Ads (728x90)


မိတ်ဆွေ သူငယ်ချင်းများ အခုတစ်လော နားစွံ့နေကြတာက အဆိပ်ဓါတု လက်နှက်နဲ့ ပြည်သူကို သတ်ဖြတ်နေတယ်ဆိုတဲ့ ဆီးရီးယားကို အမေရိကန် နဲ့ ဗြိတိန်တို့က စစ်ရေးအရ အင်အားသုံး ၀င်ရောက်စွက်ဖက်မယ့် ကိစ္စ ဖြစ်ပါတယ်။.. အဲ့ဒါကြောင့်လဲ ဒီမနက် Dailymail.co.uk မှာ ဖတ်လိုက်ရတဲ့..
Q&A: WOULD A MILITARY STRIKE ON SYRIA BE LEGAL? ကို ဘာသာပြန်ဖေါ်ပြပေးလိုက်ပါတယ်

အင်္ဂလိပ်လိုရေးတဲ့ သတင်းစာ ၀ဘ်ဆိုဒ်တွေကို ၀င်မဖတ်ဖြစ်သူတွေ မြန်မာလို ဖတ်ရှုနိုင်ဖို့ ဖြစ်ပါတယ်။…

ဆီးရီးယားကို စစ်ရေးအရ အင်အားသုံး အရေးယူတာဟာ တရားဝင်ဖြစ်သလား (အမေး/အဖြေ..)
========================================
မေး။ ။ဆီးရီးယားကို ဗုံးကြဲမယ့်အစီအစဉ်ဟာ ဥပဒေအရ တရားဝင် ဖြစ်ပါသလား..

ဖြေ။ ။ ဗြိတိန် နဲ့ အမေရိကန် တို့ကတော့ တရားဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ရှင်းလင်းတိကျတဲ့ အဖြေတစ်ခုတော့ မဟုတ်ပါဘူး။ တကယ်တော့ ဆီးရီးယား အစိုးရက ပြည်သူကို ဓါတုလက်နှက်နဲ့ တကယ်တိုက်ခိုက်ခဲ့သလားဆိုတာကို နားလည်ဖို့ ခက်ခဲပါတယ်။

မေး။ ။ ဥပဒေအရ သီးခြားသတ်မှတ်ကန့်သတ်ချက်က ဘာလဲ။ (၀ါ) ကုလသမဂ္ဂ ရဲ့ ပဋိညဉ်က ဘယ်လိုလဲ…

ဖြေ။ ။ ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်အပ်နှင်းကြောင်း အမိန့်ပြန်တမ်း (Charter) က အခြေအနေ နှစ်ရပ်မှာပဲ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ဖို့ ခွင့်ပြုထားပါတယ်။ အဲ့ဒါတွေက.. ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့် နဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အရေးယူမှု ဖြစ်ပါတယ်။ ဒီလို အရေးယူမှုအတွက် အယူခံခွင့် မရှိပါဘူး။

ဒါ့ကြောင့်လဲ အခု ဖြစ်နေတဲ့ ဆီးရီးယားကို စစ်ရေးအရ အရေးယူဖို့ ဗြိတိန် နဲ့ အမေရိကန်တို့က ပြင်ဆင်နေတာကို ရုရှားက လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ ဆန္ဒရှိနေတာဖြစ်ပြီး တရုတ်ကလည်း ဒီသဘောအတိုင်းပါဘဲ.


မေး။ ။ ဒီလိုဆိုရင် ကုလသမဂ္ဂ ရဲ့ တရားဝင် ခွင့်ပြုချက် မရပဲ စစ်ရေးအရ အင်အားသုံး အရေးယူမှုလုပ်လို့ရပ့ါမလား။..

ဖြေ။ ။ ဒီကိစ္စဟာ တကယ်တော့ ရှင်းလင်းတိကျတဲ့ အဖြေမပေးနိုင်ပါဘူး။ ဥပမာတွေလည်း ရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက နေတိုးဟာ ဆာဗီးယားမှာ ကုလသမဂ္ဂရဲ့ ဘာဆုံးဖြတ်ချက်ကိုမှ မခံယူပဲ ၀င်ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဆန္ဒပြနေတဲ့ ကိုဆိုဗိုပြည်သူတွေကို ကာကွယ်ပေးဖို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ဗြိတိန် ၀န်ကြီးချူပ် တိုနီဗလဲယား နဲ့ အမေရိကန်သမ္မတ ကလင်တန် တို့က မှန်ကန်ကြောင်း သက်သေပြပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကို နိုင်ငံတကာကလည်း ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဒါကို ဥပဒေအရ ကြည့်မယ်ဆိုရင် မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပါတယ်။ အဲ့ဒီတုန်းက ဖြစ်ပွါးခဲ့တဲ့ အငြင်းအခုန် ပြဿနာဟာ အခု ဆီးရီးယားမှာ ဖြစ်နေတဲ့ ပြဿနာ နဲ့ အတော်လေးကို အလားသဏ္ဍန် တူနေပါတယ်။

အကယ်၍များ ဆီးရီးယား သမ္မတ အာဆတ်ဟာ သူ့ပြည်သူတွေကို တကယ်ပဲ အဆိပ် ဓါတု ဓါတ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုရင် ၁၉၂၅ ခုနှစ် က နိုင်ငံတကာ သဘောတူညီချက် ဂျီနီဗာ ဓါတ်ငွေ့ဆိုင်ရာ စာချူပ် (Geneva Gas Protocol) ကို ချိုးဖေါက်ရာ ရောက်ပါတယ်။ အဲ့ဒီစာချူပ်မှာ ဆီးရီးယားကလည်း သဘောတူကြောင်း လက်မှန်ထိုးခဲ့ပါတယ်။ အဲ့ဒီစာချူပ်မှာ အဓိက တားမြစ်ထားတာက ဓါတုလက်နှက်နဲ့ တိုက်ခိုက်မယ့်အရေးကို တားမြစ်ချက် ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီစာချူပ်မှာ ပြည်တွင်းစစ်ဖြစ်နေစဉ်မှာ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခွင့် ရှိမရှိ ဆိုတာကိုတော့ ရှင်းလင်းစွာ ဖေါ်ပြထားခြင်း မရှိပါဘူး။

မေး။ ။ကုလသမဂ္ဂမှာ ဆီးရီးယားက အဖြစ်အပျက်တွေအတွက် ကာကွယ်ဖို့ တာဝန်မရှိဘူးလား…
ဖြေ။ ။ ၂၀၀၅ ခုနှစ်မှာ ရ၀မ်ဒါ နဲ့ ၁၉၉၀ နှစ်လွန်မှာ ဘော့စ်နီးယားမှာ ဖြစ်ခဲ့တဲ့ ယုတ်မာရက်စက်မှုတွေအတွက် ကုလသမဂ္ဂက ၀င်ရောက်စွက်ဖက်ခဲ့ရာမှာ သူတို့က ပြည်သူကို ကာကွယ်ပေးဖို့အတွက် တာဝန်သိခြင်း (‘Responsibility to Protect’.
) လို့ ခေါ်တွင်ခဲ့တာပါ။

အဲ့ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် အခြေခံ အုတ်မြစ် သို့မဟုတ် စံထားချက် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တကယ်တော့ သံတမန်ဆိုင်ရာ ကြိုးပန်းမှုတွေကိုသာ ကနဦး စတင်သင့်ပြီး စစ်ရေးအရ အရေးယူမယ်ဆိုရင်တော့ လုံခြုံရေးကောင်စီ ဆိုတာ ရှိပြီးသားပါ။

မေး။ ။ဗြိတိန် ၀န်ကြီးချူပ်က စစ်ရေးအရ အရေးယူဖို့ ပါလီမန်ခေါ်ထားပါတယ်။ ဗုံးကြဲတိုက်ခိုက်ဖို့အတွက် ပါလီမန်လွှတ်တော်က ထောက်ခံချက် ရှိဖို့လိုအပ်ပါသလား…

ဖြေ။ ။ နည်းပညာ ရှုထောင့်အရ လွှတ်တော်ရဲ့ ထောက်ခံချက် ရယူဖို့ မလိုအပ်ပါဘူး။ သူ့မှာ တော်ဝင် အခွင့်အာဏာ (Royal Prerogative) အရ တိုက်ရိုက် ဗုံးကြဲဖို့ အမိန့်ပေးခွင့် အာဏာရှိပါတယ်။

ဒါပေမယ့်လည်း အီရတ် နဲ့ လစ်ဗျား အပါအ၀င် အရင်တုန်းက ဖြစ်ခဲ့တဲ့ အားလုံးသော စစ်ရေးအရ ၀င်ရောက်စွက်ဖက် အရေးယူမှု အားလုံးမှာ လွှတ်တော်ထောက်ခံချက် ရယူခဲ့ဖူးပါတယ်။ ဒါဟာ အစိုးရ အနေနဲ့ လွှတ်တော်ကို လေးစားကြောင်း ပြသမှု တစ်ခုလည်း ဖြစ်ပါတယ်။

(ဇော်လွင်ဝင်း)
အများ ဖတ်စေချင်သူများ သဘောရှိ Share လုပ်လို့ရပါတယ်။ ..

(အွန်လိုင်း မီဒီယာ တစ်ခုခုက ကျွန်တော့်ကို မပြောပဲ ဆွဲတင်တာတော့ မလုပ်စေချင်ပါ။ )
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...