Ads (728x90)



============================

၁၉၈၀ ခုနှစ်မှာ အီရန် VS အီရတ် စစ်ပွဲဖြစ်တယ်။

အိမ်နီးချင်း ကူဝိတ်နိုင်ငံက နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေဖို့ အတွက် အီရတ်ကို ငွေကြေးအများကြီး ကူညီခဲ့တယ်။

ဒါပေမယ့် ဒါဟာ အီရတ် သမ္မတ ဆဒန်ဟူစိန် ရဲ့ လောဘကို အတောမသတ်ဖြစ်စေခဲ့ခြင်းရဲ့ အစပဲ ဖြစ်ပါတယ်။ လောကွတ်ဆိုတာ ချော်တိုင်းလဲ မကောင်းဘူးလေ..

ရေနံကြောင့် ကြွယ်ဝနေတဲ့ ကူဝိတ်နိုင်ငံကို ၁၉၉၀ သြဂုတ်လ ၂ ရက်နေ့မှာ ဆဒန်ဟူစိန်ရဲ့ အီရတ်က ၀င်သိမ်းပိုက်တော့တာပါဘဲ။

ဒါ့ကြောင့် အမေရိကန် နဲ့ ဗြိတိန် က ကူဝိတ်နိုင်ငံကနေ ပြန်ထွက်ဖို့ ဟူစိန်ကို ရာဇသံ ပေးခဲ့ပေမယ့် စစ်တိုက်ဖို့ အဆင်သင့်ပဲလို့ ဟူစိန်က အကြောင်းပြန်ခဲ့တယ်။ သူ့မှာ နိုင်ဖဲ ရှိနေတယ်ဆိုတဲ့ သဘောနဲ့ပေါ့။ သူ့နိုင်ဖဲက ဘာလဲ..

ဘာလဲဆိုတော့... မူဆလင် ကမ္ဘာနဲ့ အစ္စရေး ရဲ့ ဆက်ဆံရေးကို အသုံးချဖို့ ပြင်ဆင်ခဲ့တာပါ။

စစ်ဖြစ်လာရင် သူ့ကအရင်ဆုံး အစ္စရေးကို ပစ်မယ်။ အစ္စရေးက သူ့ကို ပြန်ပစ်တဲ့အခါ မွတ်ဆလင်တွေကို အစ္စရေးက သတ်နေပါတယ်။ မွတ်ဆလင် ညီအစ်ကိုတွေ ၀ိုင်းကူကြပါဆိုပြီး ၀ါဒဖြန့်မယ်ပေါ့။ တကယ်လဲ သူက အစ္စရေးကို စပစ်တယ်။

ပထမတော့ အီရတ်က တရုတ်လုပ် စကတ်ဒုံးကြည်နဲ့ အစ္စရေးကို ပစ်တာပါဘဲ။ အစ္စရေးက ချက်ခြင်း ပြန်တိုက်ဖို့လုပ်တယ်။

ဆတ်ဒန်ရဲ့ အကြောင်း သိထားတနဲ့ အမေရိကန်က အစ္စရေးကို တားတယ်။ ပြီးတော့ ခရုစ် ဒုံးကြည်တွေ ချက်ခြင်း လာဖြန့်ထားပြီးတော့ သူကပဲ ကြားဖြတ်ဟန့်တားပေးတယ်။ အစ္စရေးက စစ်ထဲ မပါတော့ဘူး။

ပြီးတော့ စစ်ဆက်တိုက်လိုက်တာ နောက်ဆုံး အီရတ်စစ်ရှုံးပြီး ကူဝိတ်နိုင်ငံ လွတ်လပ်ရေး ပြန်ရတယ်။..

ဒါတွေကို ပြန်ပြောပြတာက အခုလည်း ဆီးရီးယားကို အမေရိကန် နဲ့ ဗြိတိန်က စစ်တိုက်တော့မယ်။ အဲ့ဒီမှာ ဆီးရီးယားက အမေရိကန်နဲ့ ဗြိတိန်ကို မွတ်ဆလင် ကမ္ဘာနဲ့ စစ်ဖြစ်တဲ့ပုံစံဖြစ်အောင် ဗျူဟာအရ လုပ်တော့မှာပါ ဆီးရီးယားရဲ့ အဓိက ပစ်မှတ်က အစ္စရေး ဖြစ်လာအုံးမယ်လို့ ထင်ပါတယ်။

နောက်ဆုံးရ သတင်းတွေမှာ အစ္စရေးနိုင်ငံက သူ့နိုင်ငံ မြောက်ဘက်ပိုင်း ဆီးရီးယားနယ်စပ်တ၀ိုက်မှာ ဒုံးကျည် ကာကွယ်ရေးစနစ်တွေကို တိုးချဲ့ ချထားလိုက်ကြောင်းသိရပါတယ်။

တကယ်လို့ အမေရိကန် နဲ့ ဗြိတိန်က ဆီးရီးယားကို တိုက်ခိုက်တဲ့အခါ ဆီးရီးယားဘက်က အစ္စရေးနိုင်ငံကို စစ်ထဲဆွဲသွင်းဖို့ အရင် အီရတ်နည်းအတိုင်း လှမ်းပစ်နိုင်တဲ့အတွက် အခုလို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

မွတ်ဆလင်ကမ္ဘာနဲ့ ဂျူး ကို ၇န်တိုက်မယ်၊ ပြီးရင် အမေရိကန် နဲ့ ဗြိတိန်ကို အားလုံးပေါင်းတိုက်ဖို့ ဆိုပါတော့...

မွတ်ဆလင်ကမ္ဘာနဲ့ စစ်တိုက်တိုင်း အောင်မြင်တတ်တဲ့ ဂျူးတွေရဲ့ အစ္စရေးက သူ့ရဲ့ အရန်စစ်သည်တွေ (စစ်မှု မထမ်းမနေရစနစ်အရ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်သူတွေ) ကိုလည်း ပြန်လည်ခေါ်ယူထားပြီလို့ သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း တကယ်လို့ ဆီးရီးယားဘက်က အစ္စရေးကို တိုက်ခိုက်လာခဲ့ရင် ပြတ်ပြတ်သားသား လက်တုံ့ပြန်မှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

သမိုင်းဆိုတာ... သင်ခန်းစာ ယူဖို့လို့ ဆိုထားတယ် မဟုတ်လား..

အခုလဲ အစ္စရေးက သမိုင်းထဲက သင်ခန်းစာယူပြီး ပြင်ဆင်ထားပါပြီ...

ကဲ.... ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရအောင်..

( ဇော်လွင်ဝင်း)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...