From : မြန်မာ့အလင်း
အိန္ဒိယသမ္မတနိုင်ငံ၏
အကူအညီဖြင့် အဆင့်မြှင့်တင်ရန် သဘောတူညီမှုရရှိထားသည့် ကလေးဝ-ယာကြီး
လမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံကို ဇူလိုင် ၈ ရက်က နိုင်ငံခြားရေး
ဝန်ကြီးဌာနရုံး၌ ဆွေးနွေးချက်အရ အိန္ဒိယ အစိုးရက Equipment Procurement
Construction (EPC) စနစ်သစ်နှင့် တင်ဒါခေါ်ယူရေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်က ပြောကြားသည်။ ကလေးဝ-
ယာကြီး လမ်းပိုင်းသည် အိန္ဒိယနိုင်ငံ၏ အစီအစဉ်ဖြင့် တိုးတက်ပြုပြင်ခြင်း
လုပ်ငန်းကို ကတ္တရာလမ်းအဖြစ် အပြီး အစီးဆောင်ရွက်ရန် စီမံချက်ရှိကြောင်း၊
နိုင်ငံတော်ကလည်း ခရီးသွားပြည်သူများ လုံခြုံချောမွေ့စွာသွားလာနိုင်ရေး
ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ငွေကျပ်သန်း ၂၀၀
လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လမ်းပိုင်းကို အိန္ဒိယအစိုးရ၏
အကူအညီဖြင့် ၂၀၁၆ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များက မိုးရာသီကာလတွင် ကားကြီးရော ကားလေးများပါ
ပြေးဆွဲနိုင်ခြင်းမရှိခဲ့သော ကလေးဝ- ယာကြီး လမ်းသည် ယခုနှစ်တွင် ကားလေးများ
ပြေးဆွဲနေကြောင်း၊ မုံရွာ - ယာကြီး- ကလေးဝလမ်းပိုင်းတွင် အဓိက
ပြင်ဆင်ထိန်းသိမ်းသင့်သော နေရာများ အနေဖြင့် ၆၃ မိုင်နှင့် ၇၃ မိုင်ကြား၊
ကျော်ရွာကျေးရွာနှင့် မက်မဲကျေးရွာကြား လမ်းပိုင်းများကို အဓိက
ပြင်ဆင်ထိန်းသိမ်းသင့်ကြောင်း မန္တလေး- ကလေးကို ပြေးဆွဲနေသော
ရှမ်းတောင်တန်းမှ ကားဆရာ တစ်ဦးက ပြောကြားခဲ့ကြောင်းသိရှိရသည်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။