စစ်ကိုင်းတိုင်း မုံရွာအပိုင် ချောင်းဦးမြို့အနီး ပေါက်ပင်ရွာအနားက အင်းကြီးမှာ ဟိုးအရင်က အင်းစောင့်သရဲတကောင်ရှိခဲ့ဘ
အဲဒီ အင်းသရဲဟာ သဘောအလွန်ကောင်းတယ် လို့ နာမည်ကြီးတယ်။လူတွေကိုလည်း ဘာဒုက္ခမှ မပေးပါဘူး။ဒါကြောင့် လူတွေက အင်းသရဲကို မကြောက်ကျပဲ ခင်တောင် ခင်နေကျတယ်တဲ့။
ဘယ်လိုမျိုးတွေ သဘောကောင်းလည်း ဆိုတော့ ညဘက်ငါးလာဖမ်းတဲ့ လူတွေ ပိုက်လာပစ်တဲ့ သူတွေကိုလည်း အင်းသရဲက ကူညီပြီး ငါးဖမ်းပေးတယ်တဲ့။
တခါက လူတယောက် ငါးလာဖမ်းရင်း ပိုက်ပစ်လိုက်တာ ပိုက်ထဲမှာ ငါးတွေအရမ်းများနေလို့ အပေါ်ဆွဲမတင်နိုင်ဖြစ်နေချိန
''အင်း သရဲကြီးရေ ငါ့မနိုင်မနင်းဖြစ်နေလို့ ကူဆွဲပေးပါအုံး ပြီးရင် အရက်တိုက်ပါ့မယ် ''
လို့ အော်ပြောလိုက်တယ်တဲ့ အဲဒီအချိန်မှာ ငါးဖမ်းပိုက်ကို တယောက်ယောက်က ကူဆွဲသလိုလို တွန်းတင်ပေးသလိုလို ဖြစ်ပြီး ချောချောချူချူ ဆွဲတင်နိုင်တယ်တဲ့။
အဲဒီကစပြီး အင်းသရဲဟာ အနီးအနားက ရွာတွေအထိအောင် နာမည်ကြီးသွားတယ်။
နောက်တခုက ရွာသား၂ယောက်က အင်းထဲက ရေတွေရေစုပ်စက်နဲ့ စုပ်တင်ပြီးလို့ ရေစုပ်စက်ကို လှည်းပေါ်ပြန်တင်ဖို့ လှည်းဖင်ကို ထောင်ပြီး တင်ရမှာဖြစ်လို့ လှည်းဦးဘက်ကို တယောက်က လှည်းဦးထောင်နေအောင် အောက်ကမပြီး ၂ယောက်က လှည်းအနောက်ဘက်ကို ခြေနဲ့နင်းပြီး တင်မှ ရမှာဖြစ်လို့ လူတယောက်လိုနေတဲ့ အချိန် အင်းသရဲကို သတိရပြီး
''အင်းသရဲကြီးရေ လှည်းဦးကို မပေးထားပါအုံး''
လို့ ပြောလိုက်တော့ လှည်းဦးပိုင်းဟာ လူတယောက်က ဆွဲမလိုက်သလို ထောင်ပြီး ငြိမ်နေတယ်တဲ့။သူတို့၂ယောက်
အင်းသရဲကြီးကို ခင်ကျတော့ လိုအပ်တဲ့ အခါလည်း အကူအညီတောင်းကျသလို အရက်တွေ ထမင်းဟင်းတွေကိုလည်း သူ့အတွက် သတ်သတ်ဖယ်ပြီးကျွေးကျတယ်။
''အင်းသရဲကြီးရေ ဒီမှာ မင်းအတွက် အရက်နဲ့ အမြည်း လာစားဟေ့ ''
လို့ပြောပြီး ကျွေးလိုက်၊ကျွေးပြီးခဏနေလိ
အဲဒီလို လူတိုင်း အင်းသရဲနဲ့ခင်နေကျတဲ့ အထဲမှာ ဆိတ်ကျောင်းသား ငကြွက်တို့ အုပ်စုလည်းပါတယ်။
ငကြွက်၊ဖိုးထောင်နဲ့ အောင်မောင်းတို့ အုပ်စုက ဆိတ်ကျောင်းသားလို့ အလွယ်ခေါ်ပေမယ့် သူတို့ ကျောင်းတဲ့ အထဲမှာ ဆိတ်၊သိုးနဲ့ နွားတွေပါ ပါတယ်။သူတို့သုံးယောက်က မန်ကျည်းတန်းရွာက ပါ။
သူတို့သုံးယောက်ရဲ့က နေ့တိုင်းနီးပါး အင်းကြီးနားမှာ ဆိတ်တွေ နွားတွေကို လွှတ်ထားပြီး သူတို့ကတော့ လေးဂွတယောက် တလက်နဲ့ ငှက်ပစ်လိုက် ရတဲ့ငှက်ကို မီးကင်လိုက် ထန်းရည်နဲ့ မြည်းလိုက်နဲ့ နေ့တိုင်းပုံမှန် အင်းကြီးထိပ်က သစ်ပင်အောက်မှာ ဝိုင်းဖွဲ့နေကျ။သူတို့ဝိုင်
တရက်ရောက်တော့ ညနေ နေစောင်းချိန်လောက် ငကြွက်တို့ ဆိတ်တွေ နွားတွေ သိမ်းပြီး အိမ်ပြန်ခါနီးမှာ မူးမူးနဲ့
''အင်းသရဲကြီးရေ ပျင်းရင် ငါတို့နဲ့လိုက်ခဲ့ကွာ''
လို့ ပြောလိုက်မိကျတယ်။မူးနေတဲ့အ
အဲဒီရက်နောက်ပိုင်း မိုးတွေဆက်တိုက်ရွာနေလို့ ငကြွက်တို့လည်း အလုပ်နားနေရတော့ ပိုက်ဆံကလည်း ပြတ် စားစရာသောက်စရာကလည်း မရှိဖြစ်နေတယ်။သူတို့ခေါ်လာခ
အဲဒီမှာ သူတို့မူးပြီး ပါးစပ်ဆော့တာကို သူတို့ကို ခင်နေတဲ့ အင်းသရဲက တကယ်မှတ်ပြီး လိုက်လာတယ်။အင်းသရဲလည်း အစကတော့ သီးခံပြီးနေတယ် ထင်ပါတယ်။အစားမစားရတာကော သူထင်သလို ပျော်ဖို့မကောင်းတာလည်း သိရတော့ ၃ရက်လောက်နေတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူးနဲ့ တူပါတယ်။
ငကြွက် မိန်းမကို ဝင်ပူးပြီးပြောတော့တာပဲ
''မင်းတို့ ငါ့ကိုခေါ်တုန်းက ခေါ်လာပြီး ဘာမှလည်း မကျွေးဘူး ငါ့ကိုပြစ်ထားကျတယ်။ငါမနေနိ
စစကြားတော့ ငကြွက်ကကြောင်တောင်တောင်နဲ့
ဒါနဲ့ အင်းသရဲက စိတ်တိုလာပြီး ပွဲကြမ်းတော့မှ ငကြွက်လည်း သရဲပူးနေတာသိပြီး ရွာဦးကျောင်းဆရာတော်ကို သွားပင့်ပြီး ဆရာတော် ကမေးမှ အကြောင်းစုံ သိရတော့တယ်။
''သူက အင်းသရဲပါ ငကြွက်တို့ကို ခင်လို့ ငကြွက်တို့ ခေါ်တဲ့နောက်လိုက်လာတာပါ။ဒီေ
လို့ ဆရာတော်ကို ငိုပြီး လျှောက်တယ်တဲ့ အကြောင်းစုံ သိရတော့မှ ရွာက လူကြီးတွေက ငကြွက်တို့ အုပ်စုကို အပြစ်ဝိုင်းတင်ကျတယ်။
အင်းသရဲ ဝင်စီးနေတဲ့ ငကြွက်မိန်းမကိုလည်း အစားအသောက်တွေ ချပေးတော့ ဘယ်လောက်တောင် စာနေမှန်းမသိတဲ့ အင်းသရဲက စားလိုက်တာ ချပေးသမျှ ခဏနဲ့ ကုန်ရော ဆိုပဲ။
အင်းသရဲရဲ့ အကြောင်းကို သိထားကျတဲ့ ရွာသားတွေကလည်း အင်းသရဲကို ချစ်ကျတော့ ပြန်ပို့ပေးဖို့ စီစဉ်ကျတယ်။အင်းသရဲကို ပြန်ပို့တာတောင် အိုးစည်ဒိုးပတ်ဝိုင်းနဲ့ကို
ဝန်ခံချက်။ ။ လွန်ခဲ့သော ၂၅နှစ်ကျော်က တကယ့်အဖြစ်အပျက်ကို စာရေးသူရဲ့ သူငယ်ချင်းမှတ်မိသလောက် ပြောပြသည်ကို ဇာတ်လမ်းဆင်၍ ရေးသားထားခြင်းဖြစ်ပါတယ်။ကာ
ကြိုးစားပါအုံးမည်
မရဏ ဖွား…akm
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။