ဆေးသုတ်သည် ဖြစ်စေ
မသုတ်သည်ဖြစ်
ကြွေကပ်သည်ဖြစ်စေ
မကပ်သည်ဖြစ်စေ
ရွှေစင်အတိချစေအုးံတော့
အုတ်ဂူက အုတ်ဂူပါပဲ
အုတ်ဂူခြင်း တူပေမယ့်
မတူညီတဲ့ အချက်တွေရှိပါတယ်
မကြာကျရောက်တော့မယ် သူမရဲ့
၂ နှစ်ပြည့် နှစ်ပတ်လည်အကြို အဖြစ်
ဦးဇင်းတို့တတွေ သူမ အုတ်ဂူရဲ့ ပတ်ဝန်းကျင်ရှိ
ခြုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်းပြီး ဆေးသုတ်ခဲ့ကြပါတယ်။
သူမကို အကြောင်းပြုပြီး ဦးဇင်းတို့ရဲ့ အမျိုးသားရေးအသိတွေ
အမျိုးသားရေးအမြင်တွေ ပြန်လည်နိုးထလာခဲ့ပါတယ်
သူမကို အကြောင်းပြုပြီး ရခိုင်ပြည်ရဲ့ အခြေအနေ မြန်မာပြည်ရဲ့ အခြေအနေ
အနောက်တံခါးရဲ့ ကျိုးပေါက်မှု့တွေ သိလာခဲ့ရပါတယ်
အဲဒီအတွက် သူမကို ရည်စူးပြီး စံပြကျောင်းဆရာတော်ထံ သင်္ကန်း ဖိနပ် ယပ် စသည့် လှူဖွယ်ဝတ္ထုတွေ လှူဒါန်းပြီး အမျှအတန်း ပေးဝေခဲ့ပါတယ်။
ဦးဇင်းတို့ ယခုလို ပြုလုပ်နိုင်မှု အစုစုဟာ
ပြည်တွင်းပြည်ပ အမျိုးသားရေး တက်ကြွနိုးကြားသူ
လူငယ်များ၏ တွန်းအားများနှင့် အလှူငွေများသာဖြစ်ပါတယ်။
အုတ်ဂူဆေးသုတ်ခွင့်ရရန် ကူညီပေးသောတပ်ရင်းမှူး နေလင်းထွဋ်အားလဲ ကျေးဇူးတင်ပါတယ်။ကျောက်နီမော်မှာနေစဉ် အဆင်ပြေအောင် စီစဉ်ပေးသော ကိုနေလအောင်ကိုလဲ ကျေးဇူးတင်ပါတယ်။
ဦးဇင်းတို့ ခရီးစဉ်ကို စောင့်ကြည့်နေသော မျိုးချစ်လူငယ်အားကိုလဲ အသိအမှတ်ပြုပါတယ်။
A Shin Visethta

-----------------------------------------
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။