Ads (728x90)



တညီတညွတ်တည်း မဆုံးဖြတ်နိုင်လို့ ပြည်သူ့ဆန္ဒ္ဒယူမယ်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မလား၊ အသစ်ရေးဆွဲမလားဆိုတာ ကို ပြည်သူ့ဆန္ဒ ရယူလုပ်ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က စက်တင်ဘာ ၂၈ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အင်န်အယ်လ်ဒီ ကြေညာချက်ကို ဖတ်ပြီး နားလည်လိုက်တာက အင်န်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံကိုပြင်ရင် ဥပဒေအရ ပြင်ခွင့်ရှိတယ်ဆို ထားတာကြောင့် ပြင် ရင် ဘောင်ထဲ ကပြင်တာဖြစ်မယ်။ အသစ်ဆွဲမယ်ဆိုရင်တော့ တပ်မတော်ကို ဖိတ်ခေါ်ဆွဲသွင်း ရာရောက် မယ်။

ဒီနှစ်ချက်ကို ဆွေးနွေးဘက်တိုင်းရင်းသားပါတီတွေကို ချပြခဲ့ ပေမယ့် ပြင်မလား၊ အသစ်ဆွဲမလားဆိုတာ တညီတညွတ်တည်း မဆုံးဖြတ်နိုင်ခဲ့ကြဘူး။ ဒါ ကြောင့် အခုလို ပြည်သူ့ဆန္ဒယူဖို့လုပ်တာ၊ ဒါပဲ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ကြေညာချက်ကို ဆွေးနွေးဘက်တိုင်း ရင်းသားပါတီတွေကလဲ သ ဘောတူတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ရက်မှာ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥ ပဒေပြင်ဆင်ရေး နဲ့ပတ်သက်တဲ့ အစည်းအဝေးကို ကမန်အမျိုးသားတိုးတက်ရေးပါ တီ၊ ကမန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်း အမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါ တီ၊ ဇိုမီး ဒီမို ကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသား ပါတီ၊ တိုင်း လိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ မွန်ဒီမိုက ရေစီပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေ စီအဖွဲ့ ချုပ်၊ ဝအမျိုး သား စည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က ခေါင်းဆောင်ပိုင်းတွေ တက်ရောက် ခဲ့တာပါ။

ဘယ်ပြဋ္ဌာန်းချက်ကို ဘယ်လိုချပြကြမှာတုန်း

ပြည်သူ့ဆန္ဒ ဘယ်လိုရယူကြမှာတဲ့တုန်း။အင်န်အယ်လ်ဒီပြောခွင့်ရ ဦးဝင်းမြင့်ပြောတာက ''အခု ကျွန်တော်တို့အဖွဲ့ ခုနစ်ဖွဲ့ခွဲထားတယ်။ ပြင် ဆင်ရေးကော်မတီက တစ်ဦးစီပါမယ်။ သက်ဆိုင် ရာပြည်နယ်တိုင်းက စီစီတွေပါမယ်။သက်ဆိုင်ရာ ပြည်နယ် တိုင်းစည်းတွေပါမယ်။ အဲဒါတွေနဲ့ ဒီ ဇင်ဘာလကုန်နောက်ဆုံးထားပြီး ပြည်နယ်တိုင်း အသီးသီးကို တာဝန်ပေးပြီး တာဝန်တွေခွဲဝေချ ထားတယ်။ သူတို့က နယ်တွေကို ဆင်းပြီးရှင်းလင်း တင်ပြသဘောထားဆန္ဒခံယူကြမယ်။ ''အစော ဆုံး အောက်တိုဘာလလယ်လောက် လုပ်ငန်းစ နိုင်မယ်လို့လဲ ပြော ပါတယ်။ ပြည်သူ့ဆန္ဒတွေကို လွှတ်တော်ထံ ဒီဇင်ဘာလမကုန်မီတင်မယ်လို့ ဆို ထားပြန်တော့ ဆန္ဒယူမယ့်ကာလက နှစ်လတောင် မရှိ။ နှစ်လတောင် မပြည့်တတ်တဲ့ အချိန် ကာလ အတွင်း ဖွဲ့စည်းပုံက ဘယ်အချက်တွေကို ဘယ်လို ချပြလို့ ဘယ်လိုဆန္ဒယူကြမတုန်း။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က တွေ့ရှိထား တဲ့ အချက် ခုနစ်ချက်က ဒီလိုပါ။

(၁) ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ။ (၂) ရှေ့နောက်ညီ ညွတ်ခြင်းမရှိသော ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက် များ။
(၃) ပြည်တွင်းငြိမ်းချမ်းရေး အတွက် မရှိမဖြစ်လိုအပ်သော တိုင်းရင်းသားများ ၏ အခွင့် အရေးများကို အာမခံရေးနဲ့ စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အ တားဖြစ်နေသည့် ပြဋ္ဌာန်းချက်များ၊
(၄) ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အ တားဖြစ်စေသော ပြဋ္ဌာန်းချက်များ၊
(၅) အပြန်အ လှန်ထိန်းကျောင်းရမည့် ဒီမိုကရေစီမဏ္ဍိုင်ကြီး သုံးရပ်အား တစ်ဖက်စောင်း နင်းဖြစ်စေသော ပြဋ္ဌာန်းချက်များ။
(၆) နိုင်ငံသားများ၏ တန်းတူ ညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း မရှိသည့် ပြဋ္ဌာန်းချက်များ။
(၇) ၂၀၁၅ ရွေးကောက်ပွဲ များ လွတ်လပ်ပြီး တရားမျှတရေးကို ထိခိုက်နေသည့် ပြဋ္ဌာန်းချက်များ စသည်ဖြင့်ဖြစ်ပါတယ်။ ပြဋ္ဌာန်း ချက်ပေါင်းရာနဲ့ချီရှိနိုင်ပါတယ်။

အမြင်သဘောထားအမျိုးမျိုးထွက်ပေါ်လာ

အင်န်အယ်လ်ဒီဦးဝင်းမြင့်ကတော့ ''ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုတာက အုပ်ချုပ်ခံပြည်သူလူထု နဲ့ အုပ်ချုပ်တဲ့အစိုးရအကြားမှာ ပဋိညာဉ်စာချုပ် တစ်ခုပဲလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေက အခြေခံ အကျဆုံးပဲလေ။ ပြည် သူ့ဆန္ဒနဲ့ ပြည်သူ့သဘော ထား ကိုလည်း လွှတ်တော်မှာ ရောင်ပြန်ဟပ်ချင် လို့ ပြည်သူ့ဆန္ဒကို ယူတာပါလို့ ဆိုပါတယ်။ ဒီကြေညာချက်ထွက်လာတော့ အချိန်တို တယ် မဖြစ်နိုင်ဘူး၊ စိတ်ကူးယဉ်ဆန်လွန်းတယ်၊ ပြည် သူကိုပဲ ပြန်လွှဲချလိုက်တာ မဖြစ်သင့်ဘူး၊ ပြည်သူ က နိုင်ငံရေး ရေချိန် အဲဒီလောက်မမြင့်သေး ဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ဥပဒေဘွဲ့ရထား သူတွေတောင် နိုင်ငံရေးကောင်းကောင်း နားမ လည်ရင်တောင် တော် မတော်၊ ကောင်းမကောင်း ဆိုတာ အမှန်အတိုင်းသုံးသပ်နိုင်ဖို့မလွယ်ဘူး။ ဒါကြောင့် ပြည်သူတွေဆီ ကဆန္ဒခံယူမယ်ဆိုတာ နည်းနည်းတော့ လွဲချော်နေတယ်လို့မြင်တယ် စတဲ့သဘောထားမှတ်ချက်တွေ ထွက်ပေါ်ခဲ့ပါ တယ်။

ဒါ့အပြင် အစိုးရကလဲ မိဘပြည်သူ၊ အတိုက် အခံကလဲ ပြည်သူလူထုနဲ့ ပြည် သူကိုပါးစပ်ဖျား ကမချဘူး။ ပါးစပ်ဖျားကမချသလို တာဝန်တွေလဲ ပိုပိုပေး လာပါတယ်။ တရားဥပဒေစိုးမိုးရေးလဲ ပြည်သူမှာတာဝန်ရှိ၊ အဂတိလိုက်စား မှုတိုက် ဖျက်ရေး လဲ ပြည်သူမှာတာဝန်ရှိ၊ ဟော အခု ဖွဲ့ စည်းပုံအခြေခံဥ ပဒေပြင်မလား အသစ်ဆွဲမလား၊ ပြည်သူမှာ တာဝန်ရှိလာပြန်ပြီ၊ ပြည်သူ့အား ကို အများကြီးလိုသလို ပြည်သူ့အားကို ငဲ့ညှာကြဖို့လဲ လိုမယ်။ ပြည်သူတွေ တစ်ဝမ်းတစ်ခါး အတွက် စိတ် အေးလက်အေးရှာစားနိုင်နေကြပြီလား တစ်ချက် လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။ ၉ဝတုန်းက လဲ ထောက်ခံ မဲတွေပေးပြီး ပြည်သူတွေတာဝန် ကျေခဲ့ပြီးပြီ။ ၂၀၁၀ ကြားဖြတ်တုန်းက လဲ ထောက် ခံမဲတွေ အပြတ်အသတ် ပေးပြီး တာဝန်ကျေပြခဲ့ ကြပြီးပြီ။ ဖွဲ့စည်းပုံပြင်ဖို့ ပြည်သူ့ ဆန္ဒယူမယ့်ကိစ္စ ဟာ ထောက်ခံမဲထည့်သလို ပြည် သူအ လွယ်တကူ လုပ်နိုင်မှာမဟုတ်ဘူး စတဲ့ပြောဆိုချက်တွေလဲ ကြားရပါတယ်။

အခြားတစ်ဖက်အမြင်တွေ

အခြားတစ်ဖက်မှာလဲ အချုပ်အခြာအာဏာ သို့မဟုတ် နိုင်ငံရေးအာဏာ ဟာ ပြည်သူလူထုထံ က စတင်စီးဆင်းလာတာဖြစ်တယ်။ အချုပ်အခြာ အာဏာဆိုတာ ပြည်သူလူထုရဲ့ Mandate ဖြစ် တယ် အစရှိတဲ့ အယူအဆ သဘောတရားဟာ ရာစုနှစ်တစ်ခုမက သီဝရီအရ လက်ခံထားခဲ့ပြီး တဲ့ နိုင်ငံရေးအမြင်တစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသီဝရီကို အခု ၂၁ရာစုမှာ အကောင်အထည် ဖော်ကြဖို့ နိုင်ငံတကာမှာ လှုပ်ရှားလာကြပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့် အရေးအတွက် တောင်း ဆိုတိုက်ပွဲဝင်မှုတွေ ကျယ်ပြန့်လာနေတာဖြစ်ပါတယ်။

အခု မြန်မာ ပြည်မှာ ပေါ်ပေါက်နေတဲ့ အလုပ်သမားတိုက်ပွဲ၊ လယ်သမား တိုက်ပွဲ၊ မတရားမြေယာအသိမ်းခံရ သူတွေရဲ့တိုက်ပွဲ၊ သတင်းစာ လွတ်လပ် ခွင့်တိုက် ပွဲ အစရှိတဲ့ အတိုက်အခံပြုမှုအထွေထွေဟာ ဒီမိုက ရေစီနည်း မကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ အကြောင်းခံဖြစ်ပေါ်နေတဲ့ တိုက် ပွဲတွေပဲ။ ဒါ ကြောင့် အရင် တပ်မတော်သာအမိ တပ်မတော် သာအဖခေတ် တုန်း ကရေးခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံ ဟာ လူထုကို အကျိုးမပြုဘူး။ စစ်အာ ဏာရှင်လူ တစ်စုအကျိုးကိုသာ ဗဟိုပြုရေးဆွဲထားတဲ့အ တွက် တိုင်းပြည်အ တွက် အကျိုးမရှိဘူး၊ ဒီတော့ အခု ပြည်သူသာအမိ ပြည်သူသာ အဖလို့ ပြန် လည် ကြွေးကြော် လာတဲ့ ခေတ်မှာ ဖွဲ့စည်းပုံပြင်ဖို့ (သို့ မဟုတ်)အသစ်ရေး ဖို့အတွက် ပြည်သူကို ချပြ လာတဲ့ကိစ္စဟာ ရေရှည်မှာ ကောင်းတဲ့ကျင့်စဉ် တစ်ခုဖြစ်လာဖို့ရှိတယ်။ ပြည်သူတွေ ဘာမှမသိရ ဘဲ တိုင်းပြည်သယံ ဇာတတွေ ရောင်းစား ခဲ့တာမျိုး ကို နောင် အခါ ကာကွယ်နိုင်ဖို့ ပြည်သူတွေ ကို နိုင်ငံရေးနိုးကြားလာအောင် နှိုးဆော်ရာလည်းကျ တယ်။

ဒါကြောင့် ပြည်သူနဲ့ လက်တွဲပြီး ပြည်သူ့ သဘောထားကို အလေးထားပြီး နိုင်ငံ့အရေးအရာ တွေကို ဦးဆောင် ဖို့ကြိုးစား တဲ့ NLD ရဲ့ ယခု ဆောင်ရွက် ချက်ကို ကြိုဆိုရမှာဖြစ်တယ်။ ဒါ့အပြင် ဒီသဘောထားဟာ NLD တစ်ခု တည်းရဲ့သဘော ထက်ပိုတယ်လို့လည်း ပြောနိုင်တယ်၊ နိုင်ငံရေး မှာ လူထုအခန်းကဏ္ဍကို ရှေ့တန်းတင်လာတာ ကို အသိအမှတ် ပြုသင့်တယ်လို့ မှတ်ချက် ပြုကြ တာလဲ ပြန်ကြားရပါတယ်။

ပြည်သူနဲ့ ဝန်ထုပ်ဝန်ပိုး

ဘယ်နေရာမှာဘယ်တုန်းကဘယ်သူ့ကို ပြောလိုက်တာလဲဆိုတာအသေအချာမမှတ်မိ တော့ပေမယ့်အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ပြောခဲ့တာတော့မှတ်မိနေပါတယ်။အခြေခံဥပဒေပြင်ဖို့ကိစ္စ ပြည်သူ့ထံကအကြံဉာဏ်ယူဦးမလားလို့သတင်းထောက်တစ်ဦးကမေးတော့
ဒေါ်စုက ပြောပါတယ်။ ပြည်သူတွေမှာနိစ္စဓူဝစားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရတာ။ထပ်ပြီးဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တော့ဘူး။ဒီသဘောမျိုး ဒေါ်စုပြောခဲ့ဖူးပါတယ်။အခုတော့ ပြည်သူ့ဆန္ဒခံဖို့ဆုံးဖြတ်လိုက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြေပေးပါ။ဘာလို့ဒီလိုဆုံးဖြတ်လိုက်တာလဲဆိုတာကို...။

ကိုရွှေအောင်
The Yangon Times
 
Ref ; http://www.oppositeyes.info/2013/10/blog-post_7880.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...