Ads (728x90)

Photo: Thurein Hlaing Win

ဦးလှဆွေတစ်ယောက်တည်းမဟုတ်ဘူးပဲ။ ကွန်မင့်တွေဖတ်ကြည့်မှ ဘင်္ဂါလီတွေကို လွှတ်တော်ထဲခေါ်သွင်းချင်တဲ့လူတစ်စု ရှိသေးတာကို အခုမှသေသေချာချာသိရတော့တယ်။ တို့နိုင်ငံမှာလည်း နိုင်ငံလိုက်အပ်ချင်နေတဲ့ လစ်ဘရယ်တွေတယ်များပါလားနော်။

https://www.facebook.com/uhla.swe.9/posts/1411814852366904#    _________________________________Thurein Hlaing Win
16 hours ago
ဘင်္ဂါလီလော်ဘီဆိုရင် ဘယ်လို Allergy ဖြစ်မှန်းကိုမသိဘူး။ ပိုက်ဆံတစ်ပြားတစ်ချပ်မှမရဘဲ ကိုယ့်ဟာကိုယ်အေးအေးဆေးဆေးမနေနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့သတိထားစရာတစ်ခုရှိလာတာတော့သေချာတယ်ဗျ။ အရင်တုန်းက ဘင်္ဂါလီကို နိုင်ငံသားဖြစ်ခွင့်လောက်သာ သက်သက်လော်ဘီလုပ်ကြတာကနေ အခု ဘင်္ဂါလီကို လွှတ်တော်ထဲထိခေါ်သွင်းချင်တဲ့ အရိပ်အယောင်တွေပါပိုများလာပြီ။ သိပ်တော့ အလားအလာမကောင်းဘူးဗျာ။ ကြာလေကြာလေ ပိုဆိုးလာနေသလိုပဲ။_______________________________________________________Thurein Hlaing Win

(နည်းနည်းတော့မောတယ်။ ဘင်္ဂါလီခိုးဝင်မရှိပါဘူး မျက်စိမှိတ်ငြင်းနေတာတော့ ကသိကအောက်အဖြစ်ဆုံးပဲ)

ရန်နိုင်ဘုန်း သာ - အကုန်လုံးကို နိုင်ငံသားပေးရမယ်လို့ ဆိုလိုမထားပါဘူး။ ။ ဘယ်လိုလူမျိုးတွေ ဘယ်လိုကဒ်ရမယ် ဘယ်လိုမှ နိုင်ငံသားဖြစ်မယ်ဆိုတာ စာထဲမှာလဲ ပါထားပီးသားဘဲ။ ဒီဥပဒေပြင်လိုက်တာနဲ့ ရခိုင်ပဋိပက္ခက ဖြေရှင်းလို့ပီးသွားမှာလဲ မဟုတ်ဘူး။ အခန့်မသင့်ရင် ပိုတောင်ဆိုးလာနိုင်ပါသေးတယ်။ နောက်ပီး တစ်ချို့ဆိုရင် မြန်မာစကားတောင် မပီဘူးလို့ပြောနေတာတွေ့တယ်။ မြန်မာစကားမပီပဲနဲ့ ဘယ်လိုလုပ်ပီး နိုင်ငံရေးလုပ်မလဲ။ နဲနဲလေးလဲစဉ်းစားပါအုံး ဘာကိုပြောချင်တာလဲ။ ပြည်သူမှာလဲ အသိနဲ့ပါ။ သူတို့အတွက် ကောင်းတာတကယ်လုပ်ပေးနိုင်တဲ့လူဆိုရင် မဲပေးခွင့်ရှိတာပဲ။ ကြားဖြတ်ရွေးကောက်ပွဲကိုပဲကြည့်ပါ။ အမေစုတို့သည် တိုင်းပြည်အတွက် ကောင်းတာလုပ်နိုင်မယ်လို့ယုံကြည်လို့ အာလုံးမဲပေးခဲ့ကြတာပဲ။ တိုင်းရင်းသားတွေဘက်က မကာကွယ်ပေးချင်ဘူးဆိုတာနဲ့တော့ မဆိုင်ပါဘူး။ အားလုံးဟာ မြန်မာပြည်မှာ နေထိုင်နေကြသူတွေချည်းပါပဲ။ အဓိကကတော့ ဒီအချိန်မှာ ဒီဥပဒေကို ကောက်ပြင်လိုက်တာဟာ ဘယ်လိုမှမဖြစ်သင့်တာမျိုးပါ။ အဆိုတင်တဲ့လူကိုလဲ တော်တော်လေးအံ့သြမိပါတယ်။ အမြင်ကျယ်ကျယ်ရှိကြပါ။

Thurein Hlaing Win - အကုန်လုံးကို နိုင်ငံသားပေးရမယ်လို့ မဆိုထားဘူး ဘယ်လိုလူမျိုးတွေက ဘယ်လိုကတ်ရမယ်ဆိုတာကိုပဲပြောတယ်လို့ဆိုရင် သေချာပြန်ဖြေကြည့်ပါဦး။ အန်ကယ်ဦးလှဆွေပြောထားတဲ့ထဲမှာတော့ ၀ှိုက်ကတ်ဟာ ဂရင်းကတ်ရဲ့အခြေခံလို့ပြောခဲ့တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီမှန်သမျှ ၀ှိုက်ကတ်မကိုင်ထားတဲ့သူဆိုတာမရှိသလောက်ပဲမဟုတ်ဘူးလား။ ဒါဆို ၀ှိုက်ကတ်ဟာ ဂရင်းကတ်ရဲ့အခြေခံဖြစ်ပါတယ်လို့ သုံးသွားတဲ့ အန်ကယ်ဦးလှဆွေစကားက ဘာကိုရည်ညွှန်းပါသလဲ။ ဒီဥပဒေပြင်လိုက်တာနဲ့ ရခိုင်ပဋိပက္ခဖြေရှင်းပြီးသွားမလားဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် ဒီဥပဒေကို ပြုပြင်လိုက်ရင် နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီတွေလွှတ်တော်ထဲကို ၀င်ရောက်လာနိုင်မယ့်အရေးကိုတော့ တားဆီးပြီးဖြစ်သွားလိမ့်မယ်။ မြန်မာစကားမပီရင် ဘယ်လိုနိုင်ငံရေးလုပ်မလဲ။ သိပ်ဟုတ်တာပေါ့။ ဆိုကြပါစို့ ဘူးသီးတောင်မှာ ဘင်္ဂါလီပါတီတစ်ခုထောင်မယ်။ ၀ှိုက်ကတ်ကိုင်ထားတဲ့ ဘင်္ဂါလီလူမျိုးတွေအကုန်လုံး မဲပေးပိုင်ခွင့်ရှိမယ်။ အိုကေ အဆုံးသတ်က ဘာဖြစ်သွားမလဲ။ လူဦးရေ ၉၅ ၅ ဖြစ်နေတဲ့နေရာမှာ ဘင်္ဂါလီအမတ်က ကျိန်းသေ လွှတ်တော်ထဲဝင်လာမှာ။ အခုရှိပြီးသား ဘင်္ဂါလီတွေတောင် တစ်ကျိတ်တည်းတစ်ဥာဏ်တည်းဘယ်လိုစကားသံတွေထွက်နေလဲ မမြင်မိတာပဲလား။ လွှတ်တော်ထဲ ဘင်္ဂါလီကိုယ်စားပြုအမတ်တွေရှိလာတာနဲ့ ဘင်္ဂါလီများတဲ့နေရာတွေအကုန်လုံး ဘင်္ဂါလီနယ်မဖြစ်သွားနိုင်ဘူးလို့ အာမခံနိုင်ကြလို့လား။ အားလုံးဟာ မြန်မာပြည်မှာ နေထိုင်တာချည်းပဲမှန်ပေမယ့် အားလုံးက မြန်မာလူမျိုးနိုင်ငံသားတွေရမယ့်အခွင့်အရေးရပါမယ်လို့တော့ အာမခံလို့မရဘူး။ ခင်ဗျားဟာ အိမ်ရှင်ဆိုရင် အိမ်ရှ်လိုဆက်ဆံခံရမှာပဲ။ ဧည့်သည်ဆိုရင်လည်း ဧည့်သည်လို ဆက်ဆံခံရမှာပဲ။ ဧည့်သည်က အိမ်ရှင်လိုဆက်ဆံခံချင်ရုံတင်မဟုတ်ဘဲ အိမ်ရှင်နေရာကိုပါလုလာနိုင်တဲ့အနေအထားကို Compromised မလုပ်ဖို့က အဓိကရည်ရွယ်ချက်ပဲ။ တိုင်းရင်းသားတွေကိုမကာကွယ်ပေးချင်တာနဲ့တော့ မဆိုင်ဘူးဆိုတာကိုလည်း ကျွန်တော်လက်မခံဘူး။ လူတစ်ယောက်ဟာ ဘက်နှစ်ဘက်ရှိတယ်။ တစ်ဘက်ကို အားပေးတာဆိုရင် ကျန်တစ်ဘက်ကို လျစ်လျူရှုတာပဲမဟုတ်ဘူးလား။ ရခိုင်တွေနဲ့ ဘင်္ဂါလီတွေအရေးဟာ အတူယှဉ်တွဲနေထိုင်လို့မရတာကျိန်းသေနေတဲ့အချိန်မှာ ဘင်္ဂါလီပါတီထောင်ဖို့ကို တားခွင့်မပေးတဲ့အခုကန့်ကွက်ချက်က ရခိုင်တွေကို အကာအကွယ်မပေးတာလို့ပဲကျွန်တော်တော့မြင်တယ်။

Min Naing Lynn - ကိုသူရိန်လှိုင်ဝင်းက အကြီးအကျယ်ပေါက်ကွဲနေတာပဲ။ ဦးလှဆွေရှင်းပြသွားတာမှာ ဘင်္ဂါလီလို့လည်းမပါသလို သူ့ချည်းလည်း မဟုတ်ပါ။ တရုတ်လည်း ပါပါတယ်။ အဲဒီကိစ္စကိုလည်း ဆွေးနွေးပေးပါဦး။ အဲဒီလူမျိုးစုတွေများတဲ့နေရာမှာ သူတို့ဒေသဖြစ်သွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်အမြင်တစ်ခုတည်းနဲ့တင် အမြင်ကျဉ်းမြောင်းသူတစ်ယောက်ဖြစ်တယ် ဆိုတာပေါ်လွင်နေပါတယ်။ သူတို့ဒေသဖြစ်မသွားအောင် အဓိကတာဝန်ရှိသူက ဗဟိုအစိုးရပါ။ လိုအပ်တဲ့ကဏ္ဍအသီးသီးမှာ ပညာပေးပါဝင်စေခြင်း(ဥပမာလွှတ်တော်ထဲဝင်ရောက်ဆွေးနွေးစေခြင်း)၊ အပြန်အလှန်နွေးထွေးမှုတည်ဆောက်ခြင်း၊ ဒေသမှာနေထိုင်တဲ့ မတူညီတဲ့လူမျိုးစုတွေအကြား သံသယပြေပျောက်စေဖို့ အခုထက်ပိုတဲ့ ပါဝင်ပတ်သက်မှုတွေလိုပါလိမ့်မယ်။ ကိုသူရိန်လှိုင်ဝင်း မသိတာလား၊ သိသိနဲ့လည်ဆယ်ပြောနေတာလားတော့ မသိပါ။ အဲဒီဒေသမှာရှိတဲ့ မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာပါတယ်ဆိုတဲ့ အစွန်းရောက်တွေရဲ့လိမ်လည်ဝါဒဖြန့်မှုကို လက်ကိုင်ထားတာ တွေ့ရတယ်။ အထောက်အထားရှိပါသလား။ သူတို့ဘက်မှာတော့ ရှေးယခင်ကတည်းကနေထိုင်လာခဲ့ကြောင်း၊ မနေ့တနေ့ကမှခိုးဝင်လာသူတွေမဟုတ်ကြောင်း အထောက်အထားတွေတပုံတပင်ပြလျက်ရှိတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ရိုးသားတဲ့တာဝန်ယူဖြေရှင်းမှုပြနိုင်ပါ့မလား။ ဒေသတစ်ခု၊ နိုင်ငံတစ်ခုနိုင်ငံတစ်ခုတိုးတက်ဖို့အတွက် မှီတင်းနေထိုင်သူအားလုံးမှာတူညီတဲ့ တာဝန်ယူမှုနဲ့ အခွင့်အရေးရှိတယ် ဆိုတဲ့အခြေခံအချက်လောက်ကိုတောင် နားလည်လက်ခံနိုင်ခြင်းမရှိတဲ့ ခင်ဗျားကိုနှစ်သိမ့်စေနိုင်မယ့် တရားစကားကတော့ ရှိလိမ့်မှာမဟုတ်ဘူး။ စိတ်ကိုလျှော့ပါ။ အစွန်းရောက်တဲ့ ဘယ်လိုအတွေးအယူမျိုးမဆို အရင်ဆုံးကိုယ့်ကိုထိခိုက်စေပါတယ်။

Thurein Hlaing Win - ကျွန်တော်အကြီးအကျယ်ပေါက်ကွဲနေတယ်လို့ ကိုမင်းနိုင်လင်းက ဘယ်အချက်ကိုကြည့်ပြီးပြောတာလဲဗျ။ ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ အရင်တည်းက သဘောတစ်ခုတည်းပဲရှိခဲ့တယ်။ ဘယ်တုန်းကမှ မပြောင်းလဲဘူး။ အခုလည်း အဲဒီရပ်တည်ချက်အတိုင်းပဲ ၀င်ဝေဖန်ခဲ့တာ။ ပေါက်ကွဲစရာအကြောင်းလည်းမရှိပါဘူး။ ပထမဆုံးအချက်က စပြောရရင် ဦးလှဆွေပြောသွားတဲ့အချက်ထဲမှာ ဘယ်သူတွေကိုပဲရည်ညွှန်းလဲဆိုတာကို သိသာစေတဲ့အကြောင်းရင်းတွေအများကြီးပါနေတယ်ဆိုတာကိုရော ကိုမင်းနိုင်လင်းမသိတာလား။ ဒါမှမဟုတ် သိသိနဲ့ လည်ဆယ်ပြောနေတာလားဗျ။ အကြောင်းအရာတစ်ခုလုံးမှာ ဘင်္ဂါလားအကြောင်းကိုပဲ ပြောလာခဲ့ပြီး တရုတ်ဘင်္ဂလားဆိုတဲ့စကားလေးတစ်ခွန်းတည်းနဲ့တော့ တရုတ်လူမျိုးတွေကိုလည်း ပြောပါတယ်ဆိုတဲ့အဓိပ္ပါယ်မသက်ရောက်စေဘူးဗျာ။ ခင်ဗျားနောက်တစ်ခုကွဲပြားပုံမရတဲ့အချက်က ခိုးဝင်ဘင်္ဂါလီနဲ့ နိုင်ငံသားဖြစ်ပြီးသား မွတ်ဆလင်နဲ့ကိုကွဲပြားပုံမရဘူး။ မွတ်ဆလင်ဆိုတဲ့ဘာသာတူရုံနဲ့ ခိုးဝင်ဘင်္ဂါလီနဲ့ ပြည်တွင်းက နဂိုရှိပြီးသားမွတ်ဆလင်နဲ့ တူတာမှမဟုတ်တာ။ ဒေသတွင်းမှာ မွတ်ဆလင်တွေရှိချင်ရှိမယ်။ ဒါပေမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ရှိပြီးသားဘင်္ဂါလီအရေအတွက်ထက် အဆပေါင်းများစွာတိုးပွားလာတာဟာ ခိုးဝင်လာတာမဟုတ်ဘူးလို့ ခင်ဗျားဘာအထောက်အထားနဲ့ပြောရဲသလဲ။ အဲဒီဒေသမှာမွတ်ဆလင်တွေရှိတယ်ဆိုတာကိုမငြင်းဘူး။ နေထိုင်ခဲ့တာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် အခုရှိနေတဲ့ဘင်္ဂါလီတွေအကုန်လုံးက ရိုဟင်ဂျာဆိုတဲ့နာမည်နဲ့ အဲဒီနေရာမှာ ပေါက်ဖွားခဲ့ကြသူတွေမဟုတ်ဘူး။ ခင်ဗျား သက်သေပြမယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း ဘင်္ဂါလီဆိုတာပဲရှိတယ်၊ ခိုးဝင်လာတယ်ဆိုတဲ့အချက်ကို သက်သေပြစရာတွေများကြီးရှိတယ်။ သမိုင်းအချက်အလက်တွေနဲ့ သူတို့ခိုးဝင်ပါတယ်ဆိုတာကို သက်သေပြနိုင်တဲ့အချက်တွေအများကြီးရှိတယ်။ ခင်ဗျားကိုလည်း ကျွန်တော်ပြန်မေးရရင် ဒီဘင်္ဂါလီခိုးဝင်ကိစ္စရှိပါတယ်ဆိုတဲ့သိသာလွန်းတဲ့အချက်ကို ဘာအကြောင်းကြောင့် အကာအကွယ်ပေးချင်နေတာလဲ။ နိုင်ငံတစ်ခုတည်ထောင်ဖို့အတွက် မှီတင်းနေထိုင်တဲ့သူတွေအကုန်လုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အချက်ကို လက်မခံစရာမရှိပါဘူး။ ဒါပေမယ့် ဒီဘင်္ဂါလီလူမျိုးနဲ့ မြန်မာတိုင်းရင်းသားတွေနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း အတူနေထိုင်ဖို့ဆိုတာတော့ ခင်ဗျားက လေထဲတိုက်အိမ်ဆောက်နေတာပဲ။ ရခိုင်တွေရဲ့ခံစားချက်ကိုမခံစားဘဲနဲ့တော့ ဒီလူတွေနဲ့ ရခိုင်တွေအတူနေလို့ရပါတယ်ဆိုပြီး လက်လွတ်စပယ်မပြောနဲ့ပေါ့ဗျာ။ သူတို့လုပ်ရပ်တွေ ရည်ရွယ်ချက်တွေနဲ့ အေးအေးချမ်းချမ်းအတူတကွနေထိုင်ကြဖို့ဆိုတာကတော့ အိပ်မက်ထဲမှာသာဖြစ်နိုင်လိမ့်မယ်ထင်တယ်။ အစွန်းရောက်တဲ့အယူအဆဆိုတာတော့ ခင်ဗျားအကြီးအကျယ်လွဲနေပြီထင်တယ်။ ကျွန်တော့်ဘက်မှာက မဖြစ်နိုင်တဲ့အတူတကွအေးချမ်းစွာနေထိုင်ရေးဆိုတဲ့အချက်ကြီးနဲ့ ရခိုင်ပြည်နယ်အတွက် ဘင်္ဂါလီတွေ လွှတ်တော်ထဲ ရောက်လာနိုင်ဖို့မဖြစ်ဘူးဆိုတဲ့ အချက်ပဲရှိတယ်။ ကျွန်တော့်အမြင်ကို အသေအချာ ရှင်းပြနေတာကိုမှ အစွန်းရောက်တဲ့အယူအဆလို့ ပြောတယ်ဆိုရင်တော့ မတတ်နိုင်ပေဘူး။

Min Naing Lynn - ကိုသူရိန်လှိုင်ဝင်းသိချင်ရင်ကျနော်ပြောပြမယ်။ ၀င်လာတဲ့ဘင်္ဂလီရှိတာပေါ့ဗျာ။ ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲဝင်ကာနီးကျမှပေါ်လို့ ၀င်အရွေးမခံလိုက်ရတဲ့ဗိုလ်မှူးကျော်မောင် (နှစ်များစွာပြည်နယ်ကောင်စီဥက္ကဌဖြစ်နေခဲ့သည်) တို့လိုမျိုးပေါ့။ စစ်တွေမှာလည်း အနောက်သားတွေနေတဲ့နေရာကို အနောက်သားရွာလို့ခေါ်ကြတယ်။ မွတ်စလင်တွေတော့မဟုတ်ဘူး။ မွတ်စလင်တွေနဲ့ပတ်သက်လို့တော့ ၀င်ဘက်က၀င်တာလား၊ ဒီဘက်မှာမနေနိုင်လို့ထွက်ပြေးရတာလား သိပ်အများကြီးကြည့်စရာမလိုပါဘူး။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဒီဘက်ကထွက်ပြေးသွားသူတွေကိုထားတဲ့ ဒုက္ခသည်စခန်းရှိတယ်။ မြန်မာအစိုးရအနေနဲ့ပြန်လက်ခံဖို့ ဟိုဘက်အစိုးရကအစဉ်တောင်းဆိုနေခဲ့တယ်လို့ သိရတယ်။ နောက်ပြီးကိုသူရိန်လှိုင်ဝင်းက အွန်လိုင်းမှာရော အပြင်မှာပါအစွန်းရောက်တွေဖြန့်တဲ့ မွတ်စလင်တွေခိုးဝင်လာတယ်ဆိုတဲ့ ၀ါဒဖြန့်ချက်ကို ဘုရားဟောတရားအလားအသေကိုင်စွဲထားတာပဲ။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဌဦးစစ်မြိုင်ရဲ့လေ့လာသုံးသပ်ချက်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၀န်ကြီးရဲ့ လေ့လာတွေ့ရှိချက်၊ သမ္မတကြီးရဲ့ပြောကြားချက်တွေအရ အဲဒီခိုးဝင်လာတာပါဆိုတဲ့လှိမ့်လုံးက အသုံးမ၀င်တော့ပါဘူးဗျာ။ ခိုးဝင်လာသူရှိရင်သူ့ဥပဒေနဲ့သူအရေးယူယုံပဲ။ ဟိုဘက်ကမ်းက ၀င်ရောက်လာတာတွေအတွက်တော့ ကိုသူရိန်လှိုင်ဝင်းရှင်းလောက်ပြီထင်ပါတယ်။ (ခင်ဗျားပြောတဲ့ ခိုးဝင်လာကြောင်းသိသာတဲ့အထောက်အထားဆိုတာကတော့ ကျနော်အရမ်းသိချင်မိပြီ)။ ဒေသတွင်းခရီးသွားလာခွင့်ပိတ်ပင်ထားတာကို မနာခံနိုင်ပဲသွားလာကြရင်း မြန်မာပြည်တချို့မြို့တွေမှာ ဖမ်းဆီးမိတာကိုတော့ ခိုးဝင်လာတယ်လို့ပြောဦးမှာလား။ ရခိုင်ပြည်နယ်ထဲကနေ ဒီဘက်ပြည်မဘက်ကိုခိုးဝင်လာတယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ လူဦးရေကဘူးသီးတောင်မောင်တောဘက်မှာ ကိုလိုနီခေတ်ကထက်များနေရခြင်းအကြောင်းအများကြီးရှိတယ်။ မြေပုံ၊ မြောက်ဦး စတဲ့မွတ်စလင်လူနည်းစုပဲရှိတဲ့ဒေသတွေမှာနေလို့မရတော့လို့ မွတ်စလင်များပြားရာမေယုဘက်ကို ရွှေ့ပြောင်းနေထိုင်ကြတာရယ်၊ ဘယ်ကိုမှခရီးသွားခွင့်ပြောင်းရွှေ့ခွင့်မရှိလို့ အဲဒီမှာစုပြုံနေတာရယ်၊ နောက်ပြီးဆင်ရဲမှု၊ ပညာရေးအားနည်းမှုကြောင့် သန္ဓေတားခြင်းကိုအားမသန်ကြတာကြောင့် ကလေးမွေးဖွားနှုံးလည်းထိုက်သင့်သလောက်များလိမ့်မယ်။ အဲဒီပြဿနာကတော့နှစ်ဘက်စလုံးမှာရှိတယ်။ ဘာပဲပြောပြော ခင်ဗျားကငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကို လက်မခံနိုင်ဘူးလို့ပေါ်ပေါ်တင်တင် ပြောထားတော့ အဲဒီလို နာဇီအတွေးသမားအတွက် ကျနော့ပြန်ကြားစရာကဒါအကုန်ပါပဲ။

Thurein Hlaing Win - ကိုမင်းနိုင်လင်း။ ခင်ဗျားက ခင်ဗျားယုံကြည်တာမှအမှန်တစ်ဖက်ပိတ်ပြောတတ်သလို ခင်ဗျားယုံကြည်သလို မလက်ခံတဲ့အခြားသူကိုလည်း နစ်နစ်နာနာစွပ်စွဲလိုက်ဖို့ ၀န်လေးတတ်တဲ့သူတစ်ယောက်မဟုတ်ဘူးပဲဗျ။ ဘင်္ဂါလီတွေခိုးဝင်လာတယ်ဆိုတဲ့အချက်ကို အထောက်အထားမဲ့ဆုပ်ကိုင်ထားသတဲ့လား။ ခင်ဗျား သိပ်မျက်စိပိတ်နေပြီနဲ့တူတယ်ဗျ။ ၁၉၄၈နောက်ပိုင်းမှာ တိုင်းပြည်တစ်ခုလုံးကို ဗဟိုအစိုးရရဲ့ထိန်းချုပ်မှုလျော့နည်းနေချိန်မှာ တရားမ၀င်ခိုးဝင်လာသူတွေကို စိစစ်ဖို့ အခွင့်မရခဲ့ဘူးလို့ဆိုတယ်။ အဲဒီအတွက် မောင်းတောနဲ့ ဘူးသီးတောင်နေရာတွေမှာ လူဦးရေ သိပ်သည်းဆ ဆယ်ဆကျော်ကွာနေတဲ့ ဘင်္ဂလားဒေ့ရှ်က ၀င်ရောက်မှုကြောင့်ဘင်္ဂါလီဦးရေ အဆမတန်ဖောင်းပွလာပြီး ရခိုင်တွေထက်လူဦးရေများလာတယ်။ အဲဒီအခြေအနေတွေကိုထိန်းသိမ်းဖို့ ၁၉၇၈ မှာ ပြည်ထဲရေးနဲ့ သာသနာရေးပေါင်းပြီး တရားမ၀င်နေထိုင်နေသူတွေကို ဖယ်ရှားဖို့ နဂါးမင်းစစ်ဆင်ရေးလုပ်တော့ တခြားနယ်တွေဘယ်နေရာမှာမှ ပြဿနာမတက်ဘဲ ရခိုင်ပြည်နယ်မှာပဲပြဿနာတက်တယ်။ ခိုးဝင်လာသူတွေကိုစိစစ်တော့ ရခိုင်မှာ အများကြီးဖြစ်နေတယ်။ အဲဒီအတွက် နှင်ထုတ်တာတွေလည်းလုပ်ရော လုယက်ဆူပူမှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်အပါအ၀င် ရိုဟင်ဂျာနာမည်တစ်တွင်တွင်ခေါ်ပြီး ဖိအားပေးတဲ့နိုင်ငံတွေကပါရှိလာတဲ့အတွက် နဂါးမင်းကိုရပ်လိုက်တယ်။ ဒီလူတွေဟာ ခိုးဝင်တွေမဟုတ်ရင် ဘာ့ကြောင့် နဂါးမင်းစီမံချက်ကစိစစ်တဲ့အချိန်မှာ လက်မခံနိုင်တာလဲ။ ဒါပေမယ့် ရပ်လိုက်ရုံတင်မကဘဲ ရွှေဟင်္သာနဲ့ပါပြန်လက်ခံရတယ်။ နှင်တုန်းက ထွက်ပြေးတာက ၁၅၀၀၀၀ ပြန်ဝင်တော့ ၁၈၀၀၀၀။ ဒါလား ခင်ဗျားမျက်စိတ်မှိတ်ပြောနေတဲ့ ခိုးဝင်ဘင်္ဂါလီမရှိပါဘူးဆိုတာ။ နောက်တစ်ခုက ဒေသတွင်းသွားလာခွင့ကို မနာခံဘဲသွားလာနေတာကို ခိုးဝင်လို့ပြောဦးမလားဆိုတော့ ပြောဦးမှာပဲဗျ။ မြန်မာစကားတစ်လုံးတစ်လေတောင်မတတ်ဘူးဗျာ။ မြန်မာ့ဓလေ့ထုံးစံတစ်ခုမှမသိဘူးဗျာ။ မြန်မာတိုင်းရင်းသားနဲ့ဘယ်နေရာမှာမှမတူဘူးဗျာ။ အဲဒါကို ခိုးဝင်လို့မပြောလို့ ဘယ်လိုပြောရမလဲ။ ခင်ဗျား ဘာကိုကာကွယ်နေတာလဲဆိုတာ ကျွန်တော်တကယ်မရှင်းဘူး။ ကျွန်တော်ပဲမျက်စိပိတ်နေတာလား ဘင်္ဂါလီ ခိုးဝင်မရှိပါဘူးလို့ မျက်စိမှိတ်ပြောရဲတဲ့ခင်ဗျားပဲ မျက်စိပိတ်နေတာလားဆိုတာကတော့ ကိုယ့်ဘာသာသိကြမှာပါ။ နောက်တစ်ခုက ကျွန်တော်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတာကို လေထဲတိုက်အိမ်ဆောက်နေတာပါဆိုပြီး လက်မခံလို့ ခင်ဗျားက နာဇီလို့စွပ်စွဲတယ်နော်။ ဘင်္ဂါလီနဲ့ရခိုင်လူမျိုးတွေရဲ့ ဆက်ဆံခဲ့တဲ့သမိုင်းကိုအသေအချာခင်ဗျားကြည့်ပြီးပြီလား။ နှစ်ဦးနှစ်ဘက် ယှဉ်တွဲနေထိုင်နိုင်ဖို့ဆိုတာက နှစ်ဘက်စလုံးက စေတနာမှန်ဖို့လိုတယ်ဗျ။ ဆယ်စုနှစ်နှစ်ခု သုံးခုအတွင်းဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအကုန်လုံးမှာဆိုရင် ဘင်္ဂါလီတွေဘက် အရင်စလို့ ဖြစ်ရတဲ့ပြဿနာတွေချည်းပဲ။ ၁၉၈၈မှာ မောင်းတောမြို့ကို ဘင်္ဂါလီအင်အား ၅၀၀၀၀ ကျော်နဲ့သိမ်းဖို့လုပ်တယ်၊ ၁၉၈၈မှာပဲ မောင်းတောက ဘုန်းတော်ကြီးကျောင်းတွေကို ဘင်္ဂါလီတွေမီးရှို့တယ်၊ ၁၉၉၈မှာ ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ဦးဆောင်တဲ့ အင်အား ၅၀၀၀ကျော်က မောင်းတောမြို့မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကို မီးရှို့တာတွေ၊ ဗုဒ္ဓဘာသာရပ်ကွက်တွေကို မီးရှို့ပြီး ရခိုင်လူမျိုးတွေကို သတ်ဖြတ်တာတွေလုပ်တယ်။ အခုချိန်ထိလည်း ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့၊ ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့တွေနဲ့ မတည်ငြိမ်အောင်လုပ်ဆောင်နေတုန်းပဲ။ ဒါလားဗျ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ဘင်္ဂါလီတွေရဲ့သဘောထား။ ခင်ဗျား ကျွန်တော့်ကိုနာဇီမခေါ်ခင် ခင်ဗျားရဲ့ ပိတ်နေတဲ့မျက်စိတွေကို အရင်ဖွင့်ဦးဗျ။__________________________________________________Thurein Hlaing Win
2 hours ago
ဦးလှဆွေပြောပုံလေးသင်းတယ်နော်။

"ဒီအဆိုကို ဘာလို့ကန့်ကွက်လဲဆိုတော့ ဒေါက်တာအေးမောင်က ဘာလို့တင်တာလဲ။ ဘင်္ဂါလီတွေက သူ့ကိုမဲထည့်မှာ မဟုတ်ဘူး။ ဒါက သေချာတယ်။ အဲဒီတော့ မဲမထည့်မယ့် ဘင်္ဂါလီတွေကို မဲထည့်ခွင့်မပေးတာ ပိုကောင်းတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ တင်တယ်လို့ ထင်တယ်။ ရခိုင်နဲ့ ဘင်္ဂါလီက ဘယ်တော့မှ တည့်မှာမဟုတ်ဘူး။ တစ်သက်လုံး မတည့်ဘူး။ တစ်သက်လုံး မတည့်မယ့် သူတွေကို သူကလုံးဝ မဲမထည့်တာ ကောင်းတယ်လို့ တင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ပါတယ်"

ဦးလှဆွေက သူတစ်ယောက်တည်းဂေါက်သီးကျနေရုံတင်မကဘူး သူ့လို ဂေါက်သီးမကျလို့ဆိုပြီး သူများတွေကိုတောင် ပုတ်ခတ်နေတာတော့ အတော်များသွားပြီ။ သူပြောတဲ့စကားအရဆိုရင်တော့ သူကတော့ ဘင်္ဂါလီမဲလိုချင်တယ်။ သူ့ကိုတော့ ဘင်္ဂါလီတွေက မဲထည့်မယ်ပေါ့။

သတင်းမီဒီယာဥပဒေကြမ်း ဆွေးနွေးတော့လည်း ကြံ့ဖွတ်အမတ်မင်းက သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာဆက်စပ်နေလို့ ဆိုရှယ်မီဒီယာက နိုင်ငံတော်လုံခြုံရေးကိုထိခိုက်စေပါတယ်လို့ ခပ်တည်တည်ကြီးပြောသွားတယ်ဗျာ။

လွှတ်တော်ထဲမှာ ဘယ်လိုအမတ်တွေရောက်နေလဲတော့မသိဘူး။ ဘင်္ဂါလီတွေကို ခေါ်ချင်နေတဲ့အမတ်ရယ်၊ ဆိုရှယ်မီဒီယာဆိုတာ နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေတယ်ဆိုတဲ့ ဥာဏ်ကြီးရှင်ရယ်တွေနဲ့တော့ နိုင်ငံတော်ကြီးအတွက် စိတ်ချရပြီ။

Stupidity has no boundary :P

Stupidity has no boundary 

Post a Comment

Blogger Disqus
  1. လှဆွေ က ရူးသလိုကြောင် သလို လူပ်စားနေတာ။ ၁၀တန်းတောင် စာ ခိုး ချပြီး အောင်လာတာ။ ဂန့်ဂေါ
    ခ..ယ.က လုပ်စား နေတာ အကြာကြီး။ခုမှ တတ်သလိုလုပ်နေတာ

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...