2014/05/05/world/africa/nigeria-abducted-girls/
http://www.aljazeera.com/news/africa/2014/05/nigeria-appeal-find-abducted-girls-20145423528504411.html________________________________


 နိုင်ဂျီးရီးယား ကျောင်းသူလေးတွေ ၂ဝဝ ကျော်ကို အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ ဘိုကိုဟာရမ်က ပြန်ပေးဆွဲသွားပြီး၊ ဒီကလေးမလေးတွေကို ရောင်းစားပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုမှုအပေါ်မှာ ကလေးမလေးတွေ အိမ်ပြန်ရောက်ရေး တောင်းဆိုသံတွေ ပိုမို ထွက်ပေါ်လာနေပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ရှာဖွေရေးအတွက် ကျွမ်းကျင်သူအဖွဲ့ စေလွတ်ပေးမဲ့အကြောင်း နိုင်ဂျီးယား အစိုးရကို ကမ်းလှမ်းလိုက်ပါတယ်။ ဒီအခါမှာ နိုင်ဂျီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန် ကလည်း အကူအညီကို လက်ခံကြောင်း မစ္စတာ ကယ်ရီက ပြောပါတယ်။
သမ္မတ ဂွတ်လပ်ဂျွန်နသန်က အကူအညီကို ဝမ်းမြောက်စွာနဲ့ လက်ခံသလို အမေရိကန် အစိုးရ အနေနဲ့ ဒီ ငယ်ရွယ်တဲ့ ကလေးမလေးတွေရဲ့ အခြေအနေကို စိတ်ပူနေလို့ သူတို့ နေအိမ်တွေဆီ ဘေးမသီ၊ ရန်မခ ပြန်ရောက်စေရေးအတွက် လိုအပ်တဲ့ အကူအညီ မှန်သမျှ ပေးမှာပါလို့ မစ္စတာ ကယ်ရီက ပြောပါတယ်။
ဗြိတိသျှ အစိုးရကလည်း ဒီကျောင်းသူလေးတွေ ကယ်ဆယ်ရေး လုပ်ငန်းမှာ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အမေရိကန် အရာရှိတွေနဲ့ ဗြိတိသျှ ထိပ်တန်း အရာရှိတွေ ဝါရှင်တန်မှာ ဆွေးနွေးနေပြီ
ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိခ်က ပြောပါတယ်။
လက်ရှိ ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့ပညာရေး အထူးသံတမန်၊ ယခင် ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း ကိုယ်တိုင်လည်း နိုင်ဂျီးရီးယားကို သွားပြီး နိုင်ဂျီးရီးယား အာဏာပိုင်တွေနဲ့ တွေ့ဆုံရင်း၊ ကျောင်းသူလေးတွေကို အချိန်မီ ကယ်ဖို့ ဆွေးနွေးနေပါတယ်။
ဒီကျောင်းသူလေးတွေ ဖမ်းထားတာ သီတင်းနှစ်ပတ် ရှိနေပြီဖြစ်လို့ သူတို့ သေသလား၊ ရှင်သလားတောင် မသိရတဲ့ အကြောင်း၊ ပိုပြီး စိုးရိမ်စရာ ကောင်းတာက ဒီကလေးမလေးတွေကို လိင်ကျွန်အဖြစ် ရောင်းစားခံရမဲ့ ဘေးအန္တရာယ် ရှိနေပုံနဲ့ အာဖရိက တခွင်မှာ ပျောက်သွားပြီ ဆိုရင် ဘယ်လိုမှ ရှာဖို့ မလွယ်တဲ့အကြောင်း၊
ဒါကြောင့် အမေရိကန်နဲ့ ဗြိတိသျှ ပူးပေါင်းပြီး နိုင်ဂျီးရီးယား အစိုးရ အကူအညီနဲ့ တောနင်းရှာဖို့ လိုနေပါပြီလို့ မစ္စတာ ဘရောင်းက ပြောသွားပါတယ်။
ပုံစာ- ကျောင်းသူလေးတွေ လွတ်မြောက်ဖို့ တောင်းဆို ဆန္ဒပြကြသူများ။
BBC burmese

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...