Ads (728x90)

Photo: “ဆွာရက်ဇ် အသင်းမှ ထွက်ခွာသွားမည်ဟု့ ထင်ခဲ့မိကြောင်း ဂျရတ် ဖွင့်ဟ”

လီဗာပူးလ်၏ အသင်းခေါင်းဆောက် စတီဗင်ဂျရတ်က ပြီးခဲ့သည့် နွေရာသီက ဆွာရက်ဇ် အသင်းမှ ထွက်ခွာ သွားမည်ဟု့ ထင်ခဲ့မိပြီး၊ သူ့အသင်းဖော် တိုက်စစ်မှူ့ အသင်းမှ ထွက်ခွာမည့် ကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှူ့ ဖြစ်ခဲ့ရကြောင်း ဖွင့်ဟပြောဆိုလိုက်သည်။

ဥရုဂွေး နိုင်ငံသား ဆွာရက်ဇ်သည် ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီး ခံစစ် ကစားသမား အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့သည့် အမှူ့ဖြင့် (၁၀)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရကာ၊ ပြစ်ဒဏ်ခံယူပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က သူ၏ ပရီးမီးယားလိဂ် ပထမဦးဆုံး ပွဲထွက်ခွင့် အဖြစ် ဆန်းဒါးလန်း အသင်းကို (၃-၁)ဖြင့် အနိုင်ရခဲ့သော ပွဲစဉ်၌ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး (၂)ဂိုး သွင်းယူနိုင်ခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက ဆွာရက်ဇ်ကို ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့သလို၊ အာဆင်နယ် အသင်းကလည်း ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နှင့် (၁)ပေါင် ဈေးနှူန်းဖြင့် ကမ်းလှမ်းခဲ့သေးသည်။ ဆွာရက်ဇ် ကိုယ်တိုင်ကလည်း သူ့ဆန္ဒကို လျှို့ဝှက် မထားပဲ လီဗာပူးလ် အသင်းမှ ထွက်ခွာချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် ဂျရတ်က သူ့အသင်းဖော် တိုက်စစ်မှူး အသင်းမှ ထွက်ခွာ သွားမည်ကို စိုးရိမ်ခဲ့ရပေမယ့် နောက်ဆုံးမှာ ဆွာရက်ဇ် အနေဖြင့် အသင်းတွင် ဆက်လက် ကစားနေသည့်အတွက် ဂျရတ်က ပျော်ရွှင်ကျေနပ်လျက် ရှိနေပြီး၊ ဆွာရက်ဇ်သည် တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်သည့်အတွက် အသင်းတိုင်းလိုလိုက လိုချင်နေကြကြောင်း၊ နွေရာသီ ဈေးကွက်ဖွင့်ချိန်က သူ့အနေဖြင့် မနက်တိုင်း သတင်းစာတွေကို ဖတ်မိတိုင်း စိတ်ပူပန်ခဲ့ရကြောင်း၊ သို့ပေမယ့် ဆွာရက်ဇ် ထွက်ခွာမည့် သတင်းများ မပါမှသာ သက်ပြင်းချခဲ့ရကြောင်း၊ ဆွာရက်ဇ်သည် လီဗာပူးလ်အသင်း အောင်နိုင်ရေးအတွက် အမြဲတမ်း ဆာလောင်မွတ်သိပ်နေသူ တစ်ယောက်ဖြစ်ကြောင်း၊ ကလပ်ကလည်း သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားချင်သည့် ဆန္ဒအပြည့် ရှိနေကြောင်း၊ ဆွာရက်ဇ်ကလည်း အသင်း၏ ဆန္ဒကို လေးစားသည့် အားဖြင့် အသင်းတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း၊ လီဗာပူးလ်တွင်သာ ဆွာရက်ဇ်၏ ကစားသမား ဘ၀ ကုန်ဆုံးသည်ထိ့ ရှိနေစေချင်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့သည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...