Attitude မဂ္ဂဇင်းအတွက် ဆာအယ်လ်တန်ဂျွန်ကို ပြောကြားခဲ့ရာတွင် ၎င်းက ''ကျွန်တော်တကယ့်ကိုပဲ မကောင်းတဲ့နေရာမှာ ရှိနေတာပါ။ တော်တော်လေးကို မကောင်းတဲ့ စွန့်ပစ်ခံခဲ့ရပါတယ်။ အဲဒီလိုအရာတွေနဲ့ပတ်သက်လို့ သီချင်းရေးတာဟာ ကျွန်တော့်အတွက် ကုထုံးတစ်ခုလို ဖြစ်နေပေမယ့် ဒီတစ်ခေါက်နှစ်လလောက် သီချင်းမရေးနိုင်တော့ပါဘူး''ဟု ပြောကြားခဲ့သည်။
¤င်း၏ ကိုယ်ပိုင်ဘဝတွင် ပျော်ရွှင်မှုကိုရှာဖွေရန် ၂ဝ၁၅ ခုနှစ်တွင် ဂီတလောကမှ ခေတ္တအနားယူမည်ဟု ကြေညာခဲ့သည်။ သို့ သော် မကြာသေးမီ နှစ်များအတွင်း အောင်မြင်မှုရရှိလာသည့် အက်ရှီရန်က ၎င်းကို ဂီတလောကထဲ ပြန်လည်ရောက်ရှိလာစေရန် အင်အားပေးခဲ့ကြောင်း ရှင်းပြခဲ့သည်။ ၎င်းက ''ကျွန်တော့်ကိုယ်ကျွန်တော် တွန်းအားတစ်ရပ် ဖြစ်စေပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ သူ့ကိုကြည့်ရတာ တော်တော်လေး အံ့သြဖွယ်ရာ ကောင်းပါတယ်။ ကျွန်တော့်ကို အောင်မြင်မှုတွေ ဆာလောင်မွတ်သိပ်လာစေပါတယ်''ဟု ပြောကြား ခဲ့သည်။
Ref: contactmusic
သတင်းရင်းမြစ် - ပြန်လည်ကူးယူဖော်ပြသည့်နေရာ
1xbet korean【VIP】Look618.com, 1xbet korean
ReplyDelete2xbet korean,【WG98.vip】⚡, 1xbet korean,【VIP】⚡, 1xbet 1xbet app download korean,【WG98.vip】⚡, 1xbet korean,,【WG98.vip】⚡, 1xbet korean,