Ads (728x90)


ချက်ကြီး Aüñg Kÿáw Sôë Npg သူ့ကို အခြောက်လို့ပြောတော့ တော်တော်ဖုသွားတယ်။ ဒါနဲ့ သူကြီးကတော် ဒေါ်မေခ M Ay K Ha ကို ပြန်ပြောဖို့ ကွမ်းသွေးကို ပျစ်ကနဲ ထွေးလိုက်ရင်း ပါးစပ်ဟလိုက်တော့ သူ့မျက်လုံးထဲ တန်းတန်းကြီး ၀င်လာတာက အပေါ်ထပ် လှေကားက ခပ်ရို့ရို့လေး ဆင်းလာတဲ့ သူကြီးသမီး အကြီးမ ……. မီးကြီးလို့ တစ်ရွာလုံးခေါ်တဲ့ Yu Yu Yu ….
ချက်ကြီးကျော်စိုး ဟ နေတဲ့ ပါးစပ်ကို အမြန်ပြင် …. ကျောဘလာမှာ သိုင်းထားတဲ့ ပုဆိုးကို ချပ်ချပ်ရပ်ရပ် ဖြစ်အောင်ဆွဲချ …. ပေပွနေတဲ့ ပါးစပ်နဲ့ အဆီတ၀င်းဝင်းဖြစ်နေတဲ့ မျက်နှာကို အနံတထောင်းထောင်း ထနေတဲ့ ပုဆိုးနဲ့ အတင်းသုတ် ..... မျက်နှာကို အစွမ်းကုန်ဖြီး … ၃၂ ချောင်းသော ကွမ်းစားထားလို့ နီရဲနေတဲ့ သွားတွေကို အစွမ်းကုန်ဖြဲပြီး နွားပြာကြီး အောက်သွားမရှိသလို တဟီးဟီးနဲ့ …
“ဟီး .. ဟီး … မီးကြီး …. ဘာခိုင်းစရာ ရှိလဲဟင် …. ရေခပ်ပေးရမလား …. ထင်းခွဲပေးရမလား .. ဟင် ငှင်ငှင်”
ညုသလိုလို ခုသလိုလို အသံကြောင့် သူကြီး ဘိုးသီ Thiha Kyaw Zaw ရေဒီယိုလေး နားထောင်နေရာက ဆတ်ကနဲ့ ခေါင်းထောင် လာသလို အ၀တ်လျှော်နေတဲ့ သူကြီးကတော် ဒေါ်မေခရဲ့ နဂါးမျက်စောင်းကလည်း ဒိုင်းကနဲ လွင့်လာရဲ့ …..
သူကြီးဘိုးသီ ထိုင်ရာကထ နှစ်လုံးပြူး ထဆွဲသလို သူကြီးကတော်ကလည်း အ၀တ်လျော်နေတဲ့ ထနောင်းသား တုတ်ကို ဆွဲယူပြီး “အေပေး ချက်ကြီးကျော်စိုး” လို့ သံပြိုင်အော်ပြီး လာတော့ ….
ချက်ကြီးကျော်စိုး ချက်ဆို နားခွက်က မီးတောက်ပြီးသား …. နောက်မြီးပြတ်နေတဲ့ ဖိနပ်ကို ခါးကြားထဲ အမြန်ထိုး …. မီတာ ၁၀၀ အပြေးချန်ပီယံ အူစိန်ဘော့ထက် မညံ့တဲ့ ခြေလှမ်းနဲ့ သုတ်ချေတင် ပြေးပါရော …. ပြေးရင်းနဲ့တောင် လှမ်းအော် သွားသေးတယ် ….
“မီးကြီးရေ ခိုင်းစရာ ရှိရင် အားမနာနဲ့နော် ....အချိန်မရွေးခေါ်ခိုင်းပါ”တဲ့ …..
ချက်ကြီးကျော်စိုးဆိုတာ အဲ့လို ...


U Bo Htun

(အပိုင်း-၃ ကို ဆက်လက် စောင့်ဖတ်ကြပါဦး)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...