Advertiser
From : The Voice
ဆက်သွယ်ရေး
ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ အောင်မြင်ထားသည့် ပြည်ပဆက်သွယ်ရေး
ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်နေသော ဆက်သွယ်ရေး ဥပဒေကို သြဂုတ်လ ၂၇
ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက
အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ ဆက်သွယ်ရေး
ဥပဒေကို ပြည်ပကုမ္ပဏီနှစ်ခု အချိန်မီ လုပ်ငန်းစတင်နိုင်ရန် ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပြီး ဖြစ်၍ နိုင်ငံတော်သမ္မတထံ ပေးပို့ကာ ရက်ပိုင်းအတွင်း
အတည်ပြု ပြဋ္ဌာန်းဖွယ် ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးခိုင်မောင်ရည်က ပြောကြားသည်။ “သမ္မတကသာ သဘောထား မှတ်ချက် တစ်စုံတစ်ရာနဲ့
ပြန်ပို့လာမယ် ဆိုရင်တော့ ဒီလွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေကို
ပြဋ္ဌာန်းဖို့ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ထောက်ပြသည်။ တင်ဒါအောင်မြင်ထားသည့်
နော်ဝေကုမ္ပဏီ တယ်လီနောနှင့် ကာတာ ကုမ္ပဏီ အော်ရီဒူးတို့ ဝန်ဆောင်မှု
လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရေး ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် မဖြစ်မနေ
လိုအပ်လျက်ရှိပြီး ယင်းအတွက် လွှတ်တော်က အမြန်ဆုံး ဆောင်ရွက်ပေးထားကြောင်း
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။ ပြည်ထောင်စု
လွှတ်တော်က အတည်ပြု ပေးပို့သည့် ဆက်သွယ်ရေး ဥပဒေကို နိုင်ငံတော်သမ္မတ
လက်မှတ်ရေးထိုး ပြဋ္ဌာန်းပြီးပါက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ
ဝန်ကြီးဌာနသည် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေတစ်ရပ် ရေးဆွဲရမည်ဖြစ်ပြီး
လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရန်
မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် တစ်ရပ်ကိုလည်း အမြန်ဆုံး ဖွဲ့စည်းရမည်
ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း
မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့်
ရွေးချယ်ခွင့်ပြုထားသော ပြည်ပကုမ္ပဏီ နှစ်ခုသည် ၎င်းတို့၏ ဝန်ဆောင်မှု
လုပ်ငန်းများကို လာမည့် ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း သိရှိရသည်။
Related Posts
- Aung Kyaw Soe15 Sep 2017ရန်ကုန်မြို့လယ်က ရတနာဆိုင် လုယက်ခံရ
ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် Diamond 54 ရတနာဆိုင်တွင် ယနေ့ ...
- Aung Kyaw Soe15 Sep 2017မူးယစ်ဆေးဝါး ဝင်ဖမ်းသည့်ရဲ ဓားဖြင့် ဝိုင်းခုတ်ခံရ
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂...
- Aung Kyaw Soe15 Sep 2017ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဖွဲ့တခုသည် လာမည့် အပတ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသသို့ ကွင်းဆင်း လေ့လာမှုများ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ အားလုံး စက်တင်ဘာလ ၃၀...
- Aung Kyaw Soe15 Sep 2017ကိုဖီအာနန် ကော်မရှင် အကောင်အထည်ဖော်ရေးအဖွဲ့ ရခိုင်မြောက်ပိုင်းသို့ ကွင်းဆင်းမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်...
- Aung Kyaw Soe15 Sep 2017ဂျပန်ကျွန်းကို မြှုပ်ပစ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြာကျအောင် လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်ပြန်
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင...
- Aung Kyaw Soe15 Sep 2017မိမိနေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အမျိုးသားကို ဖမ်းမိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိ...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။