နိဒါန်း
(အစကနေ ပြန်တင်ပေးထားပါတယ်။ အစဖတ်ပြီးသူတွေက အောက်မှာ အဆက်ထပ်ပါ ပါတယ်လို့)
တလမ်းလုံး ကားစီးလာသောကြောင့် ငြီးစီစီဖြစ်နေရသည်းကြားထဲ ကျွန်မ၏ အမြွှာမောင်လေးဖြစ်သော တိုးဝေနှင့် မိုးဝေတို့က အချင်းချင်း ရန်ဖြစ် ပြီး အော်ဟစ်ဆူညံ နေသောကြောင့် ကျွန်မ ခေါင်းကိုက်လာသည်။ သူတို့၂ယောက်က ဒီအတိုင်းပင်။ တချိန်လုံး ဘာမှ မယ်မယ်ရရမဟုတ်သည့် ပြသနာနှင့် တဦးနှင့်တဦး ရန်လိုငြင်းခုန်ကာ ထိုးနှက်ကိုက်ဖဲ့တတ်ကြသည်။
ဖေဖေအခုမောင်းလာသည့် ဗင်ကားလေးမှာ သူ့မိတ်ွ်
တယောက်ထံမှ ခဏငှါးလာခြင်းဖြစ်သည်။ကားက အတော်အသင့်ကျယ်ဝန်းသော်လည်းခရီးဆောင်အိတ်တွေနဲ့ဆိုတော့ ကျွန်မတို့မိသားစု ၅ယေက်အဖို့ သိပ်သက်တောင်သက်သာရှိလှသည်ဟုတော့မဆိုနိုင်။ သည်လိုအနေရခက်သည့်ကြားထဲ တိုးဝေနှင့် မိုးဝေတို့၏ အော်ဟစ်ဆူညံ သံများကြောင့် ကားအတွင်းမှာ ငရဲပွက်သလိုဖြစ်နေ၏။.ဖေဖေကတော့ သူ့သား၂ယောက်၏အသံတွေကို ဖုံးလွှမ်းသွားအောင် ကားထဲက ကတ်ဆတ်သီချင်းသံကို အစွမ်းကုန် ကျယ်ပစ်လိုက်သည်။ အမြွှာ၂ကောင်ပွက်လောရိုက်နေသည့်အကြောင်းအရင်းက တခြားမဟုတ်။ စောင်တထည်ကို လုနေခြင်းဖြစ်သည်။ ဟိုးအရင်တုန်းကတော့ သူတို့အတွက် အဝါရောင်ဆင်တူစောင်၂ထည်ရှိခဲ့ဖူး၏။ သို့သော်တလောကြံခံထဲမှာလှမ်းထားရင်း စောင်တထည်ပျောက်သွားခဲ့သည်။ အဲသည်ကစပြီး အမြွှာ၂ယောက်အဖို့ ငြင်းစရာ ရန်ဖြစ် စရာ အကြောင်းအရာ သစ်တခု ထပ်ရသွားလေတော့သည်။ကျွန်မက မေမေ့ကို လှမ်းတိုင်လိုက်သည်။
"မေမေ မေမေ့သား နှစ်ယောက်ကို ကြည့်ပြောဦးနော် နားကိုငြီးနေတာပဲ"
"ဟဲ့ သားတို့ တော်ကြတော့လေကွယ်"
မေမေက လေအေးလေးနဲ့လှမ်းပြောသည် ဟိုနှစ်ကောင်က သည်လောက်နှင့်တော့ မဖြုံပါ။ သူတို့အသံတွေက ပို၍သာ စီစီညံလာ၏။ ကျွန်မက
"နင်တို့၂ကောင် ခုချက်ချင်း တိတ်စမ်း ။ မတိတ်ရင် အဲ့ဒီစောင်ကို ငါယူပြီး လွှတ်ပစ်လိုက်မယ်သိလား"
"အို သမီးကလဲ စိတ်ရှည်ရှည်ထားမှပေါ့ သူတို့လေးတွေက အခုမှ ၅နှစ်သားပဲ ရှိသေးတာ"
မေမေက အရင်တုန်းကလဲ ဒီအတိုင်းပင်။ သူတို့လေးက ၃နှစ်သာရှိသေးတာ ၄နှစ်သာ ရှိသေးတာ စသည်ဖြင့်
နှစ်တိုင်းလိုလို ကိန်းဂဏန်း ၁ခုစီတိုး၍ ကျွန်မကိုဖျောင်းဖျစမြဲ ဖြစ်သည်။ နောက်ထပ်၅မိနစ်ခန့်အကြာတွင်တော့ ကျွန်မလုံဝသည်းမခံနိုင်တော့။ ထို့ကြောင့် မော်တော်ကားက ချောင်းကူးတံတားလေးတခုကို ဖြတ်သန်းနေစဉ် အမြွှာ ၂ကောင်လက်ထဲမှစောင်ကို ဆတ်ခနဲဆွဲယူပြီး လုံးထွေးကာ ချောင်းထဲသို့ပစ်ချလိုက်သည်။ အဲသည်တော့မှ အမြွှာ၂ောင်၏ ငိုယိုတိုင်တန်းသံများကကျွတ်ကျွတ်ညံသွားလေတော့သည်။ မေမေက ကျွန်မကို လှမ်းကြည့်ပြီး
"သမီးရယ် ကိုယ့်မောင်လေးတွေကို အဲ့လိုလုပ်ရသလား ရက်စက်လိုက်တာကွယ်"
ကျွန်မ ဘာမှမပြောဘဲ နေလိုက်သည်။
မကြာခင်မှာပင် ကျွန်မတို့ကားလေးကတပတ်ရစ်အဟောင်းဆိုင်မှာ ရောင်းချသောဆိုင်ရှေ့တွင်ကားကို ရပ်လိုက်သည်။ဟိုအရင်က သည်လိုဆိုင်တွေမှာဝယ်လေ့မရှိသော်လည်း ကျွန်မ၇တန်းရောက်သည့်မနှစ်က စီးပွားရေး ကျသွားသဖြင့် ဈေးသက်သက်သာသာရနိုင်သော ပစ္စည်း အဟောင်းဆိုင်လေးများကို လိုက်ရှာပြီးဝယ်ယူသုံးစွဲရလေတော့သည်။ ကျွန်မစက်ဘီးသည်ပင် တပတ်ရစ်ဆိုင်မှ ဈေးပေါပေါဖြင့်ရထားခြင်းဖြစ်သည်။
ကျွန်မက ဆိုင်ထဲတွင် ခင်းကျင်း ထားသော ပစ္စည်းတွေကို လျှောက်ကြည့်မိသည်။အိမ်ထောင်ပရိဘောဂကအစ မီးဖိုချောင် သုံးပစ္စည်းများပင် ပါဝင်သည်။ အများစုက အဝတ်အစားများဖြစ်သည်။ထိုအထဲက တခုက ကျွန်မအမြင်အာရုံကို ညှို့ယူဖမ်းစားလိုက်သည်။နံရံပေါ်တွင် လှမ်းထားသော စောင်တထည်..........။
စမြင်မြင်ချင်းမှာတော့ အရောင်အသွေးမျိုးစုံပါသော အကွက်ငယ်ကလေးများဖြင့် ဒီဇိုင်းဖော်ထားသည့် စောင်တထည်ဟု ထင်လိုက်မိသေးသည်။ သို့သော်သေသေချာချာ အနားကပ်ကြည့်လိုက်သောအခါတွင်မှ ပိတ်ဖြတ်စညှပ်စကလေးများကို တခုနှင့်တခုတွဲကာ ချုပ်လုပ်ထားသည့် စပ်စောင်တထည်ဖြစ်မှန်းတွေ့လိုက်ရသည်။ ကျွန်မက စောင်ကို ကိုင်ကြည့်နေခိုက် မေမေက ဆိုင်ရှင်အဘွားအိုကို မေးမြန်းနေသံ ကြားနေရ၏
"အဘွားရဲ့သားသမီးတွေရော. ကြီးလုရောပေါ့နော် သူတို့က ဒီမှာ အဘွားနဲ့အတူတူ မနေကြဘူးလား"
ဆိုင်ရှင်အဘွားအိုက
"အဘွားတို့ လင်မယားက သားသမီးတယောက်မှမရကြဘူးကွယ့် "
"ဟင် ဒါဆို ဟောဒီကလေးကစားစရာပစ္စည်းတွေက ဘယ်ကရတာတုန်း"
မေမေ့စကာကြောင့် အဘွားအိုက စဉ်းစားရခက်သွားသလို မျက်မှောင်ကြုတ်ရင်း
"မပြောတတ်ဘူးကွယ့် ဟော့ဒီအိမ်ရဲ့ထပ်ခိုးပေါ်မှာတွေ့တာပဲ"
"သြော် ဒါဆို ဒီအိမ်ရဲ့ အရင်ပိုင်ရှင်အဟောင်းတွေပ အသုံး မလိုတော့လို့ ထားပစ်ခဲ့တယ်နဲ့တူတယ်နော်"
မေမေက တွေးစစဖြင့်ပြောလိုက်သည်။ အဘွားအိုက
"အေး .....ဟုတ်မယ်ထင်တာပဲ"
ထိုစဉ် ဖေဖေက သူ့အတွက် အသုံးလိုတဲ့ပစ္စည်းများကို ဈေးနှုန်းမေးနေသဖြင့် စကားစ ပြတ်သွားသည်။
ကျွန်မက စောင်ကိုကိုင်ကြည့်နေရာမှ မေမေ့ဘက်သို့လှည့်ပြီး
"မေမေ. ဒီမှာကြည့်စမ်း မလှဘူးလား"
"အေး ဟုတ်ပါရဲ့ လှသားပဲ အဘွား ဒီစောင်ကရော ဘယ်လောက်နဲ့ရောင်းမှာလဲဟင်"
"တထောင်ပဲ ပေးခဲ့ပါသမီးရယ်"
မေမေက ကျွန်မဘက်လှည့်ကာ
"မောင်လေးတွေအတွက် သမီးမုန့်ဖိုးနဲ့ဝယ်ပေးလိုက်ပါလား"
ကျွန်မက ပုခုံးတွန့်ပြလိုက်၏။ အဲ့ဒီနောက်တော့ ထိုစောင်ကို ကိုးရာနှင့် မရမက စစ်ပြီး ဝယ်ခဲ့လေသည်။
..................
အဲ့သည်နေ့က အိမ်မှာ ကျွန်မတယောက်တည်းရှိသည်။ ကျွန်မက မီးဖိုချောင်သို့ဝင်ရန် အမြွှာနှစ်ကောင်အခန်းရှေ့ဖြတ်လာစဉ် အမျိုးအမည်မခွဲခြားတတ်သော ငိုညည်းသံလိုလို အသံတခုကို ကြားလိုက်ရသည်။ ကျွန်မ အံ့သြသွားသည်။ အခန်းထဲမှာဘယ်သူမှမရှိတာ သေချာသည်။ဒါဆိုဘယ်သူ့အသံလဲ။ တွန့်ဆုတ်နေသော ထိတ်လန့်မှုဖြင့် အခန်းတံခါးကို ကျွန်မတွန့်ဖွင့်လိုက်သည်။ကျွန်မတွေးထားသည့်အတိုင်းပင် အခန်းထဲမှာ ဘယ်သူမှရှိမနေပါ။ကျွန်မ မျက်လုံးတွေက တိုးဝေ၏ ကုတင်ပေါ်ရောက်သွားသည်။"ဟင်"
မနက်ကကျောင်းမသွားခင်မှာ ကျွန်မကိုယ်တိုငိ စောင်ကို သေသေချာချာခေါက်ပြီး တိုးဝေ၏ကုတင်ခြေရင်းပေါ်တင်ထားခဲ့သည်။ ယခု ထိုနေရာမှာ ဟာလာဟင်းလင်းဖြစ်နေသည်။ စောင်ဘယ်ရောက်သွားလဲ........
ရုတ်တရက် ကျွန်မအကြည့်က အခန်းထောင့်သို့ အလိုလို ရောက်သွားသည်။ရောင်စုံအကွက်များဖြင့်လှပစွာပုံဖော်ထားသည့်စပ်စောင်က အခန်းထောင့်တွင်ပုံလျက်သားကျနေသည်။ ရုတ်တရက် မြသ်လိုက်ရသည့်ထိုခဏတွင် စောင်ပုံထဲမှာမည်းနက်သော သတ္တဝါတကောင်၏ မျက်လုံးတစုံက ကျွန်မကိုစိုက်ကြည့်နေသည်ဟုခံစားလိုက်ရသည့်အတွက် ကျောထဲမှာစိမ့်ပြီးကြောက်သွားမိသည်။
ဟင်မဟုတ်သေးပါဘူး ။ငါမျက်စိမှားတာများလား။ကျွန်မစိတ်ထဲတွင် ထိုသတ္တဝါကို ကြောင်ပေါက်စလေးဟုထင်လိုက်မိသေးသည်။ သို့သော် သေသေချာချာထပကြည့်လိုက်သောအခါတွင်တော့ မည်သည့်သတ္တဝါမှရှိမနေပါ။
ပိုပြီးစိတ်ချရအောင် တံမြတ်စည်းတချောင်းကိုယူကာ အပုံလိုက်ဖြစ်နေသောစောင်ကို လှမ်းပုတ်ကြည့်လိုက်သည်။ မည်သည့် သတ္တဝါမှထွက်မလာတော့မှပင် ကျွန်မလည်း စိတ်ချလက်ချ ဖြင့် စောင်ကိုကောက်ယူပြီး တဗြန်းဗြန်းမြည်ေအာင် ဖြန့်ခါလိုက်သည်။ အခန်းထဲသို့ကျနေသောနေရောင်အောက်တွင် စောင်ကိုကျွန်မ သေသေချာချာကြည့်မိသည်။ တွဲစပ်ချုပ်ထားသောပိတ်စအကွက်များသည် အရောင်ချင်းနီးစပ်သင့်လျှော်ရာဖြစ်ကတတ်ဆန်းသီထားခြင်းမဟုတ်။စောင်တွင်ပါရှိသောအကွက်တကွက်တိုင်းသည်ရှုခင်းမြင်ကွင်းတခုစီကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ မိုးရွာထဲတွင် ကလေးတွေ ဘောလုံးကန်နေသည့်မြင်ကွင်းမျိုးလဲပါသည်။နွေရာသီပင်လယ်ကမ်းစပ်မှာ ကစားနေသည့် ကလေးတွေပုံလဲပါသည်။ အကွက်တွေက များလွန်းသောကြောင့် ကျွန်မစုံအောင်မကြည့်နိုင် သို့သော် အချို့အကွက်များတွင်ပါရှိသည့် လူမျက်နှာများက ကျွန်မကိုစိုက်ကြည့်နေသလိုခံစားရသည်။
ရုတ်ချည်းဆိုသလိုပင် ဒီအခန်းထဲတွင် ကျွန်မပတ်ပတ်လည်၌ လူပေါင်းများစွာရောက်နေသကဲ့သို့ ထူးဆန်းစွာခံစားရသည်။ အဲ့သည်လူတွေက ကျွန်မကိုကြောက်မက်ဖွယ်ရာစိုက်ကြည့်နေကြပြီးသူတို့ပါးစပ်များကို အစွမ်းကုန်ဖြဲဟကာ တစုံတရာအော်ပြောနေသည်ဟု အောက်မေ့မိသည်။ ကြောက်လန့်တကြားဖြင့် ကျွန်မလက်ထဲမှ စောင်ကို လွှတ်ချလိုက်မိသည်။ အခန်းတခုလုံးကား တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။ အဓိပ္ပါယ်မရှိသော ကျွန်မ၏ သွေးရူးသွေးတန်း အာရုံမှားမှု တခုသာဖြစ်လေသည်။ ကျွန် သက်ပြင်းချကာစောင်ကို ပြန်ကောက်ယူလိုက်သည်။ စောင်က အကွက်တိုင်းရုပ်ပုံအပြည့်ပါနေသည်တော့မဟုတ်ပါ။ စောင်၏အနားသတ်နေရာများနှင့် ထောင့်ကွက်များတွင်တော့ ရုပ်ပုံမပါဘဲ အရောင်သက်သက်ပိတ်စကွက်များဖြင့် ချုပ်လုပ်ထားသည်။ တကယ်တော့ဒီစောင်သည် သာမန်စပ်စောင်ရိုးရိုးတထည်သာဖြစ်ပါသည်။
မနက်မိုးလင်းမည်မှမကြံသေး အမြွှာညီအကိုအခန်းမှ ဆူဆူညံညံ ငြင်းခုန်းသံကို ကြားရပြန်လေသည်။ ထုံးစံအတိုင်းစောင်ကိုလုနေကြခြင်းဖြစ်သည်။
"ဒါ.....ငါ့ဟာ"
"ငါ့ဥစ္စာ ပါကွ"
"ဟင့်အင်း မင့်ဟာမဟုတ်ဘူး.ဒါငါ့စောင်"
"ငါ့စောင်ပါဆိုနေ"
"မဟုတ်ဘူးမဟုတ်ဘူး မင်းစောင်မဟုတ်ဘူး"
တယောက်ယောက်သာဝင်မတားလျှင် သူတို့သည် တသက်လုံးဆက်ငြင်းကြမည့်ပုံပေါ်သည်။ ၁၅မိနစ်ကြာတော့ ကျွန်မသည်းမခံနိုင်တော့ ခုတင်ပေါ်မှဆင်းပြီး သူတို့အခန်းရှေ့ရပ်ကာ စိတ်ရှိလက်ရှိ အော်ပစ်သည်။
"ပါးစပ် ပိတ်ထားကြစမ်း"
ထိုအချိန်မေမေက အနောက်မှ ရောက်လာပြီး
"မောင်လေးတွေကို အဲ့လိုမငေါက်နဲ့လေ သမီးရဲ့"
မေမေ့ကိုမြင်သွားသောအခါ သူတို့နှစ်ယောက် ပိုပြီးငြင်းကြပြန်သည်။ တိုးဝေက သူ့တကိုယ်လုံးကို စောင်ဖြင့်ပတ်ထားသည်။မိုးဝေက စောင်အစွန်းမှ မလွှတ်တမ်းဆုပ်ကိုင်ကာ တရွတ်တိုက်ဆွဲနေသည်။ သူတို့ကိုကြည့်ပြီး ကျွန်မစိတ်တိုလာသည်။ ထို့ကြောင့်ထပ်ခိုးပေါ်တက်ပြီး တူတခေါင်းနှင့် စာအုပ်ချုပ်သည့်သံအသေး၎ချောင်းသွားယူလိုက်သည်။ ထို့နောက်အမြွှာနှစ်ကောငကြား အတင်းဝင်ကာ စောငကိုလုယူလိုက်၏ ပြတော့ နံရံမှာ စောင်ကို ကပ်၍ဖြန့်ကာ သံနှင့်ရိုက်ထားလိုက်လေတော့သည်။ "ကဲ မှတ်ကရော. အဲ့ဒီစောင်ကို နင်တို့ဘယ်သူမှ လုလို့မရတော့ဘူးမဟုတ်လား" ကျွန်မ စိတ်တိုတိုဖြင့်ပြောလိုက်သည်။ အမြွှာနှစ်ကောင်ခြေဆောင့်ကာအခန်းထဲတွင်ကျန်ခဲ့သည်။ စကားတခွန်းမှမဆိုဘဲ ကျွန်မလှည့်ထွက်ခဲ့သည်။ ကျွန်မရင်ထဲမှာ စိုးရိမ်ခြောက်ခြားမှုတခုပါလာသည်ကို ကျွန်မတယောက်တည်းသာ သိသည်။
အော်သံ..........။စောင်ကို နံရံမှာ သံဖြင့်တချက်ရိုက်သွင်းလိုက်တိုင်း စောင်က လူအော်သလိုမျိုး နာနာကျင်ကျင် အော်ဟစ်ငြီးတွားလိုက်သည်ကို ကျွန်မတယောက်တည်းသာ ကြာဲး့ရခြင်းဖြစ်လေသည်။
..............
ညက ဖေဖေနှင့်မေမေတို့ တိုးတိုးတိတ်တိတ် ကျိတ်ပြီးရန်ဖြိးနေသံကို ကျွန်မကြားရသည်။ အဓိကကတော့ ပိုက်ဆံကိစ္စပင်ဖြစ်သည်။ အမြွှာနှစိယောက်ကို ကျောင်းအပ်ရတော့မည်။ ကျောင်းစရိန်.အဝတ်အစားဖိုး.အခြားထွေရာလေးပါးတွေအလုံးစုံအောင်ဝယ်ဖို့ ပိုက်ဆံကမလောက်။နောက်တော့ ကျွန်မနာမည်ကိုပါ တစွန်းတစကြားလိုက်ရသဖြင့် ရပ်ပြီးနားထောင်ကြည့်မိသည်
" ဒါဆို သမီးကြီးရဲ့ စက်ဘီးကို ရောင်းလိုက်ရင်ကော"
"မဖြစ်ဘူးထင်တယ်ကိုသိန်း.သမီးက သူ့စက်ဘီးကို အရမ်းမြတ်နိုးတာနော်"
"ငါလဲသိပါတယ် ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ အမေတို့ဆီကလည်း ချေးထားတာများလှပြီ"
"အင်းပေါ့လေ လောလောဆယ်တော့ အမြွှားနှစ်ကောင်က ပိုအရေးကြီးနေတာကိုး"
ကျွန်မရင်ထဲတွင် နာကျင်စွာဖြင့် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိသညိ။ အမြွှာနှစ်ကောင်က ပိုအရေးကြီးသတဲ့လား။ ဘာပဲဖြစ်ဖြစ် ကျွန်မမိဘများ၏အခက်အခဲကို နားလည်ပါသည်။နောက်တနေ့မနက်တွင် မေမေက ကျွန်မကိုခေါ်ပြီး
"မေမေရောဖေဖေရော အပြင်သွားစရာရှိတယ်သမီး ညနေမှပြန်ရောက်မယ် သမီးမောင်လေးတွေကို ထိန်းထားလိုက်နော်။"
ကျွန်မအထင်ပြောရလျှင် သူတို့နှစ်ယောက်လုံးတနေရာမှာ ပိုက်ဆံသွားချေးဖို့ စီစဉ်ထားကြပုံရသည်။ထို့ကြောင့် ကျွန်မက
"ဟုတ်ကဲ့ပါမေမေ။ သမီးထိန်းလိုက်ပါ့မယ်"
ကျွန်မတို့ပြောနေသည်ကို အမြွှာနှစ်ကောင်က ကြားသွားပြီး......
"ဟင့်အင်း ဟင့်အင်း သားတို့လည်း လိုက်မယ် မမနဲ့မနေခဲ့ချင်ဘူး။ သူက အကျင့်ယုတ်တယ်"
"ဟုတ်တယ်မေမေ၊ မမကသားတို့ကို ငိုအောင်လုပ်တယ်"
မေမေက သူတို့နှစ်ယောက်၏ဆံပင်များကို အသာအယာပွတ်သပ်ပေးရင်း......
"ဒီလိုမပြောရဘူးလေ သားတို့ရဲ့ ၊ သားတို့အမက သားတို့ကိုချစ်ပါတယ်၊ ကဲ...ကောင်းကောင်းနေခဲ့ကြနော်"
သည့်နောက်တော့ဖေဖေနဲ့မေမေတို့ နှစ်ဦးစလုံး ကသုတ်ကရက်ဖြင့် အိမ်မှထွက်သွားကြသည်။ ကျွန်မက အမြွှာနှ်းကောင်ဘက်သို့လှည့်လိုက်ပြီးမကျေမနပ်ဖြင့် တချက်ပြုံးလိုက်ရင်း......
"ကဲ....နင်တို့နှစ်ယောက် ငါနဲ့ကစားမလား"
သူတို့နှစ်ယောက်က ကျွန်မကို မျက်လုံးပြူးကြည့်နေရာမှ
"ဘာကစားမှာလဲ"ဟု သံပြိုင်မေး၏
"သရဲခြောက်တမ်းကစားမယ်လေ"
"ဟင့်အင်း ဟင်အင်း မကစားချင်ဘူး၊ နင်က ငါတို့ကို တကယ်ကြောက်အောင်ခြောက်တယ်"
အမြွှာနှစ်ကောင်က ထိတ်လန့်တကြားဖြင့် ခါးခါးသီးသီးငြင်းကြသည်။ကျွန်မက....
"ဟင့်အင်း ငါကတော့ သရဲခြောက်တမ်းပဲကစားမယ်"
"ဟင့်အင်း ဟင့်အင်း ငါတို့ကို မခြောက်နဲ့"
အမြွှာနှစ်ကောင်က ဧည့်ခန်းထဲသို့ ပြေးဝင်သွားကြပြီး ကုလားထိုင်နောက်တွင် အလုအယက်ဝင်ပုန်းကြသည်။ သူတို့ကိုယ်သူတို့တော့ လုံလှပြီဟု ထင်နေပေလိမ့်မယ်
ကျွန်မက အခန်းသို့ပြန်ကာ ဗီဒိုအံဆွဲကိုဖွင့်လိုက်၏။ ဟိုးအရင် တနှစ် မူဆယ်သို့သွားစဉ်တုန်းက ကျွန်မ ဝယ်လာခဲ့သည့် အလွန်ကြောက်စရာကောင်းသော ရာဘာမျက်နှာဖုံးတခုရှိသည်။ကျွန်မက ထိုမျက်နှာဖုံးကိုတပ်ဆပ်ပြီး ဧည့်ခန်းထဲသို့ဝင်လိုက်သည်။
"ဂရူး........ဝါး.........ဝါး"
ကျွန်မက ကြောက်စရာကောင်းသည့်အသံကို ပေးလိုက်သည်နှင့်တပြိုင်နက် အမြွှာနှစ်ကောင်စလုံး ငယ်သံပါအောင်အော်ကာ ကုလားထိုင်နောက်မှထပြီးပြေးတော့သည်။ မေမေတို့အခန်းထဲပြေးဝင်သွားသည်ကိုတွေ့လိုက်ရ၏။ ထိုအခန်းထဲသို့ကျွန်မ လိုက်သွားသောအခါ သူတို့နှစ်ယောက်စလုံး ကုတင်ပေါ်ရောက်နေကြပြီး မျက်နှာကိုခေါင်းအုံးဖြင့် ကွယ်ထားကြ၏။ ကျွန်မက ....
"ဂရဲ.....ရဲ....ရဲ......နင်တို့ကို ဂုတ်ချိုးပြီးစားပစ်မယ်"
"အား......"
"အမလေး"
သူတို့ညီအကိုနှစ်ယောက် ကုတင်ပေါ်မှ တကိုယ်လုံး လှိမ့်ကာဆင်းရင်း ခြေထောက်နှင့်ကြမ်းပြင်ထိသည်နှင်တပြိုင်နက် သုတ်ခြေတင်ပြေးသွားကြသည်ကို ကြည့်ရသည်မှာ အလွန်ပျော်စရာကောင်းလှသည်။သည်တကြိမ်တွင်တော့ အမြွှာညီနောင်က သူတို့အိပ်ခန်းထဲသို့ ဝင်ပြေးကြခြင်းဖြစ်သည်။
သူတို့အခန်းတံခါးကို အတွင်းမှ သော့ချပြီးပိတ်မထားနိုင်ခင် ရောက်သွားအောင် ကျွန်မက အသံမျိုးစုံအော်မြည်လျက် နောက်မှ ခပ်သုတ်သုတ်လိုက်သွားသည်။ အမြွှာညီနောက်ကတော့ တံခါးသော့ပိတ်ဖို့ပင် သတိမရ၊ တိုးဝေ၏ကုတင်ပေါ်သို့နှစ်ယောက်စလုံး အလုအယက်တက်ပြီးစောင်ကို ခေါင်းမြီးခြုံ ဖို့ နှစ်ယောက်အပြိုင် လုနေကြ၏
ထူးတော့ထူးဆန်းတယ်......။
မနေ့ကပင် ဒီစောင်ကို နံရံမှာ သံဖြင့်ရိုက်ပစ်ခဲ့တာ မဟုတ်လား။ အခု ဘယ်လိုဖြ်းပြီးတိုးဝေရဲ့ကုတင်ပေါ် ပြန်ရောက်နေတာပါလိမ့်။မေမေက ပြန်ဖြုတ်ပေးခဲ့တာများလား။ကျွန်မ စဉ်းစားနေချိန်မှာပင် အမြွှာနှစ်ကောင်စလုံး စောင်အောက်သို့ရောက်သွားကြပြီဖြစ်သည်။ သူတို့နှစ်ယောက်စလုံးကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်ရင်းခေါင်းဖျားမှခြေဖျားအထိ တကိုယ်လုံးလ့်ုအောင် စောင်ကြီးဖြင့် ရစ်ပတ်ထားရသည်ကိုကြည့်ကာ ကျွန်မရယ်ချင်လာသည်။ ကြာကြာနေလျှင်စောင်အောက်မှာ နှစ်ယောက်စလုံးမွန်းပြီး အသက်ရှူကြပ်မှာကိုပင် စိုးရိမ်ရသည်။ အခုလည်းနှစ်ကောင်သားအကြောက်လွန်ပြီး တဆတ်ဆတ်တုန်နေသောကြောင့် အဝတ်ပုံကြီးတခု တလှုပ်လှုပ်တရွရွဖြစ်နေသည်နှင့်တူနေ၏။ကျွန်မက
"နင်တို့........ငါ့ကိုကြောက်ပြီလား"
""ကြောက်ပါပြီ ကြောက်ပါပြီ"
"နင်တို့တကယ်ကြောက်တာဟုတ်လို့လား"
"တကယ်ကြောက်တာပါ ငါတို့ကို မခြောက်ပါနဲ့တော့"
ကျွန်မက ပြုံလိုက်ပြီးနောက်
"အေး၊ ဒါဆိုလဲ ပြီးရော၊ နောက်ဆို ဆူညံပူညံ လုပ်မယ် စိတ်မကူးနဲ့ ၊ ဒီထက်ပိုဆိုးမယ်မှတ်"
ရုတ်တရက်ဆိုသလို သူတို့ထံမှ ငိုသံကြားရ၏။ ကျွန်မလုပ်တာ တော်တော်လွန်သွားပြီထင်တယ်။ထို့ကြောင့် ကျွန်မက မျက်နှာဖုံး ကို ဆွဲချွတ်လိုက်ရင်း...
"ကဲ ......ကဲ တော်ပြီ၊ နင်တို့နှစ်ကောင် ထွက်ခဲ့ကြတော့"
သူတို့ထွက်မလာကြချေ။
"ဟဲ့.....ဘာလုပ်နေကြတာလဲ၊ နင်တို့တနေကုန် စောင်ခေါင်းမြီးခြုံပြီး ပုန်းနေကြမလို့လား"
သူတို့ကငိုသံပါကြီးဖြင့်....
"ငါတို့......ငါတို့ပုန်းနေတာမဟုတ်ဘူး၊ ဒီစောင်အောက်က ထွက်လို့မရတော့ဘူး"
"ဘာ!"
စောင်ကိုဖယ်မပြီးထွက်ဖို့ ရုန်းကန်နေကြသည့်ဟန်ကို ကျွန်မမြင်နေရသည်။သို့သော် ဘာကြောင့်မှန်းမသိ။ စောင်ကကွာမသွား။ ကျွန်မက.......
"ဟဲ့....ဘာဖြစ်နေကြတာလဲ"
ပြောပြောဆိုဆိုဖြင့် ကျွန်မက သူတို့ကိုယ်ပေါ်မှစောင်ကို ဆွဲယူရန်လက်လှမ်းလိုက်သည်။ သို့သော် ကျွန်မ မျက်စိအောက်မှာပင်စောင်က သူ့အလိုလို တပတ်ပတ်ကာ တင်းတင်းကြပ်ကြပ်ြကီးရစ်ပတ်လကိုသည်ကို မြင်ရ၏။
"အား .......လုပ်ပါဦး သေတော့မယ်"
"ကယ်ကြပါ ကယ်ကြပါ"
ဒါ နောက်ပြောင်နေခြင်းမဟုတ်။အမြွှာနှစ်ကောင်၏အသံက သွေးပျက်တော့မတတ် ဇောကပ်နေသည်။ ကျွန်မက အထိတ်တလန့်ဖြင့် စောင်ကို လှမ်းဆွဲသည်။ မရ။ စောင်ကအသက်ဝင်နေသော သတ္တဝါတကောင်လို တိုးဝေနှင့်မိုးဝေကို တပတ်ပြီးတပတ် ချုပ်နှောင် ရစ်ပတ် နေ၏။ စောင်ဖြင့်ထုပ်ပိုးခံထားရသော တိုးဝေနှင့်မိုးဝေတို့၏ကိုယ်လုံးများမှာ တဖြည်းဖြည်း ကျုံ့ဝင်နေသလိုအောက်မေ့ရသည်။ စောင်ထုပ်က တင်းကြပ်သထက်တင်းကြပ်၊ ကျစ်သထက်ကျစ်လစ်ကာ အရွယ်အစားသေးသေးလာသည်။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး"
ကျွန်မက သွေးရူးသွေးတန်း ပြောရင်း စောင်ကို အတင်းဆွဲခွာဖို့ကြိုးစားနေသည်။
"အား....."
"အီး...ဟီး...ဟီး"
မိုးဝေနှင့်တိုးဝေတို့၏ငိုသံများက တဖြည်းဖြည်း တိုးဖျော့လာလေပြီ။ မကြားရတော့သလောက် ငွေ့ငွေ့သာကျန်တော့၏။နောက်ဆုံးတွင်ကျွန်မက စောင်၏အစွန်းတဖက်ကို မိမိရရဆုပ်ကိုင်မြီိး ကုတင်ကိုခြေဖြင့်ကန်ကာ တအားဆောင်ဆွဲယူလိုက်သည်။
"ဟင်"
စောင်က ကျွန်မလက်ထဲသို့ ပေါ့ပါးစွာပါလာသောကြောင့်အရှိန်လွန်ပြီးနောက်ပြန်လဲကျတော့မတတ်ဖြစ်သွား၏။သို့သော် ကျွန်မလက်ထဲတွင် စောင်ချည်းသက်သက်ပါလာခြင်းဖြစ်သည်။ အမြွှာနှစ်ကောင်ကား ခုတင်ပေါ်တွင် ရှိမနေကြတော့။သူတို့ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေပြီ။ကျွန်မ သွေးရူးသွေးတန်း အော်ဟစ်ငိုယိုရင်း စောင်ကို တဗြန်းဗြန်းခါကာလက်ထဲတွင် ဆုပ်ချေနေမိသည်။ကျွန်မမောင်လေးနှစ်ယောက် ဘယ်ရောက်သွားပြီလဲ........။
အသိစိတ်တွေကင်းမဲ့ကာ ကျွန်မဆောက်တည်ရာမရသူတယောက်လိုဖြစ်သွား၏။ မေမေ့စားပွဲပေါ်မှ ကတ်ကြေးတစ်လက်ကို ကမန်းကတန်းသွားပြေးပြီးယူလာခဲ့သည်။ ထို့နောက် ကြမ်းပြင်ပေါ်ပစ်ချထားခဲ့သောစောင်ကို ကောက်ယူပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ကတ်ကြေးဖြင့် ညှပ်ပစ်လိုက်မည်ဟု ရွယ်လိုက်၏။
"ဟာ"
ကျွန်မမြင်လိုက်ရသောမြင်ကွင်းကြောင့် လက်ထဲမှကတ်ကြေးလွတ်ကျသွားသည်။စောင်၏အနားထောင့်စွန်းမှ လေးထောင့်ကွက်တကွက်ကို ကြက်သေသေကာစိုက်ကြည့်နေမိ၏။အရင်တစ်ခါကြည့်တုန်းက အနားထောင့်စွန်းအကွက်တိုင်းသည် ရုပ်ပုံမပါသော အရောင်သက်သက်နှင့်ဗလာကွက်များဖြစ်ကြောင်း ကျွန်မသေသေချာချာမှတ်မိနေခဲ့သည်။ အခု.........အခုတော့.........။ စောင်၏အနားစွန်းထောင့်ကွက်တစ်ကွက်ထဲတွင် လူမျက်နှာပုံနှစ်ခုရောက်နေသည်ကိုတွေ့လိုက်ရသည်။တိုးဝေနှင့်မိုးဝေတို့၏ မျက်နှာတွေမှန်းကျွန်မ ချက်ချင်း မှတ်မိလိုက်သည်။ရုပ်ပုံထဲတွင် သူတို့နှစ်ယောက်သည် ပါးစပ်များကိုအစွမ်းကုန်ဟကာ ထိတ်လန့်တကြားဖြင့် အော်ဟစ်နေကြ၏။
အခုတော့ကျွန်မတို့အိမ်ရှေ့တွင် ဖေဖေနှင့်မေမေတို့က တစ်ပတ်ရစ်ပစ္စည်းအဟောင်းရောင်းသည့်အိမ်ဆိုင်လေးဖွင့်ထားသည်။
"မောင်ရေ.............ကြည့်စမ်း၊ ဒီဆိုင်မှာကလေးပစ္စည်းတွေများတယ်နော်"
ကျွန်မတို့ဆိုင်တွင်ဈေးလာဝယ်သည့်အမျိုးသမီးကြီးက သူမ၏ခင်ပွန်းဖြစ်သူကို လှမ်းပြောလိုက်၏။သူတို့လင်မယားနောက်တွင် သူတို့၏သမီးဖြစ်ဟန်တူသည့် ကလေးမလေးတစ်ဦးရပ်နေသည်ကိုတွေ့ရသည်။ ဈေးဝယ်သူအမျိုးသားက ကျွန်မမေမေကို လှမ်းပြောနေသံကြားရ၏။
"ဟော.....ဒီမှာ ကလေးအဝတ်အစားတွေက ဆင်တူနှစ်စုံစီပါလား၊ ဧကန္တ အမကြီးတို့မှာ ကလေးအမြွှာရှိပုံရတယ်၊ အခုကော သူတို့တွေ တော်တော် ကြီးကုန်ကြပြီလား"
မေမေက နားမလည်သလို ပြန်ကြည့်ရင်း....
"ဟင့်အင်း ကျွန်မမှာ သားသမီးအမြွှာမရှိပါဘူး"
"ဟင်.....ဒါဆို ဟောဒီကလေးဝတ်စူံတွေအားလုံးက ဘာဖြစ်လို့ ဆင်တူနှစ်စုံစီဖြစ်နေရတာလဲ"
ဈေးဝယ်သူအမျိုးသားက ထပ်မေးနေပြန်သည်။ မေမေကခေါင်းကို လေးလေးပင်ပင်ခါယမ်းရင်း......
"ကျွန်မလည်း မပြောတတ်ဘူး ၊ ကျွန်မတို့ ဒီအိမ်ကို မဝယ်ခင်ကတည်းက အရင်အိမ်ပိုင်ရှင်တွေက သူအသုံးမလိုတာတွေထားပစ်ခဲ့တယ်ထင်တာပဲ"
တကယ်တော့ ဖေဖေရော မေမေပါ သူတို့မှာ တိုးဝေနှင့်မိုးဝေဆိုသည့် သားအမြွှာနှစ်ယောက်ရှိခဲ့ဖူးကြောင်းကို ထူးဆန်းစွာပင် လုံးဝမော့လျောသွားပြီဖြစ်သည်။ သူတို့ဦးနှောက်ထဲတွင် တိုးဝေနှင့် မိုးဝေသည် ဗလာဟင်းလင်းဖြစ်သောကွက်လပ်တခုအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။ ကျွန်မရင်ထဲတွင် နာကျင်စွာဖြင့် ငေးကြည့်နေမိသည်။ထိုစဉ် ဈေးဝယ်သူလင်မယား၏သမီးဖြစ်သူက ကျွန်မရှေ့တွင်ချထားသောစောင်ကိုကောက်ကိုင်ကြည့်လိုက်သည်။
"မေမေဒီမှာကြည့်စမ်း၊ညဟောဒီိစောင်က ပိတ်စအကွက်တွေစပ်ပြီးချုပ်ထားတာ၊ အရမ်းလှတာပဲနော်"
"သမီးမုန့်ဖိုးထဲကနေ မောင်လေးအတွက် ဝယ်ပေးလိုက်ပါလား"
သူမအမေဖြစ်သူစကားကြောင့် ကောင်မလေး၏နှုတ်ခမ်းက အနည်းငယ်စူသွား၏။ ထို့နောက် ကျွန်မဘက်သို့လှည့်ပြီး.....
"ဒီစောင်က ဘယ်လောက်လဲဟင်"
ကျွန်မ သူတို့ကို ကြာမြင့်စွာ ကြည့်နေမိသည်။ပြီးတော့မှ
"ယူလိုက်ပါ၊ ပိုက်ဆံမပေးပါနဲ့"
ထိုသို့ပြောပြီး ကျွန်မအနည်းငယ် ခြောက်ကပ်စွာ ရယ်မောလိုက်မိလေသည်။ ။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။