မြန်မာဗီဒီယိုကားတွေကြည့်ဖူးသူတိုင်း သိလိမ့်မယ်…လက်မည်းကြီးအကြောင်းးးကို…လေ…
ဟီးးးးး :P နောက်ထှာ…
×××××××××××××××××××××××××
အတည်ရေးပါ p ခင်ည…
######
အဖြစ်အပျက်ကတော့ ကျနော်ဇာတိ ကနောင်မြို့လေးရဲ့ဆေးရုံက ရင်ခွဲရုံမှာ ကျနော်တို့ ငယ်ငယ်က ဖြစ်ခဲ့တဲ့ အကြောင်းလေးပါ…လူကြီးတွေပြောပြလို့ သိခဲ့ရတာတွေပါ…ကိုယ်တွေ့တော့မဟုတ်ပါဘူးးးးး
လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်ကျော်က အဖြစ်အပျက်တွေပါ…
ညဘက်ဆို ဆေးရုံရဲ့ရင်ခွဲရုံအရှေ့က ဘယ်သူမှဖြတ်မသွားရဲကျတဲ့ အထိကို ဆိုးခဲ့တာလို့ဆိုပါတယ်…ဘာကြောင့်လဲဆိုတာ ပြောပြပါ့မယ်…
ပထမဆုံး စကြားခဲ့ရတာ သူငယ်ချင်းတစ်ယောက်ရဲ့အဖေအကြောင်းပါ…အဲ့ဒီဦးလေးက ရဲတပ်ကြပ်ပါ…တစ်ညသူရွာတစ်ရွာဘက်ကို
ကိစ္စတစ်ခုကြောင့်သွားရင်း အပြန် ဝက်ပေါ်တဲ့ အသိတွေက ဝက်သားပေးလိုက်တာနဲ့
ဝက်သားတွဲကို စက်ဘီး အရှေ့မှာ ချိပ်ပြီး စက်ဘီးနင်းပြီး
ပြန်လာပါတယ်။ရဲသားဆိုတော့ အကြောက်အလန့်မရှိသလို အယုံအကြည်လည်း
သိပ်မရှိဘူးထင်ပါတယ်…ဝက်သားတွဲလေးကို
ချိပ်ပြီး စက်ဘီးကို ခပ်မှန်မှန်နင်းပြီး ပြန်လာတာ ဆေးရုံအနားရောက်တော့
ကြက်သီးတွေထလာပြီး သူ့စိတ်ထဲ မသိုးမသန့်ဖြစ်လာလို့
ဘေးဘီကြည့်လိုက်မိပါတယ်…အဲဒီအချိန်သူမြင်လိုက်တာက ရင်ကွဲရုံဘက်က လက်မည်းကြီး တချောင်းထွက်လာပြီး သူ့ဝက်သားတွဲကို လိုက်ဆွဲပါလေရော…တဲ့…သူလည်း
လန့်ပြီး စက်ဘီးအမြန်နင်းပေမယ့် စက်ဘီးကို အနောက်က တစ်ယောက်ယောက်က
ဆွဲထားသလိုဖြစ်နေပြီး ဘယ်လောက်နင်းနင်း စက်ဘီးက ရှေ့မရွေ့တော့ဘူးတဲ့…သူလည်း လန့်ပြီး စက်ဘီးပါထားပြီး ထွက်ပြေးခဲ့တာ ရဲစခန်းကသူ့အိမ်ပြန်ရောက်တဲ့ အထိပါပဲ…မနက်လင်းတော့ အဲဒီသတင်း တမြို့လုံးကို ပျံ့သွားပါတယ်…အဲဒီအချိန်ကစပြီး ဆေးရုံရှေ့က လူတွေဖြတ်သွားလို့ စားစရာတခုခုယူလာမိရင် လက်မည်းကြီးက ထွက်ဆွဲတယ်ဆိုတဲ့ သတင်းမကြာခဏကြားရပါတယ်…ဘယ်သူမှ
ညနေစောင်းတာနဲ့ ရင်ကွဲရုံအနားကဖြတ်ကို မဖြတ်ရဲတော့အထိ ဖြစ်လာပါတယ်…လူတွေ
ကြောက်ပြီး မဖြတ်ကျပေမယ့် လက်မည်းကြီးဇာတ်လမ်းက အဲဒီမှာတင်ရပ်မသွားပဲ…
နောက်တမျိုးထပ်ကြားရပါတော့တယ်…ရင်ခွဲရုံအနားက အိမ်တွေအပေါ် ညညဆို သရဲက တက်ပြီး ဟင်းအိုးတွေထမင်းအိုးတွေလာဆွဲတာတွေ လာလှန်တာတွေလုပ်တယ် ဆိုပြီးကြားလာရပါတယ်…တချို့ဆို မနေရဲလို့ပြောင်းပါပြေးကျတဲ့ အထိပါပဲ…
ထူးဆန်းတာက အရင်က ခြောက်တယ်ဆိုတဲ့ အသံမကြားရပဲ အဲ့ဒီအချိန်မှ
စပြီးခြောက်တယ်ဆိုတာ ဘာကြောင့်လဲ…နောက်ပြီး ဘာဖြစ်လို့
နောက်ပိုင်းဆက်မခြောက်တော့တာလည်း…ဆိုတာ အခုထိ သိချင်နေဆဲ မေးခွန်းပါ…ကျနော်တို့ ကြောက်အောင် ညပိုင်းအပြင်မထွက်အောင် ကလေးဘဝက တမင်ခြောက်လှန့်ပြောခဲ့တာလား …ဒါလည်း မဖြစ်နိုင်ပါ…ဘာလို့လဲဆိုတော့ ရဲသားကြီး သရဲအခြောက်ခံရတယ်ဆိုတာကို ပြန်ပြောပြတာက ကျနော့်သူငယ်ချင်း အဲဒီရဲသားကြီးရဲ့သားကိုယ်တိုင်က ပြောပြခဲ့တာပါ…အဲဒီအချိန်တုန်းက ကျနော်တို့က ၂တန်းဒါမှ မဟုတ် ၃တန်းကျောင်းသားကလေးတွေပဲရှိသေးတာပါ…ကျနော်၃တန်းအောင်တဲ့ နှစ်မှာ ရန်ကုန်ပြောင်းလာကျလို့ လက်မည်းကြီးးးဇာတ်လမ်းဟာ ဘယ်လိုအဆုံးသတ်သွားလည်း ဆိုတာကိုတော့ မသိလိုက်ပါ.....
••••••••••••••••
ပြီးပါပြီ…
မရဏ ဖွား…akm
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။