Ads (728x90)



၁။ တပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ သန္ဓေတည်ခဲ့ပြီး ဖက်ဆက်တော်လှန်ရေးကြီးမှာ အတိအလင်း ပေါက်ဖွားလာခဲ့တာဖြစ်တယ်....

၂။ နိုင်ငံတော်မှာ အရေးကြုံတဲ့ အခါတိုင်း ရှိသမျှကာကွယ်ရေးအင်အားကို ထုတ်ယူ အသုံးချပြီး နိုင်ငံတော်ကို ကယ်တင်ထိန်းသိမ်းပေးခဲ့ရတယ်။

၃။ နိုင်ငံတော်ပြိုကွဲမဲ့အရေး၊ အနာဂတ်တိုင်းပြည် ချောက်ကမ်းပါးကျရောက်မဲ့ အန္တရာယ်၊ တိုင်းပြည် မီးဟုန်းဟုန်းတောက်ခဲ့ရတဲ့ အခြေအနေကနေ ၄ ကြိမ်တိုင်တိုင် ကာကွယ်ခဲ့ရတယ်။

ဘယ်တုန်းကလဲ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဒီမှာကြည့်ပါ။

ပထမအန္တရာယ်
----------------
လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းရောင်စုံသောင်းကျန်းမှုနဲ့ ပြည်ပကျူးကျော်မှု အန္တရာယ်။

ကိုလိုနီနယ်ချဲ့သွေးခွဲခဲ့လို ပြည်တွင်းရောင်စုံသောင်းကျန်းမှု ထုထည်အရှိန်အဟုန်ကြီးမား စွာပေါ်ပေါက်ခဲ့ရသလို ၊ ရန်ကုန်အစိုးရလို အမည်တွင်တော့မဲ့အချိန်မှာ တရုတ်ဖြူကူမင်တန် တပ်တွေ မြန်မာနိုင်ငံ ပိုင်နက်ထဲကို ကျူးကျော်လာခဲ့လို့..တပ်မတော်ဟာ အာဏာရ ဖဆပလ အစိုးရ ဘက်က ရပ်တည်ပြီး ရင်ဆိုင်ကျော်လွှား တိုက်ထုတ်ပေးခဲ့တယ်။.

ဒုတိယအန္တရာယ်
-----------------
၁၉၅၈ ခုနှစ်မှာ အာဏာရ ဖဆပလပါတီအတွင်းမှာ အကွဲအပြဲဖြစ်ခဲ့တယ်၊ ပါတီဝင်အစိတ်စိတ်ကွဲခဲ့ပြီး တစ်ချို့က ခါးပိုက်ဆောင်တပ်ဖွဲ့ ဖွဲ့၊ တစ်ချို့က မြေအောက်သောင်းကျန်းသူတွေနဲ့ ဆက်သွယ် ကြတယ်။အဲဒီအချိန်မှာဘဲ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ချို့ယွင်းအားနည်း ချက်ကြောင့် ပြည် နယ်ခွဲ ထွက်ရေးတွေပေါ်ပေါက် ခဲ့ပြန်တယ်။

ဒီလို အခြေအနေ နဲ့ ပြည်တွင်းစစ်ဖြစ်လုနီးပါး အချိန်မှာဘဲ အာဏာရပါတီ အကူအညီတောင်းလို့ အိမ်စောင့် အစိုးရ အဖြစ်နဲ့ တိုင်းပြည်ရဲ့ ဒုတိယအကြိမ် မိးဟုန်းဟုန်းတောက်တော့မဲ့ အခြေအနေကို ၀င်ထိန်းပေး ခဲ့တယ်။ပြီးတော့ ၁၉၆၀ မှာ ရွေးကောက်ပွဲကျင်းပ ပေးခဲ့တယ်။

တတိယအန္တရာယ်
------------------
ပထမ အစိုးရအနေနဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ကြေညာခဲ့လို့ဆိုပြီး ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပွါးခဲ့တယ်။တိုင်းရင်းသားလူမျိုးစုတွေ တောခိုတယ်...ရှမ်းပြည်နယ်ခွဲထွက်ရေးဆိုပြီး ကြိုးပမ်းမှုတွေ ပေါ်လာပြန်တယ်။ဖယ်ဒရယ်မူကို အကြောင်းပြပြီး ပြည်တွင်းကနေခွဲထွက် မယ်ဆိုပြီး လုပ်လာပြန်တယ်။တတိယအကြိမ်တိုင်းပြည် မိဟုန်းဟုန်းတောက်မဲ့ အခြေအနေနဲ့ ကြုံရပြန် တယ်။

ဒီလို အခြေအနေကြောင့် ၁၉၆၂ မတ်လ ၂ ၇က်နေမှာဘဲ တပ်မတော်က တော်လှန်ရေးကောင်စီကိုဖွဲ့စည်း ပြီးနိုင်ငံတော်လုံခြုံရေး၊ကာကွယ်ရေးနဲ့..ပြည်လည်ထူထောင်ရေးတာဝန်တွေထပ်ပြီးထမ်းဆောင်ပေးခဲ့ရပြန်တယ်။

စတုတ္ထအန္တရာယ်
------------------

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီအရေးကို အကြောင်းပြပြီး ဆူပူမှုအရေးအခင်းကြီး ပေါ်ပေါက်လာ တဲ့ အချိန်မှာ တရားစီရင်ရေး အာဏာ အစိုးရလက်ထဲမှာ မရှိတော့ဘဲ ဆူပူအကြမ်းဖက်သူတွေ လက်ထဲ ကို ရောက်ခဲ့တယ်။လူအချင်းချင်းသတ်ဖြတ်မှုတွေ နဲ့ မင်းမဲ့ စရိုက် ပေါင်းစုံ ဥပဒေအထိန်းအကွပ် မရှိတော့ ဘဲ နေရာတစ်ကာမှာ ပေါ်လာခဲ့တယ်။

ဒီအရေးအခင်းကို အကြောင်းပြပြီး ပြည်ပနိုင်ငံ အချို့က ၀င်ရောက်စွက်ဖက်တဲ့အပြင် စစ်ရေးအရ ကျူးကျော်လာမဲ့ အနေအထားရောက်လာခဲ့တယ်။

ဒါကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးလာတဲ့ အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေမှာ တပ်မတော်က နိုင်ငံတော်ရဲ့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရပြန်တယ်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

၁၉၄၈၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ခုနစ်ထိ ၄ ကြိမ်တိုင်တိုင် တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။

Jing Hpaw Land
Ref ; http://www.oppositeyes.info/2013/10/blog-post_3179.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...