Ads (728x90)

Photo: ဘောလုံးပွဲလား .? ရန်ပွဲလား...? (ဟံသာဝတီ ၂ - ၀ မောရ၀တီ )
------------------------------------------------------------------

၇ ရက်နေ့ က ပဒုမ္မာကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ 
 MFF Cup ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်ဖြစ်တဲ့
 ဟံသာဝတီအသင်းနဲ့ မောရ၀တီ အသင်းတို့ ရဲ့ ပွဲစဉ်မှာ 
နှစ်ဖက် အသင်းသားတွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ 
သိရပါတယ် ဒီပွဲမှာဒိုင်လူကြီးရဲ့  အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေရှိခဲ့ပြီး
ပွဲပြီးခါနီးအချိန်မှာ ဟံသာဝတီအသင်းဂိုးသမားနဲ့  မောရ၀တီအသင်းမှ
ကစားသမားတို့ ထိပ်တိုက်တွေ့ ဆုံခဲ့ပြီး ပြဿနာဖြစ်ပေါ်ခဲ့သည်ဟုသိရှိရပါတယ်။

ထို့ နောက်နှစ်ဖက်ကစားသမားတွေ အပြန်အလှန်အချင်းများခဲ့ကြပြီး
အရန်ကစားသမားအချို့ ပါဝင်ရောက်လာပြီးခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်
၎င်းဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ကွင်းလယ်ဒိုင်လူကြီးက ဟံသာဝတီအသင်းမှ
ကစားသမားတစ်ဦးဖြစ်တဲ့ လွင်ကိုနိုင်ကို အနီကတ်ပြထုတ်ပယ်ခဲ့ပြီး
တာဝန်ရှိသူများထံကို ယခုဖြစ်စဉ်နဲ့ ပါတ်သက်ပြီးအစီရင်ခံစာ
တင်သွင်းသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အထက်ပါဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ထောက်ပြဝေဖန်ချင်တာလေးတစ်ခုက
MNL League က ကစားသမားတွေ အသင်းတာဝန်ရှိသူတွေအနေနဲ့ 
ထစ်ခနဲရှိ ရိုက်မယ်ပုတ်မယ် ကန်မယ်ကျောက်မယ်လို့ များစိတ်ထဲမှာ
မှတ်ယူထားကြလေသလား ဟိုဘောလုံးပွဲစဉ်မှာဆိုလျှင်လဲ
ဖြစ်လိုက်ပြန်ပြီ ရန်ပွဲ ဒီဘောလုံးပွဲမှာဆိုရင်လဲ ဖြစ်လိုက်ပြန်ပြီရန်ပွဲ၊ 
MNL – 1 ပဲဖြစ်ဖြစ်  MNL – 2 ပဲဖြစ်ဖြစ် ပြည်တွင်း လိဂ်မှာအဆင့်အတန်း
တစ်ခုအနေနဲ့ ရှိနေခဲ့ကြပြီပဲဖြစ်ပါတယ်။

 လက်ရှိဖြစ်စဉ်တွေကိုသုံးသပ်ကြည့်မယ်ဆိုရင် ဘောလုံးပွဲတစ်ပွဲကို 
ရပ်ကွက်ဘောလုံးပွဲတစ်ပွဲလိုများ မှတ်ယူနေကြသလား၊  
ရပ်ကွက်ဘောလုံးပွဲကျေးရွာဘောလုံးပွဲတွေမှာဆို ဒီလို 
ခိုက်ရန်ဖြစ်ပွားမှုမျိုးတွေဆိုတာအစဉ်အလာလိုမျိုးတောင်
 မြင်တွေ့ ကြရပါတယ်။

 အနိုင်အရှုံးပေါ်မူတည်ပြီးဖြစ်တာတို့ အနိုင်အရှုံးကြောင့်မဟုတ်ပဲ
အခြားသောဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်ကြသောကိစ္စများကြောင့်
ဖြစ်တာတို့ ဆိုတာ ကျေးရွာပွဲတွေရပ်ကွက်ပွဲတွေမှာဖြစ်ရိုးဖြစ်စဉ်လိုပါပဲ၊ သို့ ပေမယ့် MNL – 1 မှာ MNL -2 မှာ ယှဉ်ပြိုင်ကစားနေတဲ့ ကလပ်အသင်းတိုင်းကစားသမားတိုင်းနည်းပြတိုင်းအသင်းပိုင်ရှင်တိုင်း
အနေနဲ့ ဒီလို ရပ်ကွက်ဘောလုံးအသင်း ကျေးရွာဘောလုံးအသင်း
ပြိုင်ပွဲတွေမှာလို ခိုက်ရန်ဖြစ်ပွားမှုတွေ နောက်ထပ် နောက်ထပ်
ထပ်မံမဖြစ်ပွားဖို့  အားလုံးမှာတာဝန်ရှိပါတယ်၊ ဒါကြောင့် စိတ်တူကိုယ်တူ
တွဲလက်ညီညီနဲ့ ဒီပြဿနာကိုအဖြေရှာလို့ ဖြေရှင်းသင့်ပါတယ်။

ထို့ အတူပဲ ကွင်းလယ်ဒိုင်လူကြီး စည်းကြပ်ဒိုင်လူကြီးများ
အနေနဲ့ လဲ တရားမျှတသော ဆုံးဖြတ်ချက်တွေအရှိကိုအရှိအတိုင်း
အမှန်ကိုအမှန်အတိုင်းပဲဆုံးဖြတ်ပေးကြဖို့ လိုပါတယ်၊ ဒိုင်ဆိုတာ
ပြိုင်ပွဲတစ်ပွဲမှာသမာသမတ်ကျဖို့ လိုပါတယ်၊ အချို့ သောပွဲစဉ်တွေ
ကြည့်ဘူးပါတယ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့်
အသင်းတွေနစ်နာရတာရှိသလို မလိုလားအပ်တဲ့ပြဿနာပေါင်း
သောင်းခြောက်ထောင်လဲဖြစ်ပေါ်လာရပါတယ်။

ဒီတော့ကွင်းထဲမှာကတ် ၂ ကတ်ဝီစီ(ခရာ) ၁ လုံးကိုင်ဆောင်ထားတဲ့
သေဆိုသေရှင်ဆိုရှင်စေနိုင်သူ စေတစ်လုံးပိုင်တဲ့ ဘောလုံးကွင်းတွင်းက
ဘုရင်တစ်ပါးအနေနဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းမချမှတ်ဖို့ 
အရေးကြီးပါတယ်၊  ဘက်လိုက်မှုကင်းတဲ့ တရားမျှတတဲ့
ဒိုင်တစ်ယောက်အဖြစ် ရှိနေခဲ့ရင် ဒီလို ပြဿနာမျိုးတွေက
ကင်းလွတ်ခွင့်ရနိုင်လိမ့်မည်ထင်ပါကြောင်းကိုအသိပေးရင်း
မြန်မာ့ဘောလုံးလောက ဒီထက်မကပိုမိုတိုးတက်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….။

 Admin ; Myanmar Sports New's
-------------------------------------- ------------------------------------------------------------------

--------------------------------------

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...