![]() |
| KIA(ကချင်)သောင်းကျန်းသူ အဖွဲ့  |
KIA(ကချင်)သောင်းကျန်းသူအဖွဲ့ မှ စက်တင်ဘာ(၂၈)ရက်နေ့ တွင်
ဝိုင်းမော်မြို့နယ် ၊အောင်မြေ(၁)ကျေးရွာ၊ရပ်ကွက်(၃)သို့ လာရောက်ကာ
ကျေးရွာတွင်းရှိဒေသခံပြည်သူများ
ဖြစ်ကြသော(၁)ငွါးဆာ(၂၅)နှစ်၊အဖဦးငွါလေး၊(၂)ဘောမ်ခန့် ထူး(၂၀)နှစ်၊အဖဦးဘောမ်ခန့် တူး၊(၃)မချမ်းဝမ်(၂၀)နှစ်၊အဖ ဦးဘောမ်ချမ်းတို့၃ဦးအား မူးယစ်ဆေးဝါးများရောင်းဝယ်သူများအဖြစ် စွပ်စွဲကာအတင်း အဓမ္မလူသစ် စုဆောင်းပြီး နန့် ဇော်ယန် ဘက်သို့ ဖမ်းဆီခေါ်ဆောင် သွားကြောင်း သိရသည်။
KIA(ကချင်)သောင်းကျန်းသူအဖွဲ့ အနေဖြင့် ဒေသခံပြည်သူများအား မူးယစ်ဆေး ဝါးရောင်းချသည်ဟုအကြောင်းပြကာအတင်းအဓမ္မလူသစ်စုဆောင်းနေမှုများကြောင့် ဒေသခံပြည်သူများမှာစိုးရိမ်စိတ်များဖြင့် နေထိုင်လုပ်ကိုင်စားသောက်နေရကြောင်းသိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မြစ်ကြီးနား စရဖမှ မူးယစ်ဆေး ဝါးများရောင်းချခိုင်းသည်ဟု ဆိုကာ KIA(ကချင်)သောင်းကျန်းသူအဖွဲ့ မှ လုပ်ကြံဖန်တီး ပြောဆိုထားသော ဗီဒီယိုဖိုင် တစ်ခုထွက်ပေါ်လာခဲ့သေးသည်။

ယွန်ဆောင်
Ref; http://www.oppositeyes.info/2013/10/kia.html

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။