Ads (728x90)



ဖြစ်ရပ်မှန်တခု သတိရလို့ တင်ပေးလိုက်ပါတယ်။

ကျနော်တို့ ရပ်ကွက်ထဲမှာ ဖြစ်ခဲ့တဲ့ အကြောင်း ဗျ။ကျနော်တို့ရပ်ကွက်ထဲမှာ အိမ်ကြီးတအိမ်ရှိတယ်။အရင်က အဲဒီအိမ်ကြီးမှာ အထည်ချုပ်လုပ်ငန်းလုပ်သွားဖူးတယ်။ကျနော်တို့ ငယ်ငယ်က ဆိုပါတော့။အခုနောက်ပိုင်းတော့ ခြံကြီးကို ဝါးကပ်တွေနဲ့ အလုံကာရံထားတယ် ဗျ။ရောင်းမယ်လို့ ကပ်ထားပေမယ့် ဘယ်သူမှ ဝယ်မယ့်သူမရှိဘူး။

လှည်းတန်းလိုနေရာမျိုးမှာ ကန်ထရိုက်တွေက တိုက်ဆောက်ချင်လို့ ခြေချင်းလိမ်နေကျပေမယ့် အဲဒီနေရာ အကြောင်းကြားရင် လက်ရှောင်သွားကျတယ်။

အဲဒီအိမ်ကြီးဘေးမှာ အရက်ဆိုင်ရှိတယ် ။တခါက အဲဒီအိမ်ကြီးထဲက ညနေစောင်းကြီး လူမရှိပဲ အသံတွေ ကြားလို့ သူခိုးဝင်တယ် ထင်ပြီး အမူးသမား၂ယောက် ၃ယောက်လောက် ဝင်ကြည့်ဘူးတယ်။လူမနေတာ ၁၀နှစ်လောက်ရှိနေပေမယ့် အိမ်ကြီးထဲက ဓါတ်ပုံတခုက ဘာဖုန်မှ မရှိပဲ သန့်ရှင်းနေတယ် ပြောတယ်။တချို့နေရာတွေဆိုလည်း ရှင်းထားသလို သန့်နေတယ်တဲ့။သူတို့ဝင်ကြည့်တော့ ဘာမှ မတွေ့ပါဘူးတဲ့။ဒါနဲ့ပဲ ပြန်ထွက်လာခဲ့ကျတယ်။

တချို့ရှေ့မှီနောက်မှီ ကုလားထိုင်ကြီးတွေ …အဲ…မွှားယို့ …ဘွတေး…လူကြီးတွေက ပြောတာ အဲဒီအိမ်ကြီးတင်မကဘူး ဘေးနားက နေရာတွေကပါ အရင်က အဲဒီခြံကြီးနဲ့ တဆက်တည်းတဲ့။ဘေးနားက အိမ်တွေမှာ ငှားနေတဲ့ အသိတွေပြောတာတော့ သူတို့လည်း အခြောက်ခံရတယ်တဲ့။ဘယ်သူမှ မဖွင့်ပဲ TV ထပွင့်တာတို့ Tvလိုင်းတွေ သူ့အလိုလိုပြောင်းသွားတာတို့ရှိတယ်တဲ့။သရဲလည်း ပျင်းတော့ တခါတလေ Tv ကြည့်ချင်မှာပေါ့လေ။ကိုယ်ချင်းစာပြီး တွေးကြည့်လိုက်ပါတယ်။

အရင်တုန်းက အဲဒီတဝိုက်ကိုပိုင်တာက ကုလားကြီးဆိုလား တရုတ်ကြီးဆိုလား မမှတ်မိတော့ဘူး။ဒါပေမယ့် သရဲကတော့ ကုလားကြီးတဲ့။ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာလေ သရဲဆိုတော့ မည်းမည်းအကောင်ကြီး နေတော့ မပေါ့…ဒါကို အသားမဲတာနဲ့ ကုလားပြောလား …မသိ…တော့ဘူး… ဝေ့ …အဲဒီလူတွေပြောတာတော့ သရဲက တော်ယုံသရဲ မဟုတ်တော့ဘူ့း တော်တော်အကောင်ကြီးနေပြီ့ နှစ်ပေါင်းမနည်းတော့ဘူးတဲ့။
ဘယ်လောက်တောင်ကြီးမလဲ စိတ်ကူးကြည့်ဘူးတယ်။ဂေါ်ဆီလာကြီးလောက်များလားပေါ့။ကလေးတုန်းကဆိုတော့ ကလေးအတွေးနဲ့ပေါ့ ဂျာ။ tongue emoticon

အဲဒီစကား ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ဘူးပါတယ်။တော်ယုံသရဲဆို လူတွေက မောင်းထုတ်ပြီး အိမ်နဲ့ခြံရောင်းစားလိုက်တာ ကြာပြီပေါ့ ဗျာ။သူတို့နည်းမျိုးစုံ စမ်းပြီးမနိုင်လို့ လက်လျော့ထားကျတာ နေမှာပေါ့။
အဲဒီခြံကြီးက သရဲခြောက်တဲ့သတင်း ငယ်ငယ်ထဲက ခဏခဏကြားဘူးတော့ ရိုးနေပါပြီ။ကိုယ်တိုင်တော့ တခါမှ အခြောက်မခံဖူးပါဘူး။တခါတလေ မူးပြီး ညအချိန်မတော် တယောက်တည်းလည်း အဲဒီခြံရှေ့က ဖြတ်ပြန်ဘူးတာလည်း ခဏခဏပဲ။ကျနော့်ကိုတော့ သရဲကတောင် စလန်သ… ထားလား မသိပါဘူး ဗျာ။တခါမှလည်း မခြောက်ဘူး။

အဲဒီခြံကြီးနဲ့ ပတ်သက်တဲ့ သရဲသတင်းတွေထဲမှာ နာမည်ကြီးသွားတဲ့ အကြောင်းအခုပြောပြပါ့မယ်။

ဆိုက်ကားသမားတွေ ညနေဆို တချို့တလေ စုပြီးအရက်ဆိုင်ထိုင်ကျတယ်။အဲဒီ အိမ်ကြီးဘေးကဆိုင်ပေါ့။တနေ့သူတို့မူးပြီး အလောင်းအစားတခု လုပ်ကျတယ်။ဘာလောင်းတာလည်းဆိုတော့ အဲဒီ အိမ်နဲ့ခြံကြီးထဲက ပစ္စည်းတခုခု ယူသွားရဲလား ဆိုပြီးလောင်းကျတယ်။လောင်းကြေးတော့ မသိဘူးဗျ။အဲဒါနဲ့ ဆိုက်ကားသမား တစ်ယောက်က သူယူရဲတယ်ဆိုပြီး ပန်းအိုးတအိုးကို ယူသွားတယ်။

အဲဒီ ဆိုက်ကားသမားက လှည်းတန်းသား ဒါပေမယ့် အိမ်ထောင်ကျပြီး ရွှေပြည်သာမှာ ပြောင်းနေတယ်။ဒါနဲ့ သူကပန်းအိုးကို ရွှေပြည်သာအိမ်အထိ ယူသွားတယ်။
ယူသွားသွားခြင်းတော့ အေးဆေးပေါ့။
ည ၁၂နာရီလောက်လဲ ရောက်ရော သူတို့အိပ်မရအောင် ဝုန်းဒိုင်းကျဲတော့တာပဲ။ဆူညံနေတာပဲတဲ့ အကောင်အထည်မမြင်ရပဲ လူတယောက်ခုန်ပေါက်နေသလို အသံတွေစကြားရတယ်တဲ့။နောက်တော့ ငါ့ဟာပြန်ပေးဆိုတဲ့ အသံလည်းကြားရော ဆိုက်ကားဆရာလန့်ပြီး သူယူလာတဲ့ ပန်းအိုးသတိရပြီး ကြောက်ပါပြီ မနက်ကျရင် ပြန်ပို့ပေးပါ့မယ် ပြောတာတောင်မရဘူး အခုပြန်ပို့ပေးဆိုလို့ taxi ငှားပြီး ချက်ခြင်းပြန်သွားထားရတယ်တဲ့။အဖြစ်အပျက်ကတော့ ဒါပါပဲ။အဲဒီကစပြီး ဘယ်သူမှ အဲဒီခြံထဲက ပစ္စည်းဘာဆိုဘာမှ မယူရဲ မစရဲတော့ပါဘူး။

ဒါပေမယ့် စာရေးသူ ငယ်ငယ်ကတော့ အဲဒီခြံထဲက သရက်ပင်ကြီးက သရက်သီး ခဲနဲ့ထုချပြီး သုပ်စားဘူးတယ်။ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ခလေးမို့ လျှော်ပေးထားတာလား…မသိ။ဒါမှ မဟုတ် အဲဒီကတည်းက စာရေးသူကို လန့်နေလားမသိ အခုအချိန်ထိ ညဘက်သန်းခေါင်ကျော်တယောက်ထဲ ပြန်တာတောင် တခါမှ ထွက်မခြောက်ဖူးပါဘူး။သရဲကတောင် ပြန်လန့်ရတဲ့ သူဆိုပါတော့ ဗျာ။ wink emoticon

ပြီးပါပြီ။

မရဏ ဖွား… akm

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...