Ads (728x90)



၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွ
ာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည်တစ်ရွာတည်းနေ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာနေအိမ်တွင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင်ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ဦးနှောက်ထွက်၊၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊၀ဲလက်ညှိုးပြတ်၊၀ဲကျောကုန်းထိုးသွင်းဒဏ်ရာ၊၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီးအနီးတွင်ရဲတင်း(၁)လက်၊အရိုးအသွား(၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင်သုံးဓါးအကျိုး(၁)ချောင်းတို့အားတွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ြေ
ကာင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေးတိမ်းရှောင်ေ နကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ် နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူ
းရုံး၊ အထူးမှုခင်းနှမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ၎င်းသည်မော်လမြိုင်မြို့တွင် ရောက်ရှိတိမ်းရှောင်နေကြောင်း သိရှိရသဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
 
Ref; http://www.oppositeyes.info/2013/10/blog-post_2939.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...