Ads (728x90)

Photo: Asean All Star အသင်းတွင် စိုးမင်းဦး ထပ်မံပါဝင်လာ 
-------------------------------------------------------

စူပါတိုင်ဖွန်း မုန်တိုင်း Haiyan ဒဏ်သင့် ဒေသခံများ အတွက် ရံပုံငွေ ဘောလုံးပြိုင်ပွဲ အဖြစ် Asean All Star အသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင် အသင်းတို့သည် အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာ မြို့တွင် ယှဉ်ပြိုင် ကစားရန် စီစဉ်လျက် ရှိရာ Asean All Star အသင်းတွင် ပါဝင်ရန် မြန်မာနိုင်ငံ မှ သိန်းသန်းဝင်းနှင့် နိုင်လင်းဦးတို့ အပြင် KBZ FC မှ စိုးမင်းဦးပါ ပါဝင်လာပြီ ဖြစ်သည်။

KBZ FC နောက်တန်း ကစားသမား သိန်းသန်းဝင်း၊ တိုက်စစ်မှူး စိုးမင်းဦးနှင့် ဧရာဝတီ ယူနိုက်တက် အလယ်တန်းလူ နိုင်လင်းဦး တို့သည် အခြား ရွေးချယ်ခံ ရသည့် ကစားသမား များနှင့်အတူ အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့ သို့ ၂၀၁၄ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ရောက်ရှိရမည် ဖြစ်ပြီး မေလ (၁၀)ရက်နေ့တွင် ချစ်ကြည်ရေး ပွဲကစားကာ မေလ (၁၂)ရက်နေ့တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ ၎င်းတို့အတွက် အပြည်ပြည်ဆိုင်ရာ လေယာဉ်စရိတ်၊ တည်းခိုနေထိုင် စားသောက်စရိတ် များကို AFF မှ ကျခံပေးမည် ဖြစ်သည်။

စိုးမင်းဦးသည် မြန်မာ နေရှင်နယ်လိဂ် တစ်လျှောက် ဂိုးသွင်းအများဆုံး မြန်မာ ကစားသမား တစ်ဦးဖြစ်သည့် အပြင် ပြည်တွင်း ဘောလုံး ပရိသတ်များ၏ ချစ်ခင် အားပေးမှုကိုလည်း ရရှိထားသူ တစ်ဦးဖြစ်သည်။

Ref ; #MFF -------------------------------------------------------

Ref ; #MFF

Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...