Ads (728x90)


.. ခိုးဝင်ဘင်္ဂလီကိစ္စက သြဇီအထိ ရိုက်ခတ်နေတယ်.. အတိုက်အခံ အပါအဝင် တစ်နိုင်ငံလုံးက ဖိအားပေး တောင်းဆိုလို့ ခိုးဝင်လှေတွေကို လုံးဝအလာမခံတော့ဘူး.. ဒါကို အင်ဒိုက အာချောင်တယ်.. ဒီလထဲမှာ အင်ဒိုမှာလုပ်မဲ့ ဒေသဆိုင်ရာ အစည်းအဝေးကို မတက်ရောက်ဖို့ သြဇီက ဆုံးဖြတ်လိုက်တယ်.. နိုင်ငံ့အချုပ်အခြာ အာဏာထိပါးလာရင် သဘောကောင်းလှပါတယ်ဆိုတဲ့ သြဇီတွေတောင် သည်းမခံနိုင်တော့ဘူး.. ဒါကို နားလည်ကြရင်ကောင်းမယ်....။ _____________________________________________..ဧပြီလ ၁၅ ရက်နေ့က ဗြိတိန်အစိုးရထံကို အရေးကြီးသတင်း တစ်ခုဝင်လာပါသည်.. အကြမ်းဖက်သမားတစ်စုက ဗြိတိန်အနောက်ပိုင်း မစ်လန်းဒေသ ဘာမင်ဟန်မြို့ရှိ ကျောင်းမျာကို အကြမ်းဖက်စီးနင်းမယ် ဆိုတဲ့သတင်းပါ.. နိုင်ငံအဝှမ်း လုံခြုံရေးတိုးမြှင့်လိုက်ပြီး အဆိုပါ ကျောင်းများအနီးမှာ လုံခြုံရေး တပ်ဖွဲ့များ ချထားလိုက်ပါတယ်..
ဒီလိုစောင့်ကြည့်နေစဉ်မှာပဲ အဆိုပါမြို့မှ ဖာအီဆယ်ခန်းလို့ အမည်ရတဲ့ ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံသူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်.. အစိုးရရဲ့ ပြောကြားချက်မှာတော့ သူဟာအစွန်းရောက်အဖွဲ့ ခေါင်းဆောင်တစ်ဦးလို့ စွတ်စွဲထားပြီး သူတို့ဟာ ဗြိတိန်ကျောင်း ပညာသင်ကြားရေးစနစ်မှာ အစ္စလာမ်ဘာသာရေး အယူဝါဒများကို တဖြည်းဖြည်းချင်း သွတ်သွင်းသွားဖို့ စီစဉ်နေကြတာကို ထောက်လှမ်းသိရှိခဲ့ရလို့ ဖြစ်တယ်လို့ သိရပါတယ်..
ခန်းကတော့ သူ့အနေနဲ့ ပညာရေးစနစ် မြှင့်တင်ဖို့ပဲ ကြိုးစားခဲ့ကြောင်း ငြင်းဆိုထားပါတယ်.. ယခုလောလောဆယ် ဗြိတိန်ပညာရေးဝန်ကြီး မိုက်ကယ်ဂဗ် အနီးကပ်ကြီးကြပ်မှု့ နဲ့ စကော့တလန်ယာဒ်ရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နှင်းရေးဆိုင်ရာ အကြီးအကဲ ပီတာကလာခ် ကိုယ်တိုင် အမှု့ ကို ဆက်လက်စုံစမ်း ဖော်ထုတ်လျှက်ရှိပါတယ်..
ပြီးခဲ့တဲ့ သောကြာနေ့ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဒေဗစ်ကင်မရွန်းက `` နိုင်ငံ့အဝှမ်းမှာ အစ္စလာမ္မ်စ် အယူဝါဒများကို စိမ့်ဝင်သွတ်သွင်းဖို့ ကြိုးစားနေတဲ့ အစွန်းရောက်အဖွဲ့အစည်းများ ရှိနေကြောင်း.. လူမှု့ အသိုင်းအဝိုင်းမှာသာမက အခြေခံကျောင်းများမှာပါ အခြေချနိုင်ဖို့ ကြိုးစားနေကြသလို ဒီလိုလုပ်ရပ်မျိုးကို ခွင့်မပြုနိုင်တဲ့အကြောင်း.. အမြစ်ပါမကျန် စုံစမ်းဖော်ထုတ် ရှင်းလင်းသွားမယ်လို့... ´´ ကတိပေး ပြောကြားခဲ့ပါတယ်..
ဗြိတိန်နိုင်ငံတစ်ဝှမ်းမှာ အာဖရိကနဲ့ အာရှတိုက်ကနေ နိုင်ငံရေး ခိုလှုံခွင့်တောင်းပြီး အခြေစိုက် ဝင်ရောက်နေတဲ့ အစ္စလာမ်ဘာသာဝင် အရေအတွက်ဟာ နှစ်စဉ်တိုးပွားလျှက် ရှိပါတယ်...။
Refs : Sky News _________________________________________________ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က မလေးရှားနိုင်ငံတွင်းမှာ အကြမ်းဖက် အဖွဲ့အစည်းများနဲ့ ဆက်နွယ်သူ ၁၁ ဦးကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ်.. ဖမ်းဆီးရမိခဲ့သူတွေထဲမှာ ကျောင်းသားများနဲ့ စီးပွားရေး လုပ်ကိုင်နေသူတွေလဲ ပါတယ်လို့ဆိုပါတယ်..
ဒီသတင်းကို ဗြိတိန်နိုင်ငံ မီဒီယာမှာ ဖော်ပြပါရှိခဲ့ပြီးနောက်ပိုင်း ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်ခဲ့ပါတယ်.. ယခုအခါ MH.370 လေယာဉ်ပျောက်ဆုံးမှု့ နဲ့ ပတ်သက်ပြီး အမေရိကန် FBI နဲ့ ဗြိတိန်နိုင်ငံက MI .6 ထောက်လှမ်းရေး အဖွဲ့များက အဆိုပါသူများကို တွေ့ဆုံ စစ်ဆေးလိုကြောင်း ပြောကြားလိုက်တယ်လို့ သတင်းရပါတယ်..
မလေးရှားအစိုးရကတော့ ထုံးစံအတိုင်း ငြင်းပါတယ်.. သူတို့ဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပြီး လေယာဉ်ပျောက်ဆုံးမှု့ နဲ့ မသက်ဆိုင်ကြောင်း.. ဆီးရီးယားကို သွားရောက်ပြီး ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ကြမဲ့သူတွေလို့ အစောပိုင်း စစ်ဆေးချက်တွေအရ သိရကြောင်းပဲ ပြောကြားသွားပါတယ်..
အကြမ်းဖက်မှု့ နဲ့ပတ်သက်ရင် ဖင်ပိတ်ငြင်းတတ်ပြီး အကာအကွယ်ပေး လွန်းနေတဲ့ မလေးအစိုးရ လုပ်ပုံ ကိုင်ပုံတွေဟာ သံသယ ဖြစ်စရာ ဖြစ်နေပါပြီ.. နိုင်ငံအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာတွေ အသတ်ခံရမှု့ မှာ တရားခံတွေကို အခုချိန်ထိ မဖော်နိုင်သေးတာကြောင့် သူတို့ပါ တနည်းနည်းနဲ့ ပါဝင်ပတ်သက်နေပြီလားလို့ မေးရတော့မလိုပါပဲ...။
Refs : BBC News

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...