Ads (728x90)



တိုင်း ရင်းသား အခွင့်အရေး ကာကွယ် ရေး ဥပဒေတစ်ရပ် ပေါ် ထွက်လာ တော့ မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက ထုတ်ဖော်ပြော ကြားလိုက် သည်။

လက်ရှိတွင် အဆိုပါဥပဒေ ကို ပြည်ထောင်စုလွှတ်တော် တွင် ရေးဆွဲလျက် ရှိပြီး ယင်းဥပဒေမူ ကြမ်းကို တတိယအကြိမ်မြောက် အဖြစ် ရှေ့နေချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ဥပဒေ ချုပ်များနှင့် ညှိနှိုင်းနေဆဲဖြစ် ကြောင်း သိရသည်။

''အဲဒီလိုညှိနှိုင်းပြီးရင် တော့ တတိယမူကြမ်းကို ပြည် ထောင်စုလွှတ်တော်မှာ တင်ပြဖို့ ဆောင်ရွက်ဖို့ရှိပါတယ်''ဟု ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြောသည်။

ယင်းကို စက်တင်ဘာ၂၉ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာစီးပွားရေးဗဟိုခန်းမ(IBC) ၌ပြုလုပ်သည့် သူရဦးရွှေမန်းနှင့် ရခိုင်လူထုကိုယ်စားလှယ်များတွေ့ ဆုံပွဲတွင် ယင်းက အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားများ၏ ရပိုင်ခွင့်အခွင့်အရေးများကို ရရှိနိုင်ရန် တိကျသည့် ဥပဒေပြဋ္ဌာန်းချက် တစ်ခုလိုအပ်သည့်အတွက် ယခု ကဲ့သို့ ပြဋ္ဌာန်းရန်စီ စဉ်ရခြင်းဖြစ် ကြောင်း သိရသည်။

ယခု ပြဋ္ဌာန်းဆောင်ရွက် မည့် အဆိုပါတိုင်းရင်းသားအခွင့် အရေးကာကွယ်ရေးဥပဒေတွင် Power Sharing များနှင့် Resource Sharing များကို ထည့်သွင်း ပြဋ္ဌာန်းပေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က တိုက်တွန်းပြော ဆိုသည်။

''ခုပြဋ္ဌာန်းမယ့် ဥပဒေမှာ Power Sharing တွေ၊ Resource Sharing တွေ ထည့်ပေးပါ''ဟု ယင်းကဆိုသည်။ ယင်း အပြင် မိမိ တို့၏ဒေ သ မှထွက်ရှိ သည့် သဘာဝသယံဇာ တအကျိုးအမြတ်များ ရရှိခံစား ပိုင်ခွင့်များ ကိုလည်း ပြဋ္ဌာန်းရာ တွင် ထည့်သွင်းပေးရန် အဆိုပါ တွေ့ဆုံပွဲ သို့တက်ရောက်လာ သည့် သံတွဲမြို့မှ ဦးမောင်မောင် ဖြူကပြောသည်။

စက်တင်ဘာ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းနှင့် ရခိုင်ဒေသ ခံများ တွေ့ဆုံ၍ ရခိုင်တိုင်းရင်း သားများ၏ အဓိကလိုအပ်ချက် များ တောင်းဆိုမှုသည်လည်း ယခု ပြဋ္ဌာန်းမည့် ဥပဒေအတွက် အ ထောက်အကူဖြစ်လာနိုင်ကြောင်း သူရဦးရွှေမန်းကဆိုသည်။

ယင်းနေ့က တွေ့ဆုံပွဲ တွင် ရခိုင်ပြည်နယ်အတွင်း ဒေသလုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည်တို့ကို ယခုထက်ပိုမိုတိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း တောင်းဆိုခဲ့ကြသည်။

ယင်းတောင်းဆိုချက်များ ကို နိုင်ငံတော်သမ္မတကြီးနှင့် လာ မည့်ပြည်ထောင်စု လွှတ်တော်တွင် တင်ပြဆွေးနွေးသွား မည်ဖြစ် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ရခိုင် တိုင်းရင်းသားများ ကို ကတိပြု ပြောကြားခဲ့သည်။

မာန်ယုကျော် (ရွှေဝမြေ)
 
Ref;  http://www.oppositeyes.info/2013/10/blog-post_9372.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...