Ads (728x90)


https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc3/t1.0-9/1656434_233472620184578_332342851096984743_n.jpg

-------------------------------------------------------------------
မျိုးစောင့်ဥပဒေကို ဆန့်ကျင်တဲ့ အမျိုးသမီး အဖွဲ့အစည်းတွေဆိုပြီး
သဘောထား ကြေငြာချက်ထုတ်ပြန်ထားတယ် ။
မြန်မာပြည်မှာ ဒီလောက်များပြားတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ
ဘယ်လိုဖြစ်ပြီး နေ့ချင်း ညချင်း ပေါ်ပေါက်လာ သလဲတော့ မပြော
တတ်ဘူး ။
စုစုပေါင်း ၉၇ ဖွဲ့ ။ အမျိုးသမီး ၃ ယောက်လောက်ကို ၊ အဖွဲ့တစ်ခု
ဆိုပြီး ခေါင်းစဉ်အမည်ကွဲတွေနဲ့ အများကြီးဆိုတာမျိုး လုပ်ထားတဲ့
ပုံစံမျိုးထင်တယ် ။
ကြေငြာချက်မှာ ရေးထားတာတွေ ကတော့ မျိုးစောင့်ဥပဒေကို အ
ဘယ်သော အကြောင်းချက်တွေကြောင့် ကန့်ကွက်ရတယ်ဆိုတာ
မျိုးကို တိတိကျကျ ဖော်ပြနိုင်စွမ်းမရှိဘဲ ၊ လုံးလည်ချာလည်လိုက်
နေတဲ့ တခါလာလည်း မွဲပြာပုဆိုး တစ်လေသံတည်း အပ်ကြောင်း
ထပ် ပြောလာခဲ့ကြတဲ့ -
အစွန်းရောက် အမျိုးသားရေးအဖြစ် ၊ ဘာသာရေးကို နိုင်ငံရေးမှာ
အသုံးချလိုသောကြောင့် မျိုးစောင့်ဥပဒေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်
ဆင်ရေးမှာ အာရုံလွဲတဲ့ ဥပဒေ ဖြစ်တယ်လို့ စွပ်စွဲထားတာတွေကို
သာ အများဆုံး တွေ့ရတယ် ။
သူတို့ကန့်ကွက်ရခြင်း အကြောင်းက ၂၀၀၈ ဥပဒေပြင်ဆင်ရေးကို
ထိခိုက်မှာစိုးသောကြောင့် ဖြစ်တယ်လို့ ယေဘုယျ ပြောရမယ် ။
ကန့်ကွက်တယ်ဆိုတဲ့ အဖွဲ့တွေထဲမှာမှ နံပါတ်စဉ်နောက်ဆုံး ဖြစ်
တဲ့ -
၉၇ ။ Sex Worker Network in Myanmar (SWIM) ဆိုတဲ့အဖွဲ့
ကို သိပ်နားမလည်ဘူး ဖြစ်မိတယ် ။
မြန်မာပြည်ရဲ့ ဥပဒေအရ ၊ ဘယ်တုန်းက ဘယ်လို ပြည့်တန်ဆာ
အဖွဲ့အစည်းတွေ တရားဝင်ဖွဲ့စည်းခွင့်ရသွားခဲ့ကြတာလဲ ဆိုတာ
မျက်စိလည်သွားခဲ့ရတယ် ။
ဒေါ်စန္ဒာမင်းတောင် ပြည့်တန်ဆာဥပဒေကို လွှတ်တော်တင်သွင်း
ပြီး အကြိမ်ကြိမ် ကန့်ကွက်ခံနေရနေတာကို ဒီအဖွဲ့တွေက တရား
ဝင်ဖွဲ့စည်းခွင့်ရနေတယ်ဆိုတော့ - - - -
အကယ်၍ ဒီအဖွဲ့အစည်းဟာ တရားမဝင် အဖွဲ့အစည်းတွေ ဆို
လျှင် တည်ဆဲဥပဒေကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းလို့ ပြောရ
မလားဘဲ ။
မျိုးစောင့်ဥပဒေ ဖြစ်ပေါ်လာမှာကို ဆန့်ကျင် ကန့်ကွက်တယ် ဆို
တဲ့ အဖွဲ့အစည်းတွေမှာ ၊ တရားဝင် အဖွဲ့အစည်း ဘယ်လောက်
များ ပါဝင်ပါ့မလဲဆိုတာ သံသယ ဖြစ်မိတယ် ။
ဒါဆို အမျိုးသမီး ၅ ယောက်နာမည်တစ်ခုနှင့်တစ်ဖွဲ့ဖြစ်အောင်ဖွဲ့
ပြီး ၊ အဖွဲ့ တစ်ထောင်လောက်က မျိုးစောင့် ဥပဒေကို ထောက်ခံ
ပါတယ်ဆိုလျှင် ကြေငြာချက်တွေ ထုတ်ပြီး ၊ လွှတ်တော်ကို တင်
သွင်းလိုက်လျှင် ငုတ်တုတ်တောင် မေ့သွားကြဦးမယ် ။
ပြည်သူ့ထောက်ခံ လက်မှတ် ၄ သန်းကျော် ရထားတဲ့ မျိုးစောင့် -
ဥပဒေ ဖြစ်တည်ရေး ထောက်ခံမှုတွေက ဒီလို -
မည်ကာမတ္တ အဖွဲ့အစည်းတွေ ကန့်ကွက်ရုံနဲ့ အပျက်စီး ခံလိုက်
ရမယ် ဆိုလျှင် ရာဇဝင်ရိုင်းသွားမယ် ထင်တယ်နော် ။
UYK

ဦး ယဉ်ကျေး
--------------------------------------------------------------------------------

ဦးယဉ်ကျေးထောက် ပြတော့မှပဲ အဲ့ဒီ အဖွဲ့ ကို သတိပြုမိတော့တယ်
အစကတော့မျိုးစောင့်ဥပဒေကို ကန့် ကွက် တဲ့အမျိုးသမီးအဖွဲ့ အစည်း ၉၇ ခုဆိုလို့ 
တော်တော် အံ့သြ နေမိတာ လက်စသတ်တော့ ဒီလို မရှိတဲ့အဖွဲ့ တွေကိုအရှိလုပ်
ပီးလုပ်ထား ကန့် ကွက်တယ်ဆိုတာမျိုးလုပ်ထားတာကိုးလို့ သဘောပေါက်မိသွားတယ်
မသိတဲ့သူတွေဆို အော်... အဖွဲ့ ၉၇ ဖွဲ့ ကတောင် ကန့် ကွက်နေပါလားဆိုတဲ့ အမြင်
မြင်သွားကြမယ်ထင်တယ် ထဲထဲ ၀င်ဝင်လေ့လာပီး သေသေချာချာများစုံစမ်းဖော်
ထုတ်လိုက်ရင်ဖြင့် အမှတ်စဉ် ၉၇ က ။ Sex Worker Network in Myanmar (SWIM) ဆိုတဲ့အဖွဲ့ လိုမျိုး ဘယ်နှစ်ဖွဲ့ များပါနေမလဲမသိ Sex Worker Network in Myanmar ဆိုတော့
လွယ် လွယ် အဓိပ္ပါယ် ပြန်ဆိုရရင် လိင်အလုပ် လုပ်ကိုင်သူ အလုပ်သမားစုစည်းထားရာအဖွဲ့ အစည်း ပေါ့
နည်းနည်းရိုင်းပြောရရင် ( ဖာသယ်အလုပ် လုပ်သူများစုစည်းထားရာအဖွဲ့ အစည်း ) ဟူး ....
တစ်ကယ်မလွယ်ဘူးပဲ .... ဒီလိုအဖွဲ့ အစည်းမျိုး ဘယ်အချိန်က ဖွဲ့ ခွင့်ပေးပီး ဘယ်အချိန်ကများ
ဖွဲ့ လိုက်လေသည်မသိပေါ့ .... ( Aüñg Kÿáw Sôë Npg )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...