Advertiser
From : ကြေးမုံ
မြန်မာ-ထိုင်း
နိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ဝင်/ထွက်ခွင့်ပြုသည့်
သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ကရင်ပြည်နယ် မြဝတီမြို့
အေးချမ်းဖြိုးရိပ်သာတွင် သြဂုတ် ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ
ပြည်ပရုပ်သံလွှင့်ဌာနများ၊ ပြည်တွင်းမီဒီယာများ၊ ဂျာနယ်လစ်များ စုံလင်စွာ
တက်ရောက်ကြပြီး မြန်မာ-ထိုင်း နိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား
ဝင်/ထွက်ခွင့်ပြုသည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက အချက်အလက်များဖြစ်သည့်
ဆိုက်ရောက်ဗီဇာကိစ္စ၊ နိုင်ငံခြားသားပိုင် ကားများ ပြည်တွင်းသို့ ဝင်ရောက်
ခွင့်ပြုချက်ရှိ မရှိ၊ လေဆိပ်မှ passport ဖြင့် ထွက်ခွာသူ
မြန်မာလူမျိုးများအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြည်တွင်းသို့
ပြန်လည်ဝင်ရောက်ရန် လိုအပ်ပါက ယခုအောက်လမ်းမှ ပြန်လည်ဝင်ရောက်ခွင့်ရှိ
မရှိ၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ဖွင့်ချိန်/ပိတ်ချိန်အား
ပြောင်းလဲသတ်မှတ်ရန်ရှိ မရှိ၊ လောလောဆယ်တွင် မြဝတီမြို့နေ
မြို့သူမြို့သားများအနေဖြင့် တစ်နေ့ခံ Border Pass နှင့် တစ်နှစ်ခံ Border
Pass ကိုင်ဆောင်ထားရာ အဆိုပါ Border Pass ဖြင့် မဲဆောက်မြို့ရှိ Nok Air
လေကြောင်းလိုင်းဖြင့် စီးနင်းပြီး ပြည်တွင်းသို့ ပြန်လည်
ဝင်ရောက်လိုကြောင်းဖြင့် ဝန်ကြီးမှ ကူညီဆောင်ရွက်ပေးရန်
တင်ပြမေးမြန်းကြသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့မှ
မိမိတို့နိုင်ငံတွင် ခွင့်ပြုဗီဇာ ခြောက်မျိုး ခွင့်ပြုထားပြီး
အိမ်နီးချင်း ငါးနိုင်ငံ ဆက်စပ်နေပြီး နယ်စပ်ပေါက် ၁၆ ပေါက်ရှိကြောင်း၊
ယခုအချိန်တွင်လည်း တားမြစ်နယ်မြေ မှအပ ကျန်နေရာများအား လွတ်လပ်စွာ
သွားလာခွင့် ပေးထားကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်သော
မြန်မာလူမျိုးဆိုလျှင် ဆိုက်ရောက်ဗီဇာဖြင့် ပြန်လည်ဝင်ရောက်ခွင့်
ပြုမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပါရှိရမည် ဖြစ်ကြောင်း၊
နိုင်ငံခြားသားများ စီးနင်းလာသော ကားများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၏ ယာဉ်စည်းကမ်းစနစ်မှာ လက်ယာကပ်မောင်း စနစ်ဖြစ်ပြီး
ဧည့်နိုင်ငံများမှာ လက်ဝဲစနစ် ဖြစ်သဖြင့် လောလောဆယ် အနေအထားအရ
ခွင့်ပြုနိုင်သေးခြင်း မရှိကြောင်း၊ မြဝတီမြို့သူ မြို့သားများ အနေဖြင့်
လောလောဆယ် Border Pass ဖြင့် လေယာဉ်စီးပြီး ပြည်တွင်းသို့
ပြန်လည်ဝင်ရောက်ခွင့် မရှိသေးကြောင်းနှင့် အခြားအချက်များကိုလည်း
နိုင်ငံတော်မှ ချမှတ်ထားသော မူများနှင့်အညီ ခွင့်ပြုမည်/ မပြုမည်တို့ကို
ရှင်းလင်းဖြေကြားပေးခဲ့ပြီး ကျန်အချက်အလက်များကိုလည်း နှစ်နိုင်ငံ
တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်ပြီးနောက် ပြည်သူများ၏ လိုလား
တောင့်တချက်များကို အဆင်ပြေ ချောမွေ့အောင် အကောင်အထည်ဖော်
ဆောင်ရွက်ပေးမည်ဟု ဖြေကြား ရှင်းလင်းခဲ့သည်။ နယ်စပ်စခန်းများမှ
နိုင်ငံခြားသား များအား ဝင်ထွက်ခွင့်ပြုရာတွင် မြန်မာနိုင်ငံ
နယ်စပ်စခန်းများဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊
ကော့သောင်း-ရနောင်းနှင့် ထားဝယ်ဒေသ ထီးခီး-နမ့်ဖုရောန့် စသည့် နယ်စပ်စခန်း
လေးခုမှ ထိုင်းနိုင်ငံသား အပါအဝင် တတိယနိုင်ငံသားများကို သြဂုတ် ၂၈ ရက်မှ
စတင်ကာ မြန်မာနိုင်ငံအတွင်း ကန့်သတ်နယ်မြေများမှအပ ခွင့်ပြုဒေသများ
အားလုံးသို့ သက်ဆိုင်ရာ နိုင်ငံသံရုံးများမှ ဗီဇာကြိုတင် ရယူကိုင်ဆောင်လျက်
ဝင်ရောက်သွားလာ လည်ပတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြန်လည်
ထွက်ခွာသည့်အခါ မိမိတို့ ကြိုက်နှစ်သက်ရာ လမ်းကြောင်းများအဖြစ်
ရန်ကုန်-မန္တလေး လေဆိပ်များမှ လည်းကောင်း၊ အထက်ဖော်ပြပါ
နယ်စပ်စခန်းတစ်ခုခုမှ လည်းကောင်း ပြန်လည် ထွက်ခွာသွားလာခွင့်
ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
Related Posts
- Aung Kyaw Soe15 Sep 2017ရန်ကုန်မြို့လယ်က ရတနာဆိုင် လုယက်ခံရ
ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် Diamond 54 ရတနာဆိုင်တွင် ယနေ့ ...
- Aung Kyaw Soe15 Sep 2017မူးယစ်ဆေးဝါး ဝင်ဖမ်းသည့်ရဲ ဓားဖြင့် ဝိုင်းခုတ်ခံရ
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂...
- Aung Kyaw Soe15 Sep 2017ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဖွဲ့တခုသည် လာမည့် အပတ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသသို့ ကွင်းဆင်း လေ့လာမှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ အားလုံး စက်တင်ဘာလ ၃၀...
- Aung Kyaw Soe15 Sep 2017ကိုဖီအာနန် ကော်မရှင် အကောင်အထည်ဖော်ရေးအဖွဲ့ ရခိုင်မြောက်ပိုင်းသို့ ကွင်းဆင်းမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်...
- Aung Kyaw Soe15 Sep 2017ဂျပန်ကျွန်းကို မြှုပ်ပစ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြာကျအောင် လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်ပြန်
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင...
- Aung Kyaw Soe15 Sep 2017မိမိနေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အမျိုးသားကို ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိ...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။