အမေရိကန်အစိုးရသည်
ဗင်နီဇွဲလား သံတမန် ၃ ဦးအား နိုင်ငံမှ ၄၈ နာရီအတွင်း ထွက်ခွာရန်
ညွှန်ကြားလိုက်သည်။ ဗင်နီဇွဲလားက အမေရိကန်သံတမန် ၃ ဦးအား နိုင်ငံမှ
နှင်ထုတ်ခဲ့ပြီးနောက် အမေရိကန်ကလည်း တုံ့ပြန်သည့်အနေဖြင့်
ဗင်နီဇွဲလားသံတမန်များကို နိုင်ငံမှ ထွက်ခွာစေခြင်းဖြစ်သည်။
အမေရိကန်သံတမန် ၃ ဦးသည် ဗင်နီဇွဲလားတွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့်
လျှပ်စစ်ဓာတ် အားပေး အခြေခံ အဆောက်အအုံများ ဖျက်ဆီးခံရမှုတွင်
ပါဝင်ခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက စွပ်စွဲထားသည်။ အမေရိကန် သံရုံးကမူ
အမေရိကန် အစိုးရအနေဖြင့် မည်သည့် လုပ်ကြံဖျက်ဆီးမှု တွင်မျှ မပါဝင်ကြောင်း၊
ဗင်နီဇွဲလား အစိုးရ၏ စွပ်စွဲချက်များကို လုံးဝဥဿုံ ငြင်းဆန်ကြောင်း
ကြေ ညာချက် ထုတ်ပြန်သွားသည်။
Planet
Ref ; http://www.oppositeyes.info/2013/10/blog-post_1004.html
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။