Ads (728x90)

Photo: "(၄)ပွဲပယ် ထပ်တိုး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရခဲ့သည့် တောရက်စ်"

ချယ်လ်ဆီးတိုက်စစ်မှူး တောရက်စ်သည် ပြီးခဲ့သည့် စနေနေ့က စပါးအသင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ပွဲစဉ်တွင် စပါးနောက်ခံလူ ဗန်တွန်ဂန်နှင့် အကြိမ်ကြိမ် ငြိစွန်းခဲ့ခြင်းကြောင့် (၂)၀ါ (၁)နီဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ထို့ကြောင့် (၁)ပွဲပယ် ပြစ်ဒဏ်ကျခံရမည့် အပြင် ရည်ရွယ်ချက် ရှိရှိ ပြစ်ဒဏ်ကျူးလွန်သည်ဟု့ ထင်ရှားပါက (၄)ပွဲပယ် ပြစ်ဒဏ် ကျခံရနိုင်သည်ဟု့ မနေ့က သတင်းများတွင် ဖော်ပြခဲ့ကြသည်။

သို့ပေမယ့် ယနေ့ နောက်ဆုံးရ သတင်းများအရ အက်ဖ်အေသည် တောရက်စ်၏ အမှူ့ကို ကြားနာခဲ့ပြီးနောက် ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်သည်ဟု့ သက်သေမထင်ရှားခဲ့သည့် အတွက်  (၁)ပွဲပယ် ပြစ်ဒဏ်သာ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။

ထိုကဲ့သို့ တောရက်စ် အပြစ်မှ လွတ်ကင်းစေရန်အတွက် စပါးအသင်း အပါအ၀င် တောရက်စ်နှင့် ငြိစွန်းခဲ့သည့် ဗန်တွန်ဂန် တို့ကပါ တောရက်စ်ဘက်မှ ပါဝင်ကူညီ သက်သေလိုက်ပေးခဲ့ကြောင်း သိရသည်။

ထို့အတွက်ကြောင့် တောရက်စ်သည် လာမည့် တနင်္ဂနွေနေ့ နောဝစ်ခ်ျ အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲစဉ်(၁)ပွဲကိုသာ လွဲချော်မည် ဖြစ်ပြီး၊ (၁၉)ရက်နေ့ ကာဒစ်ဖ်အသင်းကို စတန်းဖို့ဒ်ဘရစ်ခ်ျ၌ ဧည့်ခံ ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပြန်လည် ကစားခွင့် ရမည် ဖြစ်ကြောင်း သိရှိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...