ကမ္ဘာပြားပြီ ဆိုတဲ့စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည် မပါလို့တွေးခဲ့တာ။ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တနေ့ တနေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေလိုက်တာ၊ လူချင်းလည်းမသိ။ နေရာဌာန အကွာအဝေးဆိုတာကို အင်တာနက်ကြီးက ချုံ့ချပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေသလိုလို။
ဟိုးတုန်းက သတင်းတွေဆိုတာ တီဗွီမှာလာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲပျောက်သွားပြီ။ သတင်းစာတွေ ဆိုရင်တော့ တထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ ပေါ်တယ်ကုလားဆီရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တချက်ခေါက်လိုက်တာနဲ့ ဘယ်နှစ် နှစ်စာလိုချင်သလဲ၊ အကုန်ရ။ အချိန်ဆိုတာကို ချုံ့ချပစ်လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ်ဖတ်ကြည့်လိုက်တော့ ဇတ်လမ်းတပုဒ်စာ ထွက်ပါရောလား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင်ဆိုတာ ဒိုမီနိုသီအိုရီလို တဆက်တစပ်တည်း ရှိနေတာကလား။
ကမ္ဘာကြီးပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူးသားပဲ။ အယ်လ်ဂိုး ရိုက်ပြထားတာ ကြည့်ရတော့မှပဲ နဲနဲတီးမိခေါက်မိတာ။ ကမ္ဘာမြေ အပူချိန်ဒီဂရီဟာ ၀.၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေပါသတဲ့။ အလွယ်စဉ်းစားနိုင်တာကတော့ အပူချိန်များလာတော့ ရေအပြန့်ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်လာတယ်။ ရေထုထည်များတော့ ပင်လယ်ရေမျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့မြင့်တက်နေပါ
ကမ္ဘာကြီးဘာကြောင့် ပူနွေး လာသလဲဆိုတော့ ကာဘွန်ဓါတ်ငွေ့ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဘွန်ဓါတ်ငွေ့ဘယ်ကထွက်လည်းဆိုေ
ဒီပြသနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကော ဆိုတဲ့ စာချုပ်ကြီးပေါ်လာပါရော။ စည်းကမ်းတွေသတ်မှတ်၊ ကာဘွန်တွေ လျှော့ထုတ်ကြမယ်ပေါ့။ နိုင်ငံစုံ စည်းဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံးထုတ်တဲ့ ၃ နိုင်ငံက လက်မှတ်မထိုးလို့။ နင်လျော့ရင် ငါလည်းလျော့မယ် နဲ့ အပြန်အလှန်လက်ညှိုးထိုးနေတာနဲ့ပ
အားတက်စရာလေးပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံက ကာဘွန်ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူ တယောက်ချင်းထုတ်တဲ့နှုန်းနဲ့သြာ
အဲဒီလို ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရင် ရေအောက်ရောက်သွားမယ်လို့ စာရင်းပြုစုခံရတဲ့ နိုင်ငံ ၈ နိုင်ငံရှိပါတယ်။ ( ၁) မော်လဒိုက်ကျွန်းစုများ (၂) ဘင်္ဂလားဒေ့ရှ် (၃) ဖိလစ်ပိုင် (၄) အီဂျစ် (၅) တူဗာလု(၆) ပေါ်ပူဝါနယူးဂီနီ (၇) ဘာဘေးဒိုး (၈) ကီရိဘာတီ တို့ပါတယ်။
ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ ဒုက္ခကို ပြက်ရယ်မပြုချင်ပေမယ့် သူ့ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းလေးတွေကိုတော့ အနီးကပ်နေရသူပီပီ သိထားဖို့လိုပါတယ်။
ပင်လယ်ရေတက်လာမှုကြောင့် တကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်းနေထိုင်ရပါလိမ့်မယ်တ
ဒါအပြင် ဒီလိုဒုက္ခရောက်တဲ့လူတွေကို လက်ခံဖို့ ဗြိတိန်နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့်သတဲ့။ ဥရောပနဲ့ အမေရိကန်ကလည်း ဒီသန်းနဲ့ချီတဲ့ ဘင်္ဂါလီတွေကို တာဝန်ယူသင့်တာတဲ့။ အော်တောင် ရယ်ချင်လာပြီ။ ဒါတွေက ၂၀၀၉ ခုနှစ်ကတည်းက တောင်းဆိုနေခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။
ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင်အရေးအခင်းပြသနာထဲကို ဘာလို့များ တကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ဂရုဏာတွေသက်ပြီး စုတ်တသတ်သတ်နဲ့ တက်တက်ကြွကြွကြီး ၀င်ရောက်ကူညီချင်နေသလဲဆိုတာကို ဆက်စပ်လို့ရလောက်ပါပြီ။
OIC ရယ်၊ BBC, VOA, RFA, Irrawaddy, DVB တို့အပြင် လက်သည်တရားခံတွေထဲမှာ ရေကြီးတာလည်းပါသကိုး။
သူ့လူသန်း၂၀ကို နဂိုကမှ ဘယ်ပို့ရမှန်းမသိရတဲ့အထဲနော်။ တရုတ်ကြီးလိုပဲ တအိမ်ထောင် ကလေးတယောက်အမိန့်ထုတ်လိုက် ပြီးရော။
နောက်ခံအကြောင်းတွေ အများကြီးရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီအရေးကို လူမျိုးစုနှစ်ခု မကျေမနပ်သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ်ကလေး လက်ခံဖို့မသင့်ပါဘူး။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလို့ အကျယ်ကြီးအော်နေပေမယ့်လည်း အနောက်ဖက်စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက်ခြင်းတိုက်တာ ထင်သာမြင်သာရှိလှပေမယ့်လည်း လူကိုလူခြင်းဖိသတ်နိုင်တဲ့အနေအထ
လတ်တလော သတင်းကောင်းကတော့ အာဆီယံအဖွဲ့ကရော၊ အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့်ဆိုတာကို ၀င်ရောက်စွက်ဖက်လို့မရပါဘူးလို့
အချုပ်ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာတမျိုးသားလုံးအရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။
By :
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။