Ads (728x90)

Photo: ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများ ကိုအားပေးမည့် အမာခံ Fan Club ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ------------------------------------------------------------------၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော်(Sea Games) ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ ယူ ၂၃ လက်ရွေးစင် အသင်းနှင့် မြန်မာ အမျိုးသမီး လက်ရွေး စင်အသင်းတို့ကိုပြိုင်ပွဲကာလအတွင်း တူညီဝတ်စုံများဖြင့် စနစ်တကျ အားပေးမည့် အမာခံ Fan Club ဖွဲ့စည်းရေးအတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီ က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ MFF တာဝန်ရှိသူများနှင့်အတူ ၊ တေးသံရှင် မိုးမိုးနှင့် လင်းလင်း၊ ပြည်တွင်းရှိ ဘောလုံး Fan Club အသီးသီးမှ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာ့ လက်ရွေးစင် အသင်းအားပေးသူများအဖွဲ့ စနစ်တကျ တည်ထောင်ရေးအတွက် ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြပြီး Theme Songs နှင့် သံပြိုင်ဟစ်ကြွေးမည့် စာသားများ ရွေးချယ် ရေး၊ Fan Club အမည်နှင့် လိုဂို သက်မှတ်ရေး တို့ကို ၀ိုင်းဝန်း တိုင်ပင်ညှိနှိုင်းခဲ့ကြသည်။ မြန်မာအသင်း အားပေးသူများ အဖွဲ့ကို ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပွဲစဉ်များ ကျင်းပမည့် ရန်ကုန်မြို့တွင်သာမက အမျိုးသမီး ဘောလုံးပြိုင်ပွဲများ ကျင်းပမည့်မန္တလေးမြို့တို့တွင်လည်း ဆက်လက် တည်ထောင်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း အားပေးသူများအဖွဲ့သည် မြန်မာအသင်း ယှဉ်ပြိုင်ကစားနေစဉ် အတွင်း နိုင်ငံတော်အလံများ ဝှေ့ယမ်းအားပေး၍လည်းကောင်း၊ စိတ်ဓာတ်တက်ကြွစေမည့် သီချင်းများ နှင့် စာသားများအား အတူတကွ သီဆို ဟစ်ကြွေး၍ လည်းကောင်း၊ ဘင်ခရာများနှင့် အခြားတူရိယာများ တီးခတ်၍လည်းကောင်း ညီညာစွာဖြင့် မြန်မာ့လက် ရွေးစင် အမျိုးသား ယူ ၂၃ အသင်းနှင့် အမျိုးသမီး လက်ရွေးစင် အသင်းတို့ကို အားပေးကြမည်ဖြစ်သည်။ အဆိုပါ အဖွဲ့သည် လာမည့် အောက်တိုဘာ ၈ ရက်နေ့၊ နေ့လည် ၁ နာရီ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် ဒုတိယအကြိမ် အစည်းအဝေး ထပ်မံပြုလုပ်မည် ဖြစ်ပြီး မြန်မာ ယူ ၂၃ အသင်းနှင့် ဗီယက်နမ် ယူ ၂၃ အသင်းတို့ အောက်တိုဘာ ၁၅ ရက်နေ့ ခြေစမ်းပွဲမှ စတင်ကာ ဆီးဂိမ်းစ်တွင် အားပေးမည့်ပုံစံများအတွက် အစမ်းလေ့ကျင့်သွားမည်ဖြစ်သည်။
------------------------------------------------------------------၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော်(Sea Games) ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ ယူ ၂၃ လက်ရွေးစင် အသင်းနှင့် မြန်မာ အမျိုးသမီး လက်ရွေး စင်အသင်းတို့ကိုပြိုင်ပွဲကာလအတွင်း တူညီဝတ်စုံများဖြင့် စနစ်တကျ အားပေးမည့် အမာခံ Fan Club ဖွဲ့စည်းရေးအတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီ က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ MFF တာဝန်ရှိသူများနှင့်အတူ ၊ တေးသံရှင် မိုးမိုးနှင့် လင်းလင်း၊ ပြည်တွင်းရှိ ဘောလုံး Fan Club အသီးသီးမှ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာ့ လက်ရွေးစင် အသင်းအားပေးသူများအဖွဲ့ စနစ်တကျ တည်ထောင်ရေးအတွက် ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြပြီး Theme Songs နှင့် သံပြိုင်ဟစ်ကြွေးမည့် စာသားများ ရွေးချယ် ရေး၊ Fan Club အမည်နှင့် လိုဂို သက်မှတ်ရေး တို့ကို ၀ိုင်းဝန်း တိုင်ပင်ညှိနှိုင်းခဲ့ကြသည်။ မြန်မာအသင်း အားပေးသူများ အဖွဲ့ကို ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပွဲစဉ်များ ကျင်းပမည့် ရန်ကုန်မြို့တွင်သာမက အမျိုးသမီး ဘောလုံးပြိုင်ပွဲများ ကျင်းပမည့်မန္တလေးမြို့တို့တွင်လည်း ဆက်လက် တည်ထောင်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း အားပေးသူများအဖွဲ့သည် မြန်မာအသင်း ယှဉ်ပြိုင်ကစားနေစဉ် အတွင်း နိုင်ငံတော်အလံများ ဝှေ့ယမ်းအားပေး၍လည်းကောင်း၊ စိတ်ဓာတ်တက်ကြွစေမည့် သီချင်းများ နှင့် စာသားများအား အတူတကွ သီဆို ဟစ်ကြွေး၍ လည်းကောင်း၊ ဘင်ခရာများနှင့် အခြားတူရိယာများ တီးခတ်၍လည်းကောင်း ညီညာစွာဖြင့် မြန်မာ့လက် ရွေးစင် အမျိုးသား ယူ ၂၃ အသင်းနှင့် အမျိုးသမီး လက်ရွေးစင် အသင်းတို့ကို အားပေးကြမည်ဖြစ်သည်။ အဆိုပါ အဖွဲ့သည် လာမည့် အောက်တိုဘာ ၈ ရက်နေ့၊ နေ့လည် ၁ နာရီ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် ဒုတိယအကြိမ် အစည်းအဝေး ထပ်မံပြုလုပ်မည် ဖြစ်ပြီး မြန်မာ ယူ ၂၃ အသင်းနှင့် ဗီယက်နမ် ယူ ၂၃ အသင်းတို့ အောက်တိုဘာ ၁၅ ရက်နေ့ ခြေစမ်းပွဲမှ စတင်ကာ ဆီးဂိမ်းစ်တွင် အားပေးမည့်ပုံစံများအတွက် အစမ်းလေ့ကျင့်သွားမည်ဖြစ်သည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...